နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ခြေစွမ်းမပြနိုင်သေးတဲ့ ဝစ်ဇ် ဘက်ကနေ ကာကွယ် ပြောဆိုခဲ့တဲ့ နေဂဲလ်စ်မန်းနဲ့ ကလော့ပ် | ပရီးမီးယားလိဂ်

ဖလော်ရီယန် လစ်ဗာပူးလ်မှာ ရုန်းကန်နေရတဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဖလော်ရီယန် ဝစ်ဇ် ကိုတော့ ဂျာမနီ လက်ရွေးစင် အသင်း နည်းပြ ဟူလီယန် နေဂဲလ်စ်မန်းနဲ့ လစ်ဗာပူးလ် နည်းပြဟောင်း ယာဂန် ကလော့ပ် တို့က ကာကွယ် ပြောဆိုလိုက်ပါတယ်။ ဝစ်ဇ်ဟာ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ကို တန်ကြေး မြင့်မားစွာနဲ့ ပြောင်းရွှေ့လာပေမယ့် လက်ရှိအချိန်ထိတော့ ခြေစွမ်းပြသနိုင်ခြင်း မရှိသေးပါဘူး။

အသက် ၂၂ နှစ် အရွယ် ဝစ်ဇ်ဟာ ဒီနွေရာသီမှာ လေဗာကူဆင် ကနေ လစ်ဗာပူးလ်ကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၁၆ သန်းနဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ဂျာမန်သားဟာ လစ်ဗာပူးလ် အတွက် ပြိုင်ပွဲစုံ ၁၀ ပွဲ ကစားထားပေမယ့် သွင်းဂိုး မရှိသေးပဲ ဂိုးဖန်တီးမှု တစ်ကြိမ်သာ ပြုလုပ်ထားနိုင်တာကြောင့် ဝေဖန် ထောက်ပြခြင်း ခံနေရပါတယ်။ ဒါပေမယ့်လည်း Opta ရဲ့ အချက်အလက်တွေအရ ဝစ်ဇ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အခွင့်အရေး ဖန်တီးနိုင်မှု ၂၁ ကြိမ် ရှိပြီး တခြား ကစားသမား အားလုံးထက် ပိုများနေတာ တွေ့ရပါတယ်။ ဒါ့အပြင် ဝစ်ဇ်က လက်တလော နိုင်ငံတကာ ရက်သတ္တပတ်မှာ ကစားခဲ့တဲ့ ပွဲစဉ် ၂ ပွဲမှာလည်း ဂျာမနီ အတွက် သွင်းဂိုးရော၊ ဂိုးဖန်တီးမှုပါ ပြုလုပ်နိုင်ခြင်း မရှိခဲ့ပေမယ့် ခြေစွမ်းတော့ ပြနိုင်ခဲ့ပါတယ်။

ဒါကြောင့် နည်းပြ ဖြစ်သူ ဂျူလီယန် နေဂဲလ်စ်မန်းက “သူက ဂိုးမသွင်းနိုင်ပေမယ့် ပရီးမီးယားလိဂ်မှာ အခွင့်အရေး ဖန်တီးနိုင်မှု အများဆုံး ကစားသမားပါ။ သူ့ရဲ့ အသင်းဖော်တွေက ဂိုးအဖြစ် မပြောင်းလဲနိုင်တာ သူ့အမှား မဟုတ်ပါဘူး။ အချက်အလက်တွေက ဇာတ်လမ်း တစ်ခုလုံးကို မပြောပြနိုင်ပါဘူး။ ဝစ်ဇ်က လိဂ်ပြိုင်ပွဲနဲ့ အသားကျဖို့ လိုအပ်ပါတယ်။ သူ လွတ်လပ်မှု အပြည့်နဲ့ ကစားနေတာကို ကျွန်တော် တွေ့ပါတယ်။ သူက ဘာတွေ လုပ်နိုင်တယ်၊ ဘယ်လို လုပ်ရလဲ ဆိုတာ သိပါတယ်။” လို့ နေဂဲလ်စ်မန်းက ပြောကြားခဲ့ပါတယ်။

