နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လစ်ဗာပူးလ်နဲ့ အတူ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဖလားတွေ ထပ်ပြီး လိုချင်နေတဲ့ မိုဟာမက် ဆာလာ

အီဂျစ် တိုက်စစ်မှူး မိုဟာမက် ဆာလာ ကတော့ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်နဲ့ အတူ သမိုင်းသစ်တွေ ထပ်မံ ရေးထိုးဖို့ ပစ်မှတ်ထားနေကြောင်း ပြောကြားလာခဲ့ပါတယ်။ ဆာလာဟာ FWA ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပြီးနောက် မှာတော့ လစ်ဗာပူးလ်နဲ့ အတူ သမိုင်းသစ်တွေ ထပ်မံ ရေးထိုးဖို့ ပစ်မှတ်ထားလာခဲ့ပါတယ်။

မိုဟာမက် ဆာလာက “ဒီဆုကို ရတာ အရမ်းပဲ အဓိပ္ပာယ် ရှိပါတယ်။ ဒီဆုကို ပိုင်ဆိုင်ဖူးတဲ့ ကစားသမား စာရင်းမှာ ပါဝင်ခွင့် ရတာ အရမ်းပဲ ကောင်းပါတယ်။ ကျွန်တော့် အနေနဲ့ အသင်းကို ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်အောင် ကူညီနိုင်ခဲ့တာကြောင့် ဒီဆုကို ရရှိခဲ့တာပါ။ စပါးကို အနိုင်ရပြီး ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့နေ့က ကျွန်တော့် ဘဝမှာ အပျော်ဆုံးနေ့ပါပဲ။ ကျွန်တော့်ဘဝမှာ အဲဒီလိုမျိုး တစ်ခါမှ မပျော်ခဲ့ဖူးပါဘူး။ ကျွန်တော့် အနေနဲ့ သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ ပိုပြီး လိုချင်ပါတယ်။ ကျွန်တော့် အနေနဲ့ လာမယ့် ရာသီမှာ ဒီဆုကို ထပ်ရဖို့လည်း မျှော်လင့်ထားပါတယ်။ လစ်ဗာပူးလ်နဲ့ အတူ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဖလားတွေ ထပ်ပြီး လိုချင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ါ့အပြင် လစ်ဗာပူးလ်ဟာ ပရီးမီးယားလိဂ် ဖလား အကြိမ် ၂၀ ရရှိထားတဲ့ ယူနိုက်တက်ရဲ့ စံချိန် ကိုလည်း လိုက်မှီခဲ့ပြီ ဖြစ်ပါတယ်။
ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် အောင်မြင်မှုကို လိုက်မှီခဲ့တဲ့ လစ်ဗာပူးလ်

အသက် ၃၂ နှစ် အရွယ် အီဂျစ် လက်ရွေးစင် တိုက်စစ် ကစားသမား မိုဟာမက် ဆာလာက ဒီရာသီတွင် လစ်ဗာပူးလ်ကို ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်အောင် အဓိက နေရာ ကနေ စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် ဆာလာက အားကစားကလောင်ရှင်များ အဖွဲ့အစည်းက ချီးမြှင့်ခဲ့တဲ့ FWA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို မဲအပြတ်အသတ် အသာနဲ့ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဆာလာက ၂၀၁၈နဲ့ ၂၀၂၂ ခုနှစ်တွေ ကလည်း FWAရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ဖူးပြီး ဒီတကြိမ်နဲ့ ဆိုရင်တော့ တတိယအကြိမ်မြောက် ရရှိခဲ့တာ ဖြစ်ပါတယ်။

မိုဟာမက် ဆာလာက ဒီရာသီ ပရီးမီးယားလိဂ် ၃၇ ပွဲ ကစားရာမှာ ဂိုးပါဝင် ပတ်သက်မှု ၄၆ ကြိမ် (သွင်းဂိုး ၂၈ ဂိုး၊ ၁၈ ဂိုး ဖန်တီး) ပြုလုပ်ထားပြီး ၃၈ ပွဲ ကစားရတဲ့ ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးပါဝင် ပတ်သက်မှု အများဆုံး အဖြစ် စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ် ကတော့ အင်္ဂလန်ရဲ့ ထိပ်တန်း လိဂ်ပြိုင်ပွဲမှာ ကလပ် သမိုင်းတစ်လျှောက် အကြိမ် ၂၀ မြောက်နဲ့ ပရီးမီးယားလိဂ် လို့ နာမည် ပြောင်းလဲပြီး နောက်မှာတော့ ဒုတိယ အကြိမ် ချန်ပီယံ ဖြစ်ခဲ့တာပါ။ ဒါကြောင့် မာဆေးလ်ဆိုက်ဒ် ကလပ် အနေနဲ့ အင်္ဂလန် ဘောလုံး သမိုင်းတစ်လျှောက် အဆင့်မြင့် အမှတ်ပေးဖလား ချန်ပီယံဆုကို အကြိမ် ၂၀ မြောက် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လစ်ဗာပူးလ်ဟာ ပရီးမီးယားလိဂ် ဖလား အကြိမ် ၂၀ ရရှိထားတဲ့ ယူနိုက်တက်ရဲ့ စံချိန် ကိုလည်း လိုက်မှီခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် လစ်ဗာပူးလ်ဟာ ယူနိုက်တက်ရဲ့ အဓိက ဆုဖလား ရရှိတဲ့ အကြိမ် အရေအတွက် ကိုလည်း လိုက်မှီခဲ့ပြီး ဒီလို အောင်မြင်မှုတွေ ရဖို့ မိုဟာမက် ဆာလာက အရေးအကြီးဆုံး နေရာကနေ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်