နယူးကာဆယ် – ချဲလ်ဆီး
ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၃၆ ရဲ့ နယူးကာဆယ်-ချဲလ်ဆီး ပွဲစဉ် ကလည်း စိတ်ဝင်စားကောင်းနေပါတယ်။ နှစ်သင်းစလုံး ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အမှားခံလို့ မရတာကြောင့် ရလဒ်ကောင်း တစ်ခု အတွက် အကြိတ်အနယ် ကစားကြရဦးမှာလည်း ဖြစ်ပါတယ်။
နယူးကာဆယ်နဲ့ ချဲလ်ဆီး ကတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နဲ့ ၅ နေရာမှာ ရပ်တည်နေပြီး ရမှတ်လည်းတူ ဂိုးကွာခြားချက်လည်း တူညီနေပါတယ်။ နယူးကာဆယ်က ရဂိုး ပိုများနေလို့သာ အပေါ်ရောက်နေတာ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ အဆင့် ၃ နေရာက မန်စီးတီးနဲ့ ၁ မှတ်သာ ကွာဟနေပြီးတော့ အဆင့် ၇ နေရာက အက်စတွန်ဗီလာနဲ့ ကလည်း ၃ မှတ်သာ ကွာဟနေလို့ အမှားခံလို့ မရသေးပါဘူး။ Form အရ ဆိုရင်တော့ နယူးကာဆယ်ထက် ချဲလ်ဆီးက ပိုကောင်းနေပြီး နိုင်ပွဲလည်း ဆက်နေပါတယ်။ နယူးကာဆယ်က နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘရိုက်တန်နဲ့ သရေကျထားပြီးတော့ ချဲလ်ဆီးက လစ်ဗာပူးလ်ကို ၃-၁ နဲ့တောင် အနိုင်ရထားပါတယ်။
ချဲလ်ဆီးက ယူရိုပါကွန့်ဖရင့်လိဂ်မှာ ဗိုလ်လုပွဲ တက်ထားတာကြောင့် ချန်ပီယံ ဖြစ်ဖို့လည်း အခြေအနေ ကောင်းနေပြီး နောက်ရာသီ ယူရိုပါလိဂ် ဝင်ခွင့် ရဖို့ သေချာသလောက် ရှိနေပါတယ်။ ဒါပေမယ့်လည်း အန်ဇို မာရက်စ်ကာရဲ့ အသင်းက ချန်ပီယံလိဂ် ဝင်ခွင့် အရယူချင်နေပြီး အဝေးကွင်းမှာ အနိမ့်ဆုံး သရေ ကစားဖို့ ပြင်ဆင်လာမှာ ဖြစ်ပါတယ်။ အက်ဒီဟောင်းဝ်ရဲ့ နယူးကာဆယ် အသင်းမှာ ဒဏ်ရာရ ကစားသမား နည်းပါးလာခြင်းနဲ့ အတူ အိမ်ကွင်းမှာ ၃ မှတ် ရယူဖို့ အားခဲထားပါလိမ့်မယ်။
နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ နယူးကာဆယ် ဘက်က လက်ဆဲလက်စ်၊ ဂျိုးလင်တန်၊ တားဂတ်၊ ဟောလ် တို့ လွဲချော်ကြမှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
နယူးကာဆယ် – ပုပ်၊ ထရစ်ပီယာ၊ ရှား၊ ဘန်း၊ လစ်ဗရာမန်တို၊ ဂီမာရေ့စ်၊ တိုနာလီ၊ ဝေးလ်လော့ခ်၊ မာဖီ၊ အိဆက်ခ်၊ ဂေါ်ဒွန်
ချဲလ်ဆီး – ဆန်းချက်ဇ်၊ ကိုင်စီဒို၊ ချာလိုဘာ့၊ ကိုးလ်ဝဲလ်၊ ကူကာရယ်လာ၊ လာဗီယာ၊ အန်ဇို၊ နီတို၊ ပါးလ်မား၊ မာဒူခေး၊ ဂျက်ဆန်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၃၂ ကြိမ် တွေ့ဆုံခဲ့ရာမှာ နယူးကာဆယ်က ၁၀ ကြိမ်နိုင်၊ ချဲလ်ဆီးက ၁၆ ကြိမ် နိုင်ပြီး ၆ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာတော့ နယူးကာဆယ်က ၂ ကြိမ်၊ ချဲလ်ဆီးက ၂ ကြိမ်စီ နိုင်ပြီး ၁ ကြိမ် သရေကျခဲ့ပါတယ်။ စိန့်ဂျိးမ်စ်ပါ့ခ် မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ်မှာ နယူးကာဆယ်က ၃ ကြိမ်နိုင်ပြီး ချဲလ်ဆီးက ၂ ကြိမ် နိုင်ခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲ ရလဒ်တွေကို ပြန်ကြည့်ရင်တော့ နယူးကာဆယ်က ၃ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးပြီး ချဲလ်ဆီးက ရာနှုန်းပြည့် နိုင်ပွဲ ရထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ နယူးကာဆယ် နိုင်ရင် ၂.၁၇ ဆ နီးပါး ရမှာ ဖြစ်ပြီး ချဲလ်ဆီး နိုင်ရင်တော့ ၂.၉၀ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၃၆ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း ဒဲ့ကြေးနဲ့ နယူးကာဆယ် ဘက်က ခပ်ပါးပါး ကြေးကြောပေးထားတာ တွေ့ရပါတယ်။ ဂိုးပေါင်း ကလည်း အပေါ်သမားတွေ အကြိုက်တွေ့မယ့် ကြေးမျိုးပါပဲ။ ချဲလ်ဆီးဟာ ဒီရာသီ ပထမအကျော့ အိမ်ကွင်းမှာ ငှက်ကြားတွေကို နိုင်ခဲ့ပေမယ့် ခရာဘောင်ဖလားမှာ ၂-၀ နဲ့ ပြန်ရှုံးထားပါတယ်။ လက်ရှိမှာ ခြေစွမ်းက ရလဒ်တွေ တောက်လျောက် ပြန်ကောင်းနေပေမယ့် ကြားရက်မှာ နားရက် မရခဲ့လို့ ပွဲပန်းနေနိုင်ပါတယ်။ စိန့်ဂျိမ်းစ်ပါ့ခ်လည်း ဖြစ်နေလို့ နယူးကာဆယ် ဘက်မှာပဲ ရပ်တည်ထားတာက စိတ်ချရမယ် ထင်ပါတယ်။ ဂိုးပေါ်နဲ့လည်း အကျိုးအမြတ် ရှာဖွေသင့်ပါတယ်။
ခန့်မှန်းရလဒ်
နယူးကာဆယ် ၂-၁ ချဲလ်ဆီး
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.