နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

“အမ်ဘူမိုက အသင်းရဲ့ အကောင်းဆုံး ခေါ်ယူမှုပါ” – ရွန်နီ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ရထားပြီးတော့ အမော်ရင် လက်ထက်မှာ ပထမဦးဆုံး အကြိမ် အဖြစ် ရလဒ်တွေကောင်းနေတာ ဖြစ်ပါတယ်။ ဒီလိုမျိုး ယူနိုက်တက်တို့ အရင်နဲ့ မတူပဲ ရလဒ်တွေ ကောင်းနေခြင်း အတွက် အဓိက စွမ်းဆောင်ပေးနေသူတွေ ရှိနေပြီးတော့ ဒီအထဲမှာ တောင်ပံ တိုက်စစ် ကစားသမား ဘရိုင်ယန် အမ်ဘူမိုလည်း ပါဝင်နေပါတယ်။

ဒါကြောင့် မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း ဝိန်း ရွန်နီက အသင်းရဲ့ ကင်မရွန်း တိုက်စစ် ကစားသမား အမ်ဘူမိုဟာ အခုရာသီ ယူနိုက်တက်ရဲ့ အကောင်းဆုံး ခေါ်ယူမှု ဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။ အမ်ဘူမိုဟာ မန်ချက်စတာယူနိုက်တက်ကို ပရီးမီးယားလိဂ် ၃ ပွဲဆက် အနိုင်ရစေတဲ့ ဘရိုက်တန်ကို ၄-၂ နဲ့ အနိုင်ရတဲ့ ပွဲမှာ အသင်းအတွက် အနိုင်ဂိုး ၂ ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အဲဒီပွဲမှာ ၃-၃ ပြန်ဖြစ်သွားနိုင်တဲ့ အခြေအနေ အထိ ရှိခဲ့ပေမယ့် အမ်ဘူမိုရဲ့ စတုတ္ထမြောက် သွင်းဂိုးက ယူနိုက်တက်ကို အနိုင်သေချာစေခဲ့တာ ဖြစ်ပါတယ်။

အမ်ဘူမိုဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၉ ပွဲ ကစားပြီးချိန်မှာလည်း ၄ ဂိုး သွင်းယူထားပြီး ပြိုင်ပွဲစုံ မှာတော့ ၁၀ ပွဲ ကစားကာ ၅ ဂိုးသွင်း၊ ၁ ဂိုး ဖန်တီးထားတာ ဖြစ်ပါတယ်။ အမ်ဘူမိုဟာ နောက်ဆုံး နှစ်ပွဲမှာ ၃ ဂိုးအထိ သွင်းယူထားခဲ့ပြီး ယူနိုက်တက် အတွက် တော်တော်လေးကို ခြေစွမ်းပြနေခဲ့တာ ဖြစ်ပါတယ်။ ဒီလို အမ်ဘူမိုရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သတ်ပြီး ဝိန်းရွန်နီက သဘောကျနေသလို အမှန်ကန်ဆုံးနဲ့ အကောင်းဆုံး ခေါ်ယူမှု ဖြစ်ကြောင်း အခုလိုပဲ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ နိုင်ပွဲတွေ အတွက် အဓိကကျနေတဲ့ အမ်ဘူမို
ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲမှာ ၃ ဂိုး သွင်းထားတဲ့ အမ်ဘူမို

ရွန်နီက “အမ်ဘူမိုဟာ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး တစ်သမတ်တည်း ရှိပါတယ်။ ဒါက အဓိက အရာပဲလို ကျွန်တော် ယူဆပါတယ်။ မှန်ကန်တဲ့ အနေအထားတွေမှာ တစ်သမတ်တည်း ရှိရင် အခွင့်အရေးတွေ ရပြီး ဂိုးတွေ သွင်းနိုင်ပါလိမ့်မယ်။ တိုက်စစ် ကစားသမား တစ်ဦး အနေနဲ့ ဂိုးတွေ သွင်းရင်း ဂိုးတွေ သွင်းရတာ ပိုပျော်လာတတ်ပါတယ်။ ဒီခံစားမှုကို ဆက်လက် ထိန်းသိမ်းထားရပါမယ်။” မှတ်ချက်ပေး ပြောကြားခဲ့ပါတယ်။ 

အသက် ၂၆ နှစ် အရွယ် အမ်ဘူမိုဟာ ပြီးခဲ့တဲ့ရာသီက ဘရန့်ဖို့ဒ်နဲ့ အတူ ပရီးမီးယားလိဂ်မှာ ၃၈ ပွဲမှာ ကစားကာ ဂိုး ၂၀ သွင်းယူခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အမ်ဘူမိုဟာ ကြံ့ခိုင်မှုကောင်းသလို အသင်း အတွက် သက်ရောက်မှု ကြီးမားတဲ့ ကစားသမား တစ်ဦး ဖြစ်ကြောင်း သက်သေပြထားနိုင်တယ်လို့ပဲ ဆိုရပါမယ်။ မန်ချက်စတာယူနိုက်တက် ပရိသတ်တွေ ကတော့ ဒီရာသီမှာ သူ့တို့ အသင်းမှာ ဘရန့်ဖို့ဒ်မှာထက် ပိုပြီး ဂိုးသွင်းနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။

နိုင်ပွဲတွေ ဆက်နေတဲ့ မန်ချက်စတာယူနိုက်တက် ကတော့ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲမှာတော့ နော့တင်ဟမ်ဖောရက်စ်၊ တော့တင်ဟမ်ဟော့စပါး၊ အဲဗာတန်၊ ခရစ္စတယ်ပဲလေ့စ်၊ ဝက်စ်ဟမ်း တို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ၃ ပွဲလောက်က ယူနိုက်တက် အတွက် ပွဲကြပ်နေတယ်လို့ ပြောလို့ ရပြီး သူတို့ ဘယ်လောက်အထိ တည်ငြိမ်မှု ရှိနေပြီလဲ ဆိုတာ စမ်းသပ်ခံရဖို့ ရှိနေပြီလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်