နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နောက်ဆုံး ၉ ပွဲမှာ ကစားသမား ၅ ဦး အထိ အနီကတ်ပြခံရတဲ့‌ အပေါ် စိတ်ပျက်နေတဲ့ မာရက်စ်ကာ ‌| ခရာဘောင်ဖလား

ညက ယှဉ်ပြိုင်ကစားသွားတဲ့ ခရာဘောင်ဖလား စတုတ္ထအဆင့် ပွဲစဉ် တစ်ပွဲ မှာတော့ ချဲလ်ဆီးက ဝုဗ်ဗာဟမ်တန်တမ်းဒါးရားစ်ကို အကြိတ်အနယ် ကစားပြီး ၃-၄ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ချဲလ်ဆီးဟာ ဦးဆောင်ဂိုးတွေ သွင်းယူထားနိုင်ခဲ့လို့သာ ပြိုင်ဘက်ကို အသာရခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဗစ်တာ ပါရဲရားရဲ့ ဝုဗ် ကတော့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပေမယ့် အန်ဇို မာရက်စ်ကာ ကတော့ ဂျော့ဂျ်၊ ဂစ်တန်စ်၊ ဘူအန်နော့တီ၊ အက်စတီဗာအို၊ အန်ဒရီ ဆန်းတို့စ်၊ လာဗီယာ၊ ဂျော်ဂျန်ဆန် တို့လို လူငယ်ကစားသမားတွေကို ပွဲထွက်ခွင့်ပေးခဲ့ပါတယ်။ ဒီရာသီ ပြိုင်ပွဲစုံမှာ ရလဒ်တွေ တောက်လျောက် ဆိုးရွားနေတဲ့ ဝုဗ် ကတော့ ပွဲစကတည်းက ချဲလ်ဆီးရဲ့ ဦးဆောင်ဂိုးတွေ သွင်းယူခြင်း ခံခဲ့ရပြီး နောက်ကနေ လိုက်ကစားခဲ့ရပါတယ်။ ချဲလ်ဆီး အတွက် ဂိုးတွေ ကိုတော့ ပွဲချိန် ၅ မိနစ်မှာ အန်ဒရီ ဆန်းတို့စ်၊ ၁၅ မိနစ်မှာ ဂျော့ဂျ်၊ ၄၁ မိနစ်မှာ အက်စတီဗာအို တို့က သွင်းယူပေးခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ ၀-၃ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။ 

ဒုတိယပိုင်းမှာတော့ အိမ်ရှင်တို့ ပြန်လာနိုင်ခဲ့ပြီး ၄၈ မိနစ်နဲ့ ၇၃ မိနစ် တို့မှာ ၂ ဂိုး ပြန်ရခဲ့သလို လူစားဝင်လာခဲ့တဲ့ တိုက်စစ်မှူး လီယမ် ဒီလက်ပ် ကလည်း အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့တာကြောင့် ချဲလ်ဆီး အတွက် စိုးရိမ်စရာ ဖြစ်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ ဝုဗ် ကလည်း ချဲလ်ဆီး ခံစစ်ကို တောက်လျောက် ဖိအားပေး ကစားနေပြီး ဂိုးရဖို့လည်း အကြိမ်ကြိမ် နီးစပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၈၉ မိနစ်မှာ ဂျေမီ ဂစ်တန်စ် သွင်းယူတဲ့ လှပလွန်းတဲ့ ဂိုးက ၂-၄ ဖြစ်သွားစေခဲ့ပြီး ဝုဗ်ကို မျှော်လင့်ချက်မဲ့သွားစေခဲ့ပါတယ်။ အဲဒီနောက် ဝုဗ်က ပွဲပြီးခါနီးမှာ ၁ ဂိုး ထပ်ရခဲ့ပေမယ့်လည်း ခရာမမှုတ်ခင် ပွဲကို ချိန်ခွင်လျှာညီစေဖို့ မစွမ်းဆောင်နိုင်ခဲ့တာကြောင့် ၃-၄ ရလဒ်နဲ့ ချဲလ်ဆီးတို့ အနိုင်ရသွားခဲ့ပါတယ်။

တခြားသော ခရာဘောင်ဖလား ကွာတားဖိုင်နယ် ပွဲစဉ်တွေ မှာတော့ အာဆင်နယ်က ပဲလေ့စ်၊ မန်စီးတီးက ဘရန့်ဖို့ဒ်နဲ့ နယူးကာဆယ်က ဖူလ်ဟမ်နဲ့ တွေ့ဆုံနေပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲမှာ အနီကတ် ၅ ကြိမ် ထိခဲ့တဲ့ ချဲလ်ဆီး

