နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရာသီသစ် စတင်ခင် မန်ချက်စတာယူနိုက်တက် ပရိသတ်တွေကို သတင်းစကားပေးလိုက်တဲ့ ရူဘင် အမော်ရင် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချင်စတာယူနိုက်တက် နည်းပြ ရူဘင် အမော်ရင် ကတော့ လာမယ့် ရာသီ အတွက် သူ့ရဲ့ ရည်မှန်းချက်တွေကို ထုတ်ဖော် ပြောကြားလာခဲ့ပြီ ဖြစ်ပါတယ်။ ကလပ်က တရားဝင် ထုတ်ဝေတဲ့ ၂၀၂၄/၂၅ ရာသီအတွက် အနှစ်ချုပ် စာအုပ်မှာ အမော်ရင်က ယူနိုက်တက် အတွက် တာဝန်ယူခဲ့တဲ့ အခြေအနေတွေ အကြောင်းကို ဝေမျှခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ၂၀၂၄/၂၅ ရာသီအတွက် အနှစ်ချုပ် စာအုပ်ကို အသင်းဝင်တွေနဲ့ ရာသီ အလိုက် ပွဲစဉ် လက်မှတ်ဝယ်ယူထားသူတွေကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီစာအုပ်ထဲ မှာတော့ အမော်ရင်က “ဘောလုံးနဲ့ ဆက်စပ်နေသူတိုင်း ကစားသမားတွေ ဝန်ထမ်းတွေနဲ့ ပရိသတ်တွေ အတွက် ရာသီသစ်ရဲ့ အစဟာ စိတ်လှုပ်ရှားမှုနဲ့ အကောင်းမြင်စိတ်တွေနဲ့ ပြည့်ဝနေတဲ့ အချိန်မှာ ရှေ့ကို မျှော်ကြည့်ဖို့ အကောင်းဆုံး အခိုက်အတန့်ပါပဲ။” လို့ ရေးသားထားခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီနောက် “ပြီးခဲ့တဲ့ ရာသီက ဖြစ်ခဲ့တာတွေကို လုံးဝ မေ့ပစ်ဖို့ ဒါမှမဟုတ် လျစ်လျူရှုဖို့ မသင့်ပါဘူး။ ဘာလို့လဲ ဆိုတော့ ခက်ခဲတဲ့ အချိန်တွေ ကနေ အဖိုးတန်တဲ့ သင်ခန်းစာတွေ ရယူနိုင်ပါတယ်။ ဒါက ကျွန်တော် တို့ကို ပိုပြီး ကောင်းမွန်လာနိုင်မယ့် အလားအလာတွေ အတွက် တွန်းအားပေးခဲ့တာတွေပါ။ ကောင်းမွန်တဲ့ အချိန်တွေ ကနေ စိတ်ဓာတ် ခွန်အားတွေ ရယူနိုင်ပါတယ်။” လို့ ဆိုပါတယ်။ 

ဒါ့အပြင် အမော်ရင်က ပြီးခဲ့တဲ့ ရာသီက ကလပ်ဟာ လုပ်ငန်း လည်ပတ်ပုံကို ပြောင်းလဲဖို့ ကြိုးစားတဲ့ အခါမှာ စိတ်ပျက်စရာနဲ့ နာကျင်မှုတွေ အများကြီး ကြုံတွေ့ခဲ့ရကြောင်း ဝန်ခံသွားခဲ့ပါတယ်။ အမော်ရင်က “ပြီးခဲ့တဲ့ ၈ လတာ ကာလ အတွင်း ကျွန်တော် သင်ယူခဲ့ရတဲ့ အရာအားလုံးနဲ့ ကစားသမားတွေက ကျွန်တော့်ရဲ့ မျှော်မှန်းချက်တွေကို နားလည်ထားတာကြောင့် ကျွန်တော် ဒီနွေရာသီ မှသာ ရောက်ရှိလာခဲ့မယ် ဆိုရင် အခုထက် အများကြီး ပိုမိုကောင်းမွန်တဲ့ အခြေအနေကို ရရှိမှာ ဖြစ်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါသေးတယ်။

ယူနိုက်တက်ဟာ လာမယ့် ရာသီ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် အဖြစ် အာဆင်နယ်နဲ့ ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ကြုံတွေ့ခဲ့တဲ့ အခြေအနေတွေကို ဖွင့်ဟခဲ့တဲ့ အမော်ရင်

နောက်ဆုံး မှာတော့ အမော်ရင်က “ကျွန်တော် သင်ယူခဲ့ရတဲ့ အဓိက အချက်တွေထဲက တစ်ခုက ဒီဘောလုံး ကလပ်ဟာ ဘယ်လောက်အထိ မှော်ဆန်သလဲ၊ ပရိသတ်တွေက ဘယ်လောက် ထူးခြားသလဲ ဆိုတာပါပဲ။ မန်ချက်စတာ ယူနိုက်တက်ကို သူ့နေရာမှန် ပြန်ရောက်အောင် ကူညီပေးဖို့ ကျွန်တော် တာဝန် ကြီးကြီးမားမား ခံစားရပါတယ်။ ပြီးခဲ့တဲ့ ရာသီရဲ့ နောက်ဆုံး ပွဲစဉ် အပြီး အိုးထရက်ဖို့ဒ် ကွင်းထဲမှာ ကျွန်တော် ပြောခဲ့သလိုပါပဲ။ ပိုမိုကောင်းမွန်တဲ့ နေ့ရက်တွေ လာတော့မယ်လို့ ကျွန်တော် ပြင်းပြင်းထန်ထန် ယုံကြည်ပါတယ်။ ဒီရာသီမှာ ကျွန်တော် တို့ရဲ့ ရေရှည် ရည်မှန်းချက်တွေ အားလုံးကို အောင်မြင်အောင် လုပ်နိုင်မယ်လို့ ကတိမပေးနိုင်ပေမယ့် အဲဒီ လမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ ကျွန်တော် အစွမ်းကုန် ပေးဆပ်သွားမယ် လို့တော့ ကတိပေးနိုင်ပါတယ်။” လို့ အမော်ရင်က ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်ကို အသင်းရဲ့ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရာသီတွေထဲက တစ်ခု အဖြစ် အဆင့် ၁၄ နေရာနဲ့ သိမ်းခဲ့ရတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲ အထိ တက်လှမ်းနိုင်ခဲ့တာက အနည်းငယ် အပေါင်းလက္ခာဆောင်တဲ့ အခြေအနေ တစ်ခု ဖြစ်ပေမယ့် စပါးကို ရှုံးနိမ့်ခဲ့တာကြောင့် ရာသီသစ် အတွက် အကျိုးအမြတ် များစွာ ဆုံးရှုံးခဲ့ရပါတယ်။ ယူနိုက်တက်ဟာ လာမယ့် ရာသီ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် အဖြစ် အာဆင်နယ်နဲ့ ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်