နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရိုက်စ်နဲ့ ကိုင်စီဒိုထက် တိုနာလီက ပိုကောင်းတယ်လို့ ဆိုလိုက်တဲ့ ပေါလ်စခိုးလ် | ပရီးမီးယားလိဂ်

မန်ချက်စတာစီးတီး မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ပေါလ် စခိုးလ် ကတော့ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ် ကစားသမားက ဘယ်သူလဲ ဆိုတာ ရွေးချယ်မှု ပြုလုပ်လာခဲ့ပါတယ်။ ပေါလ် စခိုးလ်ဟာ အာဆင်နယ်က ဒီကလန် ရိုက်စ်၊ ချဲလ်ဆီးက မွိုက်စ် ကိုင်စီဒို တို့ကို ကျော်လွန်ပြီး နယူးကာဆယ်က အီတလီ လက်ရွေးစင် ကွင်းလယ်လူ ဆန်ဒရို တိုနာလီကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၅ နှစ် အရွယ် တိုနာလီက ၂၀၂၃ ခုနှစ် နွေရာသီမှာ အေစီမီလန် ကနေ နယူးကာဆယ်ကို ပြောင်းရွှေ့ကြေး ယူရို သန်း ၇၀ ဝန်းကျင်နဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက တိုနာလီဟာ ပြောင်းရွှေ့ကြေး အမြင့်ဆုံး အီတလီ ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ တိုနာလီဟာ ပထမဦးဆုံး ရာသီမှာ လောင်းကစားမှုကြောင့် ကာလရှည်ကြာ ပွဲပယ် ပြစ်ဒဏ် ကျခံခဲ့ရပေမယ့် ပြီးခဲ့တဲ့ ရာသီမှာရော ဒီရာသီမှာပါ နယူးကာဆယ်ရဲ့ အမာခံ ကစားသမား အဖြစ် ခြေစွမ်းပြနေပါတယ်။ တိုနာလီဟာ လက်ရှိအချိန်ထိ နယူးကာဆယ် အတွက် ပြိုင်ပွဲစုံ ၆၆ ပွဲ ကစားပြီး ၇ ဂိုး သွင်းယူထားပြီး Rating အရတော့ ၇ ကျော်မှာ ရှိနေပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် စွမ်းဆောင်ရည် မှတ်တမ်း မှာတော့ တိုနာလီဟာ ဂိုးဖန်တီးမှု ၁ ကြိမ်သာ ပြုလုပ်နိုင်ပါသေးတယ်။
နောက်ဆုံး နှစ်ပွဲဆက် နိုင်ပွဲ ပြန်ရထားတဲ့ တိုနာလီ

ဒါကြောင့် ပေါလ်စခိုးလ်က “ကျွန်တော်က ကိုင်စီဒိုကို ပြီးပြည့်စုံတဲ့ ကွင်းလယ် ကစားသမားလို့ မထင်သေးပါဘူး။ ကျွန်တော်က သူ့ထက် ဂိုးပိုသွင်းနိုင်တဲ့ ကစားသမားမျိုး၊ ဘောလုံးကို ထိန်းညှိကစားနိုင်သူမျိုးကို ပိုပြီး သဘောကျပါတယ်။ တိုနာလီကို ကျွန်တော် ရွေးချယ်တာ ဒီအချက်ကြောင့်ပါ။ သူက အရမ်းကောင်းတဲ့ ကစားသမားပါ။ ဒီကလန် ရိုက်စ်လည်း ရှိတယ်လို့ ခင်ဗျား ပြောနိုင်ပေမယ့် တိုနာလီက သူ့ထက် ပိုကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ ရိုက်စ်ကို ကျွန်တော် တကယ် ကြိုက်ပေမယ့် တစ်ခါတစ်ရံ သူ့ရဲ့ ဘောလုံးထိချက်တွေက များလွန်းပါတယ်။ လိုအပ်တာထက် ပိုပြီး စတိုင်လုပ်ဖို့ ကြိုးစားနေတယ်လို့လည်း ထင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

အဲဒီနောက် စခိုးလ်က “နယူးကာဆယ်မှာ တိုနာလီကို ကျွန်တော် သဘောကျပါတယ်။ အိုး၊ သူက ပြေးနိုင်တယ်။ (ဘရူနို) ဂီမာရေးစ်လည်း ပါပါတယ်။ ဒီအချိန်မှာ တိုနာလီ ကိုပဲ ကျွန်တော် ရွေးချယ်ချင်ပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်တွေက ထက်မြက်တယ်လို့ ထင်တယ်၊ သူက box-to-box ကစားနိုင်တယ်၊ ချိတ်ဆက်နိုင်တယ်၊ ဂိုးတွေ သွင်းနိုင်တယ်လို့ ထင်ပါတယ်၊ ဒါကြောင့် တိုနာလီကို ပိုကြိုက်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် စွမ်းဆောင်ရည် မှတ်တမ်း မှာတော့ တိုနာလီဟာ ဂိုးဖန်တီးမှု ၁ ကြိမ်သာ ပြုလုပ်နိုင်ပါသေးတယ်။ ဒါ့အပြင် ပေါလ် စခိုးလ် နှိုင်းယှဉ်ခဲ့တဲ့ ဒီကလန် ရိုက်စ်နဲ့ ဆိုရင်လည်း အခွင့်အရေး ဖန်တီးနိုင်မှု၊ ဂိုးဖန်တီးမှု သွင်းဂိုးနဲ့ တခြားသော အချက်အလက်တွေ အရ ဆိုရင် တိုနာလီက နိမ့်ပါးနေပါတယ်။ မွိုက်စ် ကိုင်စီဒိုနဲ့ နှိုင်းယှဉ်တဲ့ အခါမှာလည်း တိုနာလီရဲ့ စွမ်းဆောင်ရည်က တော်တော်လေး ကွာဟချက် ကြီးမားနေတာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ တိုနာလီရဲ့ နယူးကာဆယ် ကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၇ ပွဲ ကစားပြီးချိန် အထိ ၂ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၂ ပွဲ ရှုံး ရလဒ်သာ ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့်လည်း နယူးကာဆယ်က နောက်ဆုံး ၂ ပွဲဆက် နိုင်ပွဲ ပြန်ရထားကာ ပုံစံကောင်းလည်း ပြန်လည် ရရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်