နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘရန့်ဖို့ဒ်ကို ရှုံးနိမ့်တာက အဆိုးရွားဆုံး ရလဒ်တွေထဲက တစ်ခု ဖြစ်ကြောင်း ဝန်ခံခဲ့တဲ့ ဆလော့တ် | ပရီးမီးယားလိဂ်

လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ်က ဘရန့်ဖို့ဒ်ကို ၂-၃ နဲ့ ရှုံးနိမ့်ခဲ့တာဟာ အဆိုးရွားဆုံး ရလဒ်တွေထဲက တစ်ခု ဖြစ်ကြောင်း ဝန်ခံသွားခဲ့ပါတယ်။ လစ်ဗာပူးလ်ဟာ ပရီးမီးယားလိဂ် ၄ ပွဲဆက် အရှုံးနဲ့ ရင်ဆိုင်ရပြီးနောက် အမှတ်ပေးဇယား မှာလည်း အဆင့် ၆ နေရာကို ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ လစ်ဗာပူးလ် အတွက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက အဆိုးရွားဆုံး ပြည်တွင်း ရှုံးပွဲဆက်မှု ဖြစ်ခဲ့ကာ အသင်းရဲ့ ပရီးမီးယားလိဂ် သမိုင်းမှာလည်း ယခင်က ရှုံးပွဲဆက်မှု အများဆုံး ၄ ပွဲနဲ့ မှတ်တမ်း တူညီသွားခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့ချိန်က တစ်ရာသီလုံး ရရှိခဲ့တဲ့ ရှုံးပွဲ အရေအတွက် နဲ့လည်း တူညီသွားခဲ့ပါတယ်။ ဒါ့အပြင် အသင်းရဲ့ ပြိုင်ပွဲ သမိုင်းတလျှောက်မှာ ပထမဦးဆုံး အကြိမ် အဖြစ်လည်း လန်ဒန် အခြေစိုက် ကလပ်တွေကို ၅ ပွဲဆက် ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် လစ်ဗာပူးလ်ဟာ ဘရန့်ဖို့ဒ်ကို ရှုံးပြီးနောက် အဓိက ပြိုင်ဘက် တချို့ ပွဲမကစားရသေးခင်မှာပဲ အဆင့် ၆ နေရာကို ရောက်ရှိသွားခဲ့ပြီး အဆင့် ၁ နေရာက အာဆင်နယ်ထက် တစ်ပွဲ ပိုကစားပြီး ၄ မှတ်လျော့ အနေအထားထိ ဖြစ်သွားခဲ့ပါတယ်။ ဒါ့အပြင် လစ်ဗာပူးလ်က ဒီရာသီမှာ အဖွင့်မလှခဲ့တဲ့ မန်ချက်စတာယူနိုက်တက် ထက်တောင် ရမှတ် လျော့နည်းနေပြီ ဖြစ်သလို ကျော်တက်ခြင်းလည်း ခံလိုက်ရပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့ချိန်က တစ်ရာသီလုံး ရရှိခဲ့တဲ့ ရှုံးပွဲ အရေအတွက် နဲ့လည်း တူညီသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာ အဆင့် ၆ နေရာအထိ ရောက်ရှိသွားခဲ့တဲ့ လစ်ဗာပူးလ်

ဒါကြောင့် နည်းပြ ဖြစ်သူ အာနေး ဆလော့တ်က ဘရန့်ဖို့ဒ်ကို ရှုံးနိမ့်အပြီးမှာ အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ ဆလော့တ်က “စိုးရိမ်စရာ အကောင်းဆုံးက ၄ ကြိမ်ဆက် အရေးနိမ့်နေတာပါပဲ။ ဒါကြောင့် ရလဒ် အပေါ် အမြဲတမ်း အာရုံစိုက်ထားပါတယ်။ ပြီးရင်တော့ အသင်းရဲ့ စွမ်းဆောင်ရည်ကို အကဲဖြတ်ရပါမယ်။ ဒီနေ့မှာ ကျွန်တော့်ရဲ့ အယူအဆအရတော့ ကျွန်တော်တို့ ၄ ပွဲဆက် ရှုံးခဲ့တာက အဆိုးရွားဆုံးပါပဲ။ အခြေခံလုပ်ရမယ့်အရာတွေ မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ ကျွန်တော် ယူဆပါတယ်။ အထူးသဖြင့် ပထမပိုင်းနဲ့ ဒုတိယပိုင်း အစိတ်အပိုင်းတချို့ပေါ့။ သူတို့ရဲ့ duelsနဲ့ second balls တွေမှာ အသာရခဲ့ပါတယ်။” လို့ အာနေး ဆလော့တ်က ပြောကြားခဲ့ပါတယ်။

လစ်ဗာပူးလ်ဟာ ခရစ္စတယ်ပဲလေ့စ်၊ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်နဲ့ ဘရန့်ဖို့ဒ် တို့ကို ၄ ပွဲဆက် ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါတောင် လစ်ဗာပူးလ်က ကြားရက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ဖရန့်ဖတ်ကို အနိုင်ရထားလို့သာ ပြိုင်ပွဲစုံမှာ ပွဲဆက် မရှုံးထားခဲ့တာလည်း ဖြစ်ပါတယ်။

လစ်ဗာပူးလ်ဟာ ဒီနွေမှာ အဓိက ပြိုင်ဘက်တွေထက် ပိုပြီး ငွေသုံးထားခဲ့ပြီး အကြီးစား ပြင်ဆင်မှုတွေ ပြုလုပ်ထားပါတယ်။ ကစားသမား နှစ်ဦး အတွက်တင် ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေး သုံးခဲ့သလို တကယ့်ကို ဒိတ်ဒိတ်ကြဲ ကစားသမားတွေကို ခေါ်ယူထားတာပါ။ ဒါပေမယ့်လည်း ဒီကစားသမားတွေက လက်ရှိအချိန်ထိ လစ်ဗာပူးလ်မှာ Online ဖြစ်မလာသေးပါဘူး။ အသင်းမှာ ရှိနေတဲ့ စီနီယာ ကစားသမားတွေ ကလည်း အသက်အရွယ် ရလာတာကြောင့် ခြေစွမ်းကျဆင်းလာလို့ အမှားတွေလည်း များနေပါတယ်။ ဒီတော့ ဆလော့တ် အနေနဲ့ လစ်ဗာပူးလ် လက်ရှိ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ လိုအပ်နေပါပြီ။ လစ်ဗာပူးလ်ရဲ့ လာမယ့် ပွဲစဉ်တွေကို ကြည့်မယ် ဆိုရင်တော့ ပရီးမီးယားလိဂ် မှာ ပဲလေ့စ်၊ အက်စတွန်ဗီလာ၊ မန်ချက်စတာစီးတီးနဲ့ နော့တင်ဟမ်ဖောရက်စ် တို့ကို ဆက်တိုက် ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်