ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး ကွင်းလယ်လူ ကီဗင် ဒီဘရွန်းနား ကတော့ ရာသီအကုန်မှာ အသင်း ကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း အတည်ပြု ကြေညာထားသူ ဖြစ်ပါတယ်။ ဒီဘရွန်းနား အက်တီဟတ် ကနေ ထွက်ခွာတော့မယ့် ကိစ္စကို တချို့သော မန်စီးတီး အသိုင်းအဝိုင်းက သဘောကျခြင်း မရှိပဲ အဲဒီအထဲမှာ ဘောလုံး ဝေဖန်သုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ မန်စီးတီး နောက်ခံလူဟောင်း မီကာ ရစ်ချက်လည်း အပါအဝင် ဖြစ်ပါတယ်။
အင်္ဂလန် နောက်ခံလူဟောင်းက မန်စီးတီး အနေနဲ့ ဒီဘရွန်းနားကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပေးခဲ့တဲ့ အသင်းရဲ့ လုပ်ရပ်ကို ဝေဖန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ မီကာရစ်ချက်က “ကျွန်တော့်ရဲ့ တစ်ဦးတည်း အမြင်ကို ပြောရမယ်ဆိုရင် မန်စီးတီး ကနေ ဒီဘရွန်းနား ထွက်ခွာသွားတဲ့ အပေါ် စိတ်မကောင်း ဖြစ်မိပါတယ်။ ဒီဘရွန်းနားလို ကစားသမားမျိုးကို ပြောင်းရွှေ့ကြေး အလွတ်နဲ့ ထွက်ခွာခွင့် ပေးခဲ့တဲ့ လုပ်ရပ်ဟာ မှားယွင်းတယ်လို့ ကျွန်တော်တော့ ထင်ပါတယ်။ ဒီဘရွန်းနား အနေနဲ့ အသင်း အတွက် အများကြီး စွမ်းဆောင်ပေးနိုင်ဦးမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် မန်စီးတီးက သူ့ကို အသင်း ကနေ ထွက်ခွာခွင့်ပေးလိုက်တယ်။ ဒါက မှန်ကန်တဲ့ လုပ်ရပ်လို့ ကျွန်တော် မထင်ပါဘူး။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၃၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဒီဘရွန်းနားဟာ ဒီရာသီအကုန်မှာ ပရီးမီးယားလိဂ် ကလပ် မန်စီးတီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ အသင်း ဘက်က စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ခြင်း မရှိတာကြောင့် ဘယ်လ်ဂျီယံသား အနေနဲ့ လာမယ့် နွေရာသီမှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ရှိလာခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ ဒီဘရွန်းနားက ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းနဲ့ အတူ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပါဝင်ဆင်နွှဲချင်တာကြောင့် မန်စီးတီးနဲ့ စာချုပ်သစ် ချုပ်ဆိုချင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ကို ဆော်ဒီပရိုလိဂ်နဲ့ မေဂျာလိဂ် ကလပ်တွေက မြင့်မားတဲ့ လုပ်ခလစာ ပေးချေ ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ ရှိခဲ့ပေမယ့်လည်း သူကိုယ်တိုင် ကတော့ မန်စီးတီးနဲ့သာ စာချုပ်သစ် အတွက် လက်မှတ် ရေးထိုးဖို့ စဉ်းစားခဲ့တာ ဖြစ်ပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရ ဆိုရင် မန်စီးတီး ဘက်က ဒီဘရွန်းနားကို တစ်နှစ် စာချုပ်သစ် ကမ်းလှမ်းဖို့ ရှိခဲ့ပေမယ့် လုပ်ခ လစာ ကိုတော့ လျှော့ချဖို့ စဉ်းစားခဲ့ပါသေးတယ်။ ဒါကြောင့် ဒီဘရွန်းနားဟာ လက်ရှိ တစ်ပတ်ကို ပေါင် ၃၇၅ဝဝဝ ရရှိနေပေမယ့်လည်း စာချုပ်သစ် အရ တစ်ပတ်ကို ပေါင် ၁၅ဝဝဝဝ သာ လျှော့ပြီး ရရှိဖွယ် ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီအချက်တွေ ပရီးမီးယားလိဂ် ကလပ်နဲ့ မန်စီးတီးနဲ့ ဒီဘရွန်းနား တို့ အကြားမှာ သဘောတူညီမှု ရရှိဖို့ ခက်ခဲတဲ့ အခြေအနေတွေ ဖြစ်နိုင်ပါတယ်။
ဒီဘရွန်းနား အနေနဲ့ မန်ချက်စတာစီးတီးမှာ ဆယ်စုနှစ် တစ်ခု အကြာ ကစားခဲ့ပြီးတော့ အဓိက ကစားသမား အဖြစ် ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံသားဟာ ဒဏ်ရာ ပြဿနာတွေ ရှိခဲ့တဲ့ ကာလတွေက လွဲလို့ ကျန်အချိန်အားလုံးမှာ အသင်းကို ကယ်တင်ပေးတတ်တဲ့ ကစားသမား အဖြစ် နာမည်ကြီးသူ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဘရွန်းနားက လက်ရှိအချိန်အထိလည်း ခြေစွမ်းပြနေပြီးတော့ ဒီရာသီမှာ အခြေအနေဆိုးခဲ့တဲ့ မန်စီးတီးရဲ့ ကွင်းလယ်ပိုင်းကို သူပဲ ကယ်တင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မီကာ ရစ်ချက်က ဒီဘရိုင်းနားကို ထွက်ခွာခွင့်ပေးခဲ့တဲ့ အသင်းရဲ့ လုပ်ရပ်ကို ဝေဖန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.