အခုတစ်ခါမှာတော့ စက်တင်ဘာ ၁၄ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
မိုဟာမက် ဆာလာ ကတော့ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ၂၀၂၇ ခုနှစ် နွေရာသီ မတိုင်ခင် ဆော်ဒီပရိုလိဂ်ဆီ ပြောင်းရွှေ့ဖွယ် ရှိနေကြောင်း သိရပါတယ်။ လက်ရှိမှာတော့ အီဂျစ် တိုက်စစ်မှူးက လစ်ဗာပူးလ်မှာ ပျော်ရွှင်နေပြီး ဆုဖလား အောင်မြင်မှုတွေ အတွက် တိုက်ပွဲဝင်ဖို့ ရှိနေကြောင်း ပြောကြားထားခဲ့ပါတယ်။
ဆက်စပ် သတင်းတွေအရ လစ်ဗာပူးလ်ဟာ ဆာလာ နေရာမှာ အစားထိုးဖို့ ဘေယန်မြူးနစ်က မိုက်ကယ် အိုလစ်ဆီကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဂျာမန် ထိပ်သီး တို့ကတော့ သူတို့ အသင်းမှာ ခြေစွမ်းပြနေတဲ့ ပြင်သစ်သား အတွက် အနည်းဆုံး ပေါင် သန်း ၁၀၀ အလိုရှိနေကြောင်း သိရပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ အပြောင်းအရွှေ့ မပိတ်ခင် ဆန်နီ လမ်မန်စ်ကို ခေါ်ယူခဲ့ပေမယ့်လည်း အရည်အချင်း ပြည့်မီတဲ့ နောက်ထပ် ဂိုးသမား တစ်ဦးကို လာမယ့် ဇန်နဝါရီမှာ ခေါ်ယူလိုနေပါတယ်။ အက်စတွန်ဗီလာက အမ်မီလီယာနို မာတီနက်ဇ်နဲ့ အေစီမီလန်က မိုက်ခ် မိုက်ဂ်နန် တို့ကတော့ ယူနိုက်တက်ရဲ့ အဓိက ပစ်မှတ်တွေ ဖြစ်နေကြောင်း သိရပါတယ်။
လစ်ဗာပူးလ် ကတော့ မာ့ခ် ဂူဟီကို ခေါ်ယူဖို့ အတွက် ဘေယန်မြူးနစ်နဲ့ အပြိုင်အဆိုင် ကြိုးပမ်းရဖို့ ရှိနေပါတယ်။ ဘွန်ဒက်စ်လီဂါ ထိပ်သီး တို့ဟာ လာမယ့် ဇန်နဝါရီမှာ အင်္ဂလန် လက်ရွေးစင်ကို ချဉ်းကပ်ပြီး စာချုပ်ချုပ်ဆိုနိုင်မှာ ဖြစ်ပေမယ့်လည်း ဇန်နဝါရီမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ပြောင်းရွှေ့ကြေးကို သဘောတူညီမှု မရရင် ရာသီကုန် အထိ စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။

ချဲလ်ဆီး ကတော့ လာမယ့် ဇန်နဝါရီမှာ ကွင်းလယ် တိုက်စစ်ကစားသမားသစ် တစ်ဦးကို ဦးစားပေး ခေါ်ယူရန် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ လန်ဒန် ကလပ်ဟာ ဂျူဗင်တပ်စ်က ကီနန် ယီလ်ဒစ်ဇ်၊ လိုင်ယွန်က မာလစ်ခ် ဖိုဖာနာနဲ့ အက်စတွန်ဗီလာက မော်ဂန် ရော်ဂျာစ် တို့ကို စိတ်ဝင်စားနေပါတယ်။
အာဆင်နယ် ကတော့ ဂါဘရီရယ် ဂျေဇုစ်နဲ့ လီအန်ဒရို ထရော့ဆက်ဒ် တို့ကို လစာ ပေးချေလိုခြင်း မရှိတော့တာကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့ မတိုင်ခင် ကမ်းလှမ်းမှုတွေကို စောင့်ဆိုင်းနေကြောင်း သိရပါတယ်။
ချဲလ်ဆီး ကတော့ ဒီနွေရာသီမှာ စထရက်ဘော့ဂ်က အီမန်နျူရယ် အီမက်ဂ်ဟာကို ခေါ်ယူဖို့ စဉ်းစားနေပြီး နောက်ဆုံးမှာတော့ လာမယ့် နွေရာသီမှာ ၇ နှစ် စာချုပ်နဲ့ ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အဲဗာတန် ကတော့ ဂျက် ဂရီးလစ်ရှ်ကို အငှားစာချုပ်မှာ ထည့်သွင်းထားတဲ့ ပေါင်သန်း ၅၀ အောက်နဲ့ အပြီးသတ် ခေါ်ယူဖို့ မျှော်လင့်နေပါတယ်။ ဂရီးလစ်ရှ် ကလည်း ပရီးမီးယားလိဂ် ထိပ်သီး မန်စီးတီးမှာ အနာဂတ် မရှိတော့သူ ဖြစ်တာကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်နိုင်ခြေ ရှိနေပါတယ်။
နော့တင်ဟမ်ဖောရက်စ် ကတော့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်ကို ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ ပွဲမှာ ၄၅ မိနစ် အသုံးပြုခဲ့ရင် ယူရို ၂၅ သန်း (ပေါင် ၂၁.၆ သန်း) ပေးချေရမှာ ဖြစ်ပါတယ်။
ချဲလ်ဆီး၊ အဲဗာတန်နဲ့ ဘရိုက်တန် တို့ဟာ ဆယ်ကျော်သက် ကွင်းလယ်ကစားသမား မာ့ခ် ဘာနယ် အတွက် ဘာစီလိုနာနဲ့ ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။ လာမယ့် ဇန်နဝါရီမှာ အင်တာမီလန် ကနေ ထွက်ခွာဖွယ် ရှိနေတဲ့ ဒန်ဇဲလ် ဒမ်းဖရီးစ်ကို မန်စီးတီးက ခေါ်ယူဖို့ အဆင်သင့် ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.