ပထမပိုင်းမှာ ၀-၃ နဲ့ ဦးဆောင်ထားနိုင်တဲ့ ချဲလ်ဆီး အနေနဲ့ ဒုတိယပိုင်း ကိုတော့ သက်တောင့်သက်သာ ထိန်းချုပ် ကစားနိုင်ခဲ့ရမှာပါ။ ဒါပေမယ့်လည်း ခံစစ်ပိုင်း မတည်ငြိမ်မှုနဲ့ အတူ ဂိုးတွေ ပြန်ပေးခဲ့ရတာ ဖြစ်ပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲမှာ ကစားသမား ၅ ဦး အထိ အနီကတ် ပြခံခဲ့ရတဲ့ အခြေအနေ ကလည်း ပြောစရာ ရှိခဲ့ပါတယ်။ နည်းပြ ဖြစ်သူ အန်ဇို မာရက်စ်ကာ ကတော့ ပွဲကို အနိုင်ရရှိခဲ့လို့ ဝမ်းသာပေမယ့် အသင်းရဲ့ စည်းကမ်းပိုင်းဆိုင်ရာ မှတ်တမ်းဆိုး အပေါ်မှာတော့ စိတ်ပျက်မိကြောင်း ပြောကြားသွားခဲ့ပါတယ်။

မာရက်စ်ကာက “ပထမပိုင်း ကတော့ အရမ်းပျော်ပါတယ်၊ ဒုတိယပိုင်း ကိုတော့ အရမ်း စိတ်ပျက်ပါတယ်။ ဒါက ပွဲအပေါ် ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင်နဲ့ ခွဲခြမ်းစိတ်ဖြာမှုပါ။ ပထမပိုင်းမှာ ကျွန်တော်တို့ အရမ်းကောင်းတယ်လို့ ထင်ပါတယ်။ ၃ ဂိုး သွင်းဖို့က ခက်ပါတယ်။ ကျွန်တော် တို့က တိုက်စစ် ကောင်းကောင်းနဲ့ စတင်ခဲ့ပြီး အခွင့်အရေးကောင်းတွေ ရခဲ့ပါတယ်။

“ကျွန်တော်တို့ ဘာမှ မပေးခဲ့ရပါဘူး။ ပြီးတော့ ဒုတိယပိုင်းလည်း ရောက်ရော မှန်ကန်တဲ့ အရာတွေ မလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ ပေးလိုက်ရတဲ့ ပထမဆုံးဂိုးက ပွဲကို အနည်းငယ် ပြောင်းလဲလိုက်သလို ဖြစ်ခဲ့ပြီး သူတို့ကို စိတ်ဓာတ်ခွန်အား၊ ပြန်လာဖို့ ခွန်အားတွေ ပေးခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ ပေးလိုက်ရတဲ့ ဂိုး ၃ ဂိုးစလုံးက မပေးသင့်ရဘူးလို့ ထင်ပါတယ်။ ပြီးတော့ ကျွန်တော် တို့မှာ မလိုအပ်တဲ့ အနီကတ်၊ အရမ်း မိုက်မဲတဲ့ အနီကတ်လည်း ရှိခဲ့ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။ဝုဗ် ကတော့ ပြီးခဲ့တဲ့ ဘန်လေနဲ့ ပွဲမှာ ပြန်လာနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ရသလို ဒီပွဲမှာလည်း အလားတူ အခြေအနေမျိုးနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီပွဲမှာ အနိုင်ရခဲ့တဲ့ ချဲလ်ဆီး ကတော့ ခရာဘောင်ဖလား ကွာတားဖိုင်နယ်မှာ ကာဒစ်ဖ်စီးတီးနဲ့ တွေ့ဆုံနေပြီး တခြားသော ပြိုင်ဘက်တွေထက် ပွဲချောင်နေခဲ့ပါတယ်။ တခြားသော ခရာဘောင်ဖလား ကွာတားဖိုင်နယ် ပွဲစဉ်တွေ မှာတော့ အာဆင်နယ်က ပဲလေ့စ်၊ မန်စီးတီးက ဘရန့်ဖို့ဒ်နဲ့ နယူးကာဆယ်က ဖူလ်ဟမ်နဲ့ တွေ့ဆုံနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်