အင်္ဂလန် တောင်ပံ တိုက်စစ် ကြယ်ပွင့် ဘူကာယို ဆာကာ ကတော့ ဘယ်လွန်ဒေါဆု ရရှိဖို့က အိပ်မက် တစ်ခု ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆာကာ အနေနဲ့ ပရီးမီးယားလိဂ် ကလပ်နဲ့ အတူ ချန်ပီယံဆုတွေ ရယူနိုင်ဖို့ကို ပိုပြီး အာရုံစိုက်ထားတယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။
ဘူကာယို ဆာကာက “ပြီးခဲ့တဲ့ ၅ နှစ် အတွင်းမှာ ကျွန်တော် တစ်ပွဲပြီး တစ်ပွဲ ကစားခဲ့ရပြီး ဒါက ပထမဦးဆုံး အနားယူခဲ့ရတာ ဖြစ်ပါတယ်။ ဒါက ကျွန်တော့် အတွက် တကယ်ကို ကောင်းမွန်တဲ့ အရာပါ။ ကျွန်တော် တကယ်ပဲ ကောင်းမွန်စွာ ပြန်လာနိုင်ခဲ့ပြီးတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကလည်း လန်းဆန်းနေတယ်လို့ ခံစားရပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ ခြေချော်မှုတွေ ရှိနေတာကြောင့် ချန်ပီယံဆုနဲ့ ၃ နှစ် ဆက်တိုက် လွဲချော်ဖို့ အခြေအနေများသွားခဲ့ပြီး ချန်ပီယံလိဂ် မှာတော့ ဆုဖလား အောင်မြင်မှု လမ်းကြောင်းပေါ်မှာ ရှိနေဆဲ ဖြစ်ပါတယ်။ ဆာကာရဲ့ အာဆင်နယ်က လက်တလော ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကို ရောက်ရှိနေပြီး ပထမအကျော့မှာ ရီးရဲလ်မက်ဒရစ်ကို ၃-၀ ရလဒ်နဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ် အဆင့်ကို ခြေတစ်ဖက်လှမ်းထားနိုင်ပြီ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ် မတိုင်ခင် မှာတော့ ဆာကာက အခုလိုပဲ ပြောကြားခဲ့ပါသေးတယ်။

“ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို နှစ်ရာသီ ဆက်တိုက် ယှဉ်ပြိုင်ခွင့်ရခဲ့တာ ကျွန်တော်တို့ အတွက် ပထမဦးဆုံး ဖြစ်ပြီးတော့ ဒါက အဓိပ္ပာယ် အများကြီး ရှိပါတယ်။ ကျွန်တော်တို့ နောက်တစ်ဆင့် တက်ချင်ပြီး အဲဒီ အတွက်လည်း ကြိုးစားသွားမှာပါ။ မက်ဒရစ်က လေးစားစရာ သမိုင်းကြောင်း ရှိပေမယ့် မနက်ဖြန် ဘာမဆို ဖြစ်နိုင်ပါတယ်။ သူတို့ကို ကျွန်တော် အနိုင်ရချင်ပါတယ်။ ဘယ်လွန်ဒေါက အိပ်မက် တစ်ခု ဖြစ်ပေမယ့်လည်း ကျွန်တော် အာရုံစိုက်ထားတာ အာဆင်နယ်နဲ့ ချန်ပီယံဆုတွေ ရယူဖို့ပါ။ အသင်း အတွက် အကောင်းဆုံး လုပ်ဆောင်ပေးနိုင်ဖို့လည်း ကြိုးစားနေပြီး တစ်ဦးချင်း ထူးချွန်ဆုတွေက ကျွန်တော့်ဆီ ရောက်ရှိလာမယ်လို့ ယုံကြည်ပါတယ်။” လို့ ဆာကာက ပြောကြားခဲ့ပါတယ်။
ဆာကာဟာ ဒီပွဲမှာ ဂိုးပါဝင် ပတ်သတ်မှု မပြုလုပ်နိုင်ခဲ့ပေမယ့် ခြေစွမ်းပြနိုင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ် နောက်တန်းက အလာဘာ၊ ရူဒီဂါ တို့ကို အလုပ်ရှုပ်စေနိုင်ခဲ့ပါတယ်။ ဆာကာ အနေနဲ့ ပွဲချိန် ၇၄ မိနစ်မှာ လူစားလဲခံခဲ့ရပေမယ့် ပွဲပြီး သတင်းတွေ အရ ဆိုရင်တော့ ဒဏ်ရာရရှိတာကြောင့် လူစားလဲခဲ့တာ မဟုတ်ကြောင်း စိုးရိမ်ရဖို့လည်း မရှိကြောင်း သိရပါတယ်။
အသက် ၂၃ နှစ် အရွယ် ဆာကာ ကတော့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ကနေ စပြီး အာဆင်နယ်ရဲ့ အမာခံ ကစားသမား တစ်ဦး အဖြစ် ရှိနေသူ ဖြစ်ပါတယ်။ ဆာကာဟာ အသင်းရဲ့ မရှိမဖြစ် တောင်ပံ တိုက်စစ် ကစားသမား အဖြစ်လည်း ခြေစွမ်းပြနေပြီးတော့ အာဆင်နယ်နဲ့ အတူ အက်ဖ်အေဖလား ချန်ပီယံဆု တစ်ကြိမ်သာ ရယူထားနိုင်ပါသေးတယ်။ ဆာကာဟာ ဒီရာသီမှာ တံကောက်ကြော ဒဏ်ရာကြောင့် ၃ လကျော် အနားယူခဲ့ရပြီးတော့ ပြီးခဲ့တဲ့ ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှသာ ပြန်လည် ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆာကာဟာ အာဆင်နယ် အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၂၅၃ ပွဲ ကစားထားပြီးတော့ ၆၈ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၆၄ ကြိမ် ပြုလုပ်ထားပါတယ်။ ဆာကာဟာ ဒီရာသီမှာ ဒဏ်ရာကြောင့် အနားယူနေခဲ့ရသည့် တိုင်အောင် အာဆင်နယ် အတွက် ၂၇ ပွဲ ပါဝင် ကစားပြီး ၁၀ ဂိုး သွင်းကာ ဂိုးဖန်တီးမှု ၁၃ ကြိမ် ပြုလုပ်ထားနိုင်သူ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.