စပို့တင်းလစ္စဘွန်းရဲ့ စူပါစတား တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ် ကိုတော့ အာဆင်နယ်နဲ့ သတင်းတွေ ထွက်နေပေမယ့် အက်တလက်တီကိုမက်ဒရစ်နဲ့ နာပိုလီ တို့ကလည်း စိတ်ဝင်စားလာတာကြောင့် အပြောင်းအရွှေ့ ကတော့ တဖြည်းဖြည်း ရှုပ်ထွေးလာခဲ့ပြီ ဖြစ်ပါတယ်။ တိုက်စစ်မှူး လိုအပ်ချက် ရှိနေတဲ့ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ဟာ လက်တလောမှာ ယိုကီးရက်စ်ကို အရန် ပစ်မှတ် အဖြစ်သာ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ အဓိက ပစ်မှတ် ကတော့ လိုက်ပ်ဇစ် တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကို ဖြစ်ပြီး ဒီဆလိုဗေးနီးယား လက်ရွေးစင်ကို မရမှသာ အာဆင်နယ်က ယိုကီးရက်စ်ကို ကြိုးပမ်းမှာ ဖြစ်ပါတယ်။
ယိုကီးရက်စ်ဟာ ပေါ်တူဂီ ထိပ်သီးလိဂ်မှာ အံ့မခန်း ဂိုးသွင်းစံချိန်ကြောင့် ဂန်းနားတွေရဲ့ ကာလရှည်ကြာ ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။ ဆွီဒင် တိုက်စစ်မှူးဟာ စပို့တင်းလစ္စဘွန်း အတွက် ပြိုင်ပွဲစုံ ၁၀၂ ပွဲ ကစားပြီး ၉၇ ဂိုး သွင်းယူထားပါတယ်။ ဒီလို ဂိုးသွင်း စွမ်းရည်တွေကြောင့် ယိုကီးရက်စ်ကို လန်ဒန် မြောက်ဘက်ခြမ်း ကလပ်တွေက စိတ်ဝင်စားနေခဲ့ပြီး အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီး ကလည်း အသက် ၂၆ နှစ် အရွယ် တိုက်စစ်မှူးကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
လာလီဂါ ထိပ်သီး ဘာစီလိုနာ ကတော့ ယိုကီးရက်စ်ရဲ့ အပြောင်းအရွှေ့ ကနေ လူသိရှင်ကြား နှုတ်ထွက်ခဲ့ပေမယ့်လည်း The Mirror ရဲ့ ဖော်ပြချက်အရ နာပိုလီက ဆွီဒင်သားကို အလားအလာ ရှိတဲ့ ပစ်မှတ် ကစားသမား အဖြစ် သတ်မှတ်ထားခဲ့ပါတယ်။ နာပိုလီ မန်နေဂျာ အန်တိုနီယို ကွန်တီဟာ ပြီးခဲ့တဲ့ လက အသက် ၃၂ နှစ် ပြည့်ခဲ့တဲ့ ရိုမယ်လူ လူကာကူကို အပြိုင်အဆိုင် ဖြစ်စေမယ့် တိုက်စစ်မှူး တစ်ဦးကို လိုချင်နေတာ ဖြစ်ပါတယ်။ လူကာကူ ကတော့ ပြီးခဲ့တဲ့ ရာသီက စီးရီးအေမှာ ၁၄ ဂိုး သွင်းယူထားပါတယ်။

ဒါ့အပြင် အက်တလက်တီကိုမက်ဒရစ် ကလည်း ဟူလီယန် အဲလ်ဗာရက်ဇ်နဲ့ တွဲဖက် ကစားမယ့် တိုက်စစ်မှူး တစ်ဦး ရှာဖွေနေပြီးတော့ ယိုကီးရက်စ်ရဲ့ အပြောင်းအရွှေ့ထဲ ပါဝင်လာဖို့ ရှိနေပါတယ်။ အလက်ဇန္တား ဆော်လော့သ်ဟာ အရန် ကစားသမား အဖြစ် အကောင်ဆုံး ပုံစံကို ပြသနေပေမယ့် ဒီယေဂို ဆီမြွန်နီ ကတော့ နောက်ထပ် အဆုံးသတ် ကောင်းမွန်တဲ့ တိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။ တစ်ခု ရှိတာက အက်တလက်တီကိုမက်ဒရစ်ဟာ ယိုကီးရက်စ်ရဲ့ အပြောင်းအရွှေ့ကို အလျင်စလို လုပ်ဆောင်မှာ မဟုတ်ပဲ လာမယ့် ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ ပြီးတဲ့ အထိ စောင့်ဆိုင်းနိုင်ကြောင်း သတင်းတွေ ထွက်ပေါ်နေသည်။ ဒါကြောင့် ဇူလိုင်လကုန်ခါနီး မှာတော့ စပိန်မြို့တော်ဟာ ယိုကီးရက်စ် အတွက် ပိုမိုဆွဲဆောင်နိုင်တဲ့ နေရာ တစ်ခု ဖြစ်လာနိုင်ကြောင်းလည်း သုံးသပ်နေပါတယ်။
လက်ရှိမှာ အာဆင်နယ်က လိုက်ပ်ဇစ် တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကို အတွက် ဆွေးနွေးမှုတွေ စတင်နေပြီး သဘောတူညီမှု ရရှိဖို့ ပိုမို နီးစပ်နေပါတယ်။ အမှန်တကယ်တော့ ယိုကီးရက်စ် အတွက် အသုံးပြုရမယ့် ပြောင်းရွှေ့ကြေးဟာ ဆက်စ်ကိုထက် သက်သာပေမယ့် ကစားသမားရဲ့ အသက်အရွယ် အခြေအနေတွေကြောင့် မီခဲလ် အာတေးတား အနေနဲ့ ဆလိုဗေးနီးယားသားကို ပိုပြီး သဘောကျနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဆွီဒင် ဂိုးသွင်းစက် ယိုကီးရက်စ် အတွက် နေပဲလ် သို့မဟုတ် မက်ဒရစ်က လားရာ ဖြစ်သွားမလား။ ဒါမှမဟုတ် ပရီးမီးယားလိဂ် ထိပ်တန်း ကလပ် တစ်ခုခုမှာ မြင်တွေ့ရမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.