လစ်ဗာပူးလ် ကတော့ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ ကစားရမှာ ဖြစ်ပါတယ်။
နိုင်ငံတကာ ရက်သတ္တပတ်မှာ ဂျာမနီ အတွက် ခြေစွမ်းပြနိုင်ခဲ့တဲ့ ဝစ်ဇ်

ဒါ့အပြင် လစ်ဗာပူးလ် နည်းပြဟောင်း ယာဂန် ကလော့ပ် ကလည်း “သူ့ရဲ့ အရည်အသွေးက အရမ်းပဲ ထူးခြားပါတယ်။ နည်းနည်း ချဲ့ကား ပြောဆိုနေကြလို့ပါ။ သူက ရာစုနှစ်မှာ တစ်ခါလောက်ပဲ တွေ့ရတဲ့ သူမျိုးပါ။ လေဗာကူဆင်မှာ လုပ်ခဲ့သလိုမျိုး ပွဲတိုင်းမှာ သူလုပ်ပြနိုင်ဦးမှာပါ။” လို့ မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။

ဖလော်ရီယန် ဝစ်ဇ် ကတော့ သူ့ အနေနဲ့ လက်ရှိမှာ ရုန်းကန်နေရခြင်းနဲ့ ပတ်သတ်လို့ Sky Sport Germany နဲ့ အင်တာဗျူးမှာ အခုလိုပဲ ပြောကြားခဲ့ဖူးပါတယ်။ “ဟုတ်ပါတယ်။ အမှန်တိုင်း ပြောရရင် ကျွန်တော် ဂိုး တစ်ဂိုးတော့ သွင်းချင်ပါတယ်။ ဒါပေမယ့် ဘယ်သူတွေ ဘာပြောပြော၊ ကျွန်တော် အေးဆေးပါပဲ။ ကျွန်တော် ဘာတွေ စွမ်းဆောင်နိုင်သလဲ ဆိုတာ ကျွန်တော်ကိုယ် ကျွန်တော် သိပါတယ်။ တစ်ချိန်ချိန်မှာ ကွင်းထဲကို ဘာတွေ အမှန်တကယ် ယူဆောင်လာနိုင်မလဲ ဆိုတာ ကျွန်တော် သိပါတယ်။ ဒါကြောင့် ကျွန်တော် အခု အေးဆေးပါပဲ။”

“အချိန်ပေးပါ။ အချိန်ပေးပါ။ ဆိုတာတွေကို ကျွန်တော် မကြားချင်ပါဘူး။ အဲဒီအစား အရင်ကထက် ပိုကောင်းအောင် ကြိုးစားတယ်။ တစ်ခါတလေမှာ ကျွန်တော့်တို့ အတွက် အဆင်မပြေနိုင်တာတွေ ရှိတတ်တယ်။ ဒါမျိုး ကျွန်တော်ရဲ့ အသက်မွေးဝမ်းကြောင်း တလျှောက် တစ်ခါမှ မရှိခဲ့ဖူးဘူး။ ဒါတွေကို ကျွန်တော် ကျော်ဖြတ်နိုင်မှာပါ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် ဆိုးဆိုးရွားရွား ကစားနေတာ မဟုတ်ဘူးလေ။ ကျွန်တော် သွင်းဂိုးနဲ့ ဖန်တီးမှုတွေ မလုပ်နိုင်သေးပါဘူး။ ဒါပေမယ့် အရာအားလုံး အဆင်ပြေပါလိမ့်မယ်။” လို့ ဝစ်ဇ်က ပြောကြားထားခဲ့ပါတယ်။ လစ်ဗာပူးလ် ကတော့ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဝစ်ဇ် အနေနဲ့ အဲဒီ ပွဲမှာရော အဓိက ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့် ရနိုင်မလား။ ဒါမှမဟုတ် အရန် ကစားသမား အဖြစ်ပဲ မြင်တွေ့ရဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်