မန်ချက်စတာယူနိုက်တက် ကတော့ ဘရန့်ဖို့ဒ် တိုက်စစ် ကစားသမား ဘရိုင်ယန် အမ်ဘူမိုကို ခေါ်ယူဖို့ အလုံးစုံ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ သူတို့ အချိန်ပေး ကြိုးပမ်းခဲ့ရတဲ့ ကစားသမားနဲ့ မနေ့ကပဲ Here We Go ခဲ့တာ ဖြစ်ပြီး ပေါင်သန်း ၇၀ နဲ့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။
ကင်မရွန်း တောင်ပံ တိုက်စစ် ကစားသမား အမ်ဘူမို အတွက် ပေါင် ၆၅ သန်း+အပိုဆုကြေး ၅ သန်းနဲ့ ကမ်းလှမ်းမှုကို ဘရန့်ဖိုဒ် ဘက်က လက်ခံလိုက်တာ ဖြစ်ပြီး ဒါဟာ ဘရန့်ဖို့ဒ် အသင်း သမိုင်းတစ်လျှောက် စံချိန်တင် ရောင်းချရမှု အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အမ်ဘူမိုဟာ ၂၀၁၉ ခုနှစ် နွေရာသီမှာ ပြင်သစ် ကလပ် ထရွိင်စ် ကနေ ဘရန့်ဖို့ဒ် ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၅.၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။
အသက် ၂၅ နှစ် အရွယ် ကစားသမားဟာ ဒီနွေရာသီမှာ မန်ချက်စတာယူနိုက်တက်ရဲ့ ပစ်မှတ် ကစားသမား ဖြစ်ခဲ့ပြီး အစောပိုင်း ၂ ကြိမ် ကမ်းလှမ်းမှုကို ဘရန့်ဖို့ဒ် ဘက်က ပယ်ချခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဇွန်လဆန်းပိုင်းမှာ ပေါင် ၅၅ သန်းနဲ့ ပထမအကြိမ်၊ ဇွန်လကုန်ပိုင်းမှာ ပေါင် ၆၂.၅ သန်းနဲ့ ဒုတိယအကြိမ် ကမ်းလှမ်းမှုတွေကို ဘရန့်ဖို့ဒ်က ပယ်ချခဲ့တာပါ။ အဲဒီနောက် နောက်ဆုံး အကြိမ် အဖြစ် ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်း၊ အပိုဆုကြေး ပေါင် ၅ သန်း၊ စုစုပေါင်း ပေါင်သန်း ၇၀ နဲ့ ကမ်းလှမ်းမှု ကိုတော့ လက်ခံခဲ့တာ ဖြစ်ပါတယ်။

ဘရိုင်ယန် အမ်ဘူမို ကတော့ အစောပိုင်း ကတည်း ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကိုသာ ပြောင်းရွှေ့လိုကြောင်း ပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ကတော့ လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေ ကတည်းက ရရှိထားခဲ့တာပါ။ အမ်ဘူမိုရဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင် ၆၅ သန်း အပြင် အပိုဆုကြေး ပေါင် ၆ သန်း ပါဝင်မှာ ဖြစ်ပါတယ်။ ဒီငွေပေးချေမှုတွေကို ၄ ကြိမ် အရစ်ကျခွဲပြီး ပေးချေသွားမှာ ဖြစ်သလို အခုလို ပေးချေမှု ပုံစံ ကိုလည်း ဘရန့်ဖို့ဒ် ဘက်က လက်ခံခဲ့တာကြောင့် နောက်ဆုံးမှာ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။
အမ်ဘူမိုဟာ မန်ချက်စတာယူနိုက်တက်နဲ့ ၂၀၃၀ ဇွန်လ အထိ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပြီး ၂၀၃၁ ခုနှစ် ဇွန်လ အထိ သက်တမ်းတိုးနိုင်တဲ့ ရွေးချယ်ခွင့်လည်း ပါဝင်ပါတယ်။ ပရီးမီးယားလိဂ် ထိပ်သီး တို့ဟာ တစ်နှစ် သက်တမ်းတိုးခွင့် ရွေးချယ်မှုကို လိုချင်ခဲ့ပြီး သဘောတူညီမှုမှာ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ဒီနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ လက်နှေးနေတဲ့ မန်ချက်စတာယူနိုက်တက်ဟာ မာသီးယပ်စ် ကူညာ အပြီး အမ်ဘူမိုကို နောက်ထပ် အဓိက ခေါ်ယူမှု အဖြစ် သတ်မှတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါကြောင့် ယူနိုက်တက်ဟာ နွေရာသီ အပြောင်းအရွှေ့ ကာလမှာ ကစားသမား ၂ ဦး အတွက် ပေါင် သန်း ၁၃၀ ဝန်းကျင် သုံးစွဲထားပြီး ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ ယူနိုက်တက်ဟာ အမ်ဘူမိုကို ခေါ်ယူနိုင်အပြီးမှာ တခြားသော ကစားသမားတွေကို ဆက်လက် ခေါ်ယူဖို့ ကြိုးပမ်းသွားဦးမယ်လို့ သိရပါတယ်။ ဒါ့အပြင် မားကပ်စ် ရက်ရှ်ဖို့ဒ်၊ အလက်ဟန်ဒရို ဂါနာချို၊ အန်တိုနီ၊ ဂျေဒန် ဆန်ချို၊ မလာစီယာ တို့ကိုလည်း ရောင်းထုတ်ဖို့ စီစဉ်ရဦးမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.