၂၀၂၄-၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး သွင်းဂိုးဆု ကိုတော့ မန်ချက်စတာစီးတီး တိုက်စစ်မှူး အိုမာ မာမွတ်ရှ်က ရရှိခဲ့ပါတယ်။ ဒါ့အပြင် အကောင်းဆုံး ကာကွယ်မှုဆု ကို အက်စတွန်ဗီလာ ဂိုးသမား အမ်မီ မာတီနက်ဇ်က ရရှိသွားခဲ့ကြောင်း သိရပါတယ်။
ဒီဆုတွေ ကတော့ အနယ်နယ် အရပ်ရပ်က ဘောလုံးကျွမ်းကျင်သူတွေနဲ့ ပရိသတ်တွေရဲ့ ဆန္ဒမဲတွေ ပေါင်းစပ်ကာ ရွေးချယ်ခဲ့တဲ့ ဆုတွေ ဖြစ်ပါတယ်။ အိုမာ မာမွတ်ရှ် အနေနဲ့ ဘုန်းမောက်ကို ၃-၁ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးနဲ့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး သွင်းဂိုးဆု ရရှိခဲ့တာ ဖြစ်ပါတယ်။ မာမွတ်ရှ်ဟာ ကီဗင် ဒီဘရွန်းနားရဲ့ ဖန်တီးပေးမှု ကနေ တဆင့် ၁၈ ကိုက်စည်းနဲ့ ခပ်လှမ်းလှမ်း ကနေ ဂိုးရဲ့ ညာဘက် အပေါ်ထောင့်ထဲကို လှလှပပ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒီဆု ကိုတော့ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီ ကမှ စတင် ချီးမြှင့်ခဲ့တာ ဖြစ်ပြီး အီဂျစ်သား အနေနဲ့ မန်စီးတီး ကစားသမားတွေ ထဲမှာ ပထမဦးဆုံး ရရှိသူ အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။
အိုမာ မာမွတ်ရှ် ကတော့ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက် ကမှ ဖရန့်ဖတ် ကနေ မန်စီးတီးကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ပြိုင်ပွဲစုံ ၂၂ ပွဲ ကစားရာမှာ ၈ ဂိုးသွင်း၊ ၁ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီကစားသမားဟာ လာမယ့် ရာသီ ပပ် ဂွါဒီယိုလာရဲ့ အသင်း တိုက်စစ်ပိုင်းမှာ အဓိကကျတဲ့ ကစားသမား ဖြစ်လာဖို့ ရှိနေသူလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကာကွယ်မှုဆုကို မာတီနက်ဇ်ဟာ ဒီဇင်ဘာလက နော့တင်ဟမ်ဖောရက်စ်ကို ၁-၂ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲရဲ့ ကာကွယ်မှုနဲ့ ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ အာဂျင်တီးနားသားဟာ ပြိုင်ဘက် တောင်ပံ ကစားသမား ဒိုမင်ဂွက်ဇ်ရဲ့ အနီးကပ် ခေါင်းတိုက်ချက်ကို ဂိုးစည်းပေါ်မှာ တစ်ပတ်လည်ကာ ကာကွယ်သွားခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကာကွယ်မှုဆု ကိုတော့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ စတင် ချီးမြှင့်ခဲ့တာ ဖြစ်ပြီး မာတီနက်ဇ် အနေနဲ့လည်း ပထမဦးဆုံး အကြိမ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ ရာသီက အက်စတွန်ဗီလာ အတွက် ပြိုင်ပွဲစုံ ၅၃ ပွဲ ကစားပြီး ပရီးမီးယားလိဂ် မှာတော့ ၃၇ ပွဲ ကစားကာ ဂိုးမပေးရတဲ့ပွဲ ၈ ပွဲ ရှိခဲ့ပါတယ်။ ဒီဂိုးသမားဟာ အက်စတွန်ဗီလာာ အတွက် ၅ ရာသီ အတွင်း ပုံစံကောင်းတွေ ပြသခဲ့ပြီးတော့ ဒီနွေရာသီမှာ အသင်း ကနေ ထွက်ခွာဖို့ များနေသူ ဖြစ်ပါတယ်။ သူ့ကိုတော့ လက်ရှိမှာ မန်ချက်စတာယူနိုက်တက်နဲ့ ဘာစီလိုနာ တို့က စိတ်ဝင်စားနေပြီး အသင်းဟောင်း အာဆင်နယ် ကလည်း ပြန်လည် ခေါ်ယူလိုနေကြောင်း သတင်းတွေ ထွက်နေပါတယ်။
ဆက်လက်ပြီး ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ပြန်လာနိုင်မှုဆုကို မန်ချက်စတာယူနိုက်တက်က (မန်စီးတီး ၁-၂ ယူနိုက်တက်) ပွဲနဲ့ ရရှိခဲ့ပါတယ်။ အရှိန်အပြင်းဆုံး သွင်းဂိုးဆု ကိုတော့ နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်က လစ်ဗာပူးလ်နဲ့ ၃ ဂိုးစီ သရေကျခဲ့တဲ့ ပွဲက သွင်းဂိုးနဲ့ ရရှိခဲ့ပါတယ်။ အိဆက်ခ်ရဲ့ သွင်းဂိုး ကတော့ တစ်နာရီကို ၁၀၈.၉၄ ကီလိုမီတာနှုန်း ရှိခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.