မန်ချက်စတာစီးတီး – ခရစ္စတယ်ပဲလေ့စ်
ပရီးမီးယားလိဂ် ပွဲစဉ် ၃၂ ရဲ့ အစောဆုံး ပွဲစဉ် တစ်ပွဲ အဖြစ် မန်ချက်စတာစီးတီးနဲ့ ခရစ္စတယ်ပဲလေ့စ်တို့ အက်တီဟတ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က မန်ချက်စတာဒါဘီမှာ နိုင်ပွဲ ပျောက်ခဲ့တဲ့ မန်စီးတီးတို့ ရလဒ်တွေ တောက်လျောက် ကောင်းနေတဲ့ ပဲလေ့စ်ကို အသာရသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
မန်ချက်စတာစီးတီး ကတော့ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေပြီးတော့ Top 4 အတွက် အမှားခံလို့ မရတော့တဲ့ အခြေအနေ ဖြစ်ပါတယ်။ နောက်ရာသီ ပရီးမီးယားလိဂ် ကနေ ၅ သင်းအထိ ချန်ပီယံလိဂ် ဝင်ခွင့်ရနိုင်ဖို့ ရှိတယ် ဆိုပေမယ့်လည်း ဂွါဒီယိုလာ အနေနဲ့ လက်ကျန် ပွဲစဉ်တွေကို ဗိုလ်လုပွဲလို သဘောထား ကစားဖို့ ပြောထားပါတယ်။ ဒီတစ်ပတ်မှာ သူတို့ အပေါ်မှာ ရှိနေတဲ့ နယူးကာဆယ်က ယူနိုက်တက်နဲ့ ကစားရမှာ ဖြစ်လို့ ဒီအခြေအနေကို မန်စီးတီး အခွင့်ကောင်းယူနိုင်ဖို့ လိုအပ်ပါတယ်။ ပဲလေ့စ်နဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၆ ပွဲဆက် အသာရထားတဲ့ မန်စီးတီးတို့ ရလဒ်ကောင်း တစ်ခုကို ထပ်မံ ရှာဖွေသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာပါ။
အိုလီဗာ ဂလက်စ်နာရဲ့ ပဲလေ့စ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ အဲဗာတန်ကို ရှုံးပြီး ကတည်းက ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲဆက် ရလဒ်ကောင်းထားပါတယ်။ ပဲလေ့စ်က အဲဒီ ၈ ပွဲမှာ ဆောက်သမ်တန်ကို သရေကျခဲ့တာက လွဲရင် ကျန် ၇ ပွဲစလုံး အနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာ ဘရိုက်တန်လို ကစားရခက်တဲ့ အသင်း ကိုတောင် အနိုင်ရထားပြီး ပရီးမီးယားလိဂ် ဇယား အထက်ပိုင်းကို တဖြည်းဖြည်း တက်လှမ်းလာတာ တွေ့ရပါတယ်။ တစ်ခု ရှိတာက ပဲလေ့စ်ဟာ မန်စီးတီးနဲ့ တွေ့ဆုံချိန်တိုင်း ရုန်းကန်ရတတ်လို့ ရလဒ်ကောင်းနေမှု ရပ်တန့်သွားတော့မလား ဆိုတာတော့ စဉ်းစားစရာ ရှိပါတယ်။
နှစ်ဖက်အသင်း သတင်းများ

ခရစ္စတယ်ပဲလေ့စ် မှာတော့ ရီရက်ဒ်နဲ့ ဒူကိုရေး တို့ ဒူးဒဏ်ရာတွေကြောင့် လွဲချော်ဖို့ ရှိပြီး မာ့ခ် ဂူဟီနဲ့ အန်ကတ်တီးယား တို့ကတော့ ပွဲပယ် ပြစ်ဒဏ်ကြောင့် လွဲချော်ကြမှာပါ။
ဖြစ်နိုင်ဖွယ် လူစာရင်း
မန်ချက်စတာစီးတီး – အီဒါဆင်၊ လီဝစ်၊ ဒီးရာ့စ်၊ ဂဗာဒီယိုလ်၊ အိုရွိုင်လီ၊ ဂွန်ဒိုအန်၊ နီကို၊ ဆာဗင်ဟို၊ ဒီဘရွန်းနား၊ ဒိုကု၊ မာမွတ်ရှ်
ခရစ္စတယ်ပဲလေ့စ် – ဟန်ဒါဆန်၊ လာမာ၊ လာခရိုဆစ်၊ ရစ်ချက်ဒ်၊ မူနော့ဇ်၊ ဝှာတန်၊ ဟူ့ဂျ်၊ မစ်ချဲလ်၊ ဆား၊ အီးဇီး၊ မက်တေးတား
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၂၅ ကြိမ် တွေ့ဆုံခဲ့ရာမှာ မန်စီးတီးက ၁၇ ကြိမ် အထိ အနိုင်ရခဲ့ပြီး ပဲလေ့စ်က ၃ ကြိမ်သာ အနိုင်ရကာ ၅ ကြိမ် သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာလည်း မန်စီးတီးက ၃ ကြိမ် နိုင်ပြီး ၂ ကြိမ် သရေကျခဲ့ပါတယ်။ အက်တီဟတ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ကြိမ် မှာတော့ မန်စီးတီးက ၂ ကြိမ်နိုင်၊ ၂ ကြိမ် သရေကျကာ၊ ပဲလေ့စ်က ၁ ကြိမ် နိုင်ခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ မန်စီးတီး နိုင်ရင် ၁.၄၇ ဆ၊ ခရစ္စတယ်ပဲလေ့စ် နိုင်ရင် ၅.၄၀ ဆနဲ့ သရေ ဆိုရင်တော့ ၄.၂၁ ဆ ပေးထားပါတယ်။ ဟန်းဒီးကပ် ကြေးဖွင့်မှု မှာတော့ မန်စီးတီးက တစ်လုံး တစ်ဝက်စား၊ တစ်လုံး သရေ၊ တစ်လုံး တစ်ဝက်ရှုံး ကြေးတွေပေးထားပါတယ်။ ဂိုပေါင်းကြေး ကတော့ ၃ လုံးက စဖွင့်ပါတယ်။ ဟာလန်း မပါတဲ့ မန်စီးတီး တိုက်စစ်က ဒီပွဲမှာလည်း ဂိုးရဖို့ ခက်ခဲနိုင်ပါတယ်။ ပဲလေ့စ် ကလည်း ခြေစွာနေချိန် ဖြစ်လို့ မန်စီးတီးတို့ ပိုလို့တောင် သတိထား ကစားရဦးမှာပါ။ ဒါပေမယ့်လည်း အကျိုးအမြတ် အတွက် ဆိုရင်တော့ သေချာတဲ့ မန်စီးတီး ဘက်မှာပဲ ရပ်တည်ထားသင့်ပါတယ်။ မန်စီးတီးတို့ ကပ်နိုင်သွားမယ့် ပွဲလို့ ထင်ပါတယ်။
ခန့်မှန်းရလဒ်
မန်ချက်စတာစီးတီး ၂-၁ ခရစ္စတယ်ပဲလေ့စ်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.