ပရီးမီးယားလိဂ် ကလပ် ဝက်စ်ဟမ်း ကတော့ နည်းပြ ဂရေဟမ် ပေါ်တာကို ထုတ်ပယ် အပြီး ၄ နာရီ အကြာမှာပဲ နူနို အက်စ်ပီရီတို ဆန်တိုကို အစားထိုး ခန့်အပ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။ ပေါ်တာဟာ ဝက်စ်ဟမ်းကို ၈ လသာ ကိုင်တွယ်ခဲ့ရပြီး ရလဒ်တွေ ဆိုးရွားနေခဲ့တာကြောင့် ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ဝက်စ်ဟမ်းဟာ ပေါ်တာ လက်ထက်မှာ ၂၅ ပွဲ ကစား၊ ၆ ပွဲနိုင်၊ ၅ ပွဲ သရေ၊ ၁၄ ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး အနိုင်ရာခိုင်နှုန်း ကလည်း ၂၄ ရာခိုင်နှုန်းသာ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝက်စ်ဟမ်းက ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁ ပွဲနိုင်၊ ၄ ပွဲ ရှုံးထားပြီး တန်းဆင်းဇုန်ထဲ ရောက်ရှိနေပါတယ်။ ဟမ်းမားတွေက ခရာဘောင်ဖလား မှာလည်း သူတို့လိုပဲ ရုန်းကန်နေရတဲ့ ဝုဗ်ကို ရှုံးနိမ့်ကာ ပြိုင်ပွဲ ကနေ ထွက်ခွာထားခဲ့ရပါသေးတယ်။
နူနို ဆန်တိုဟာ ပရီးမီးယားလိဂ် ကလပ် ဝုဗ်ကို ကိုင်တွယ်ချိန်မှာ စတင် လူသိများလာခဲ့တဲ့ နည်းပြ ဖြစ်ပါတယ်။ အဲဒီနောက် တော့တင်ဟမ်ဟော့စပါးမှာတော့ ကျရှုူံးခဲ့ပြီး ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အစ်တီဟတ်ကို တစ်ရာသီ ကိုင်တွယ်ခဲ့ဖူးပါတယ်။ သူ့လက်ထက်မှာ အဲလ်အစ်တီဟတ်က အဲလ်ဟီလာနဲ့ အဲလ်နာဆာကို ကျော်ဖြတ်ပြီး ဆော်ဒီပရိုလိဂ် ချန်ပီယံ ဖြစ်ခဲ့သလို စူပါဖလား ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် နော့တင်ဟမ်ဖောရက်စ်ကို ကိုင်တွယ်ခဲ့ပြီး သူ့လက်ထက်မှာ ဖောရက်စ်က နတ်ရေကန်ထဲ ခုန်ချလိုက်သလို တန်းမဆင်းရရေး ရုန်းကန်နေရတဲ့ အသင်း ကနေ ဥရောပ ဝင်ခွင့်ရတဲ့ အသင်း အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း နူနို ဆန်တိုဟာ နော့တင်ဟမ်ဖောရက်စ်ကို အတိုင်းအတာ တစ်ခု အထိ ဆွဲတင်ပေးနိုင်ခဲ့ပေမယ့် အသင်းပိုင်ရှင်နဲ့ သဘောထားချင်း မတိုက်ဆိုင်တာကြောင့် ၂၁ လကြာ ကိုင်တွယ် အပြီးမှာပဲ ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းက နူနို အက်စ်ပီရီတို ဆန်တိုကို ၃ နှစ် စာချုပ်နဲ့ ခန့်အပ်ခဲ့တာ ဖြစ်ပြီး ပေါ်တူဂီ လူမျိုး နည်းပြကြီး အနေနဲ့ အဲဗာတန်နဲ့ ကစားမယ့် ပွဲစဉ်ကို စတင် ကိုင်တွယ်ရမှာလည်း ဖြစ်ပါတယ်။ ဒီလို ဝက်စ်ဟမ်း နည်းပြသစ် ဖြစ်လာတဲ့ နူနို ဆန်တိုက လက်မှတ်ရေးထိုး အပြီးမှာ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။
“ဝက်စ်ဟမ်း ယူနိုက်တက်ကို ကိုယ်စားပြုခွင့်ရတဲ့ အတွက် အရမ်း ဝမ်းသာပါတယ်။ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က အသင်း အတွက် အကောင်းဆုံးတွေ ရရှိအောင် ကြိုးစားပြီး ကျွန်တော်တို့ တတ်နိုင်သလောက် ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်နိုင်ဖို့ပါ။ အလုပ်က စနှင့်ပြီးနေပါပြီ။ စိန်ခေါ်မှုတွေ ကိုလည်း စောင့်မျှော်နေပါတယ်။” လို့ ဝက်စ်ဟမ်းရဲ့ ကလပ် ဝက်ဘ်ဆိုက်ဒ်ကို နူနို ဆန်တိုက ပြောကြားသွားခဲ့ပါတယ်။
တကယ်တော့ နူနို ဆန်တိုဟာ အလယ်အလတ် အဆင့်ရှိတဲ့ ကလပ်တွေကို စနစ်တကျ တည်ဆောက်တတ်တဲ့ နည်းပြ အဖြစ်လည်း နာမည်ကြီးပါတယ်။ ပေါ်တူဂီ လူမျိုးဟာ နော့တင်ဟမ်ဖောရက်စ်ကို ခံစစ်၊ ကွင်းလယ်၊ တိုက်စစ် မျှတစွာ ကစားနိုင်အောင် ဦးဆောင်ပေးခဲ့ပြီး သူ့ရဲ့ နောက်ထပ် အားသာချက် ကတော့ လက်တွေ့ဆန်တဲ့ နည်းစနစ်ပိုင်း ဖြစ်ပါတယ်။ ခံစစ်ကို လုံအောင် ကစားပြီး ထိရောက် လျင်မြန်တဲ့ တောင်ပံတွေ၊ တန်ပြန် တိုက်စစ်တွေနဲ့ ပြိုင်ဘက်ကို ဒုက္ခပေးတတ်တဲ့ နည်းပြလည်း ဖြစ်ပါတယ်။ ဒီတော့ ကစားသမားကောင်းတွေ ရှိပေမယ့် အခြေအနေတွေ ဆိုးရွားနေတဲ့ ဝက်စ်ဟမ်းတို့ နူနို ဆန်တို လက်ထက်မှာ အနာနဲ့ ဆေး တွေ့သွားနိုင်မလား ဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.