ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ဗစ်တာ အိုဆင်မ်ဟန်ကို မခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့် ဂါလာတာဆာရေးမှာ အငှားနဲ့ သွားရောက် ကစားနေတဲ့ နိုင်ဂျီးရီးယား တိုက်စစ်မှူး ကိုတော့ ချဲလ်ဆီး၊ အာဆင်နယ်နဲ့ ဆော်ဒီပရိုလိဂ် ကလပ် အများအပြားက စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။
ဆက်စပ် သတင်းတွေ အရ ဆိုရင်တော့ ပရီးမီးယားလိဂ် ကလပ်ဟာ အိုဆင်မ်ဟန် အစား ဘရန့်ဖို့ဒ်က ပေါင်သန်း ၅၀ တန် တိုက်စစ် ကစားသမား ဘရိုင်ယန် အမ်ဘူအမ်မို ပြောင်းလဲ စိတ်ဝင်စားလာကြောင်းလည်း သိရပါတယ်။ ဒါ့အပြင် ဒီ ကင်မရွန်း လက်ရွေးစင် ကစားသမား ကိုလည်း အာဆင်နယ်နဲ့ လစ်ဗာပူးလ် တို့က ချိတ်ဆက်လျက် ရှိကြောင်း သိရပါတယ်။
ချဲလ်ဆီး ကတော့ ဂျေဒန် ဆန်ချိုကို ဒဏ်ကြေး ပေါင် ၅ သန်း ပေးချေပြီး ယူနိုက်တက်ဆီ ပြန်လည် စေလွှတ်ဖို့ အဆင်သင့် ရှိနေပြီ ဖြစ်ကြောင်း The Sun က ဖော်ပြလာပါတယ်။ အစက ချဲလ်ဆီးဟာ ဆန်ချိုကို အပြီးသတ် ခေါ်ယူပြီး တခြား ကလပ် တစ်ခုထံ ပြန်လည် ရောင်းထုတ်ဖို့ စဉ်းစားခဲ့သေးပေမယ့် လက်ရှိမှာတော့ ယူနိုက်တက် ဆီကိုသာ ပြန်လည် စေလွှတ်တော့မယ့် အခြေအနေ ဖြစ်ပါတယ်။

ဘုန်းမောက်ရဲ့ ခြေစွမ်းပြ ဟန်ဂေရီ ဘယ်နောက်ခံလူ မီလော့စ် ကာကက်ဇ်ကို လစ်ဗာပူးလ်က စိတ်ဝင်စားမှုတွေ ရှိနေပေမယ့်လည်း အာဆင်နယ် ကလည်း ဒီကစားသမားကို ခေါ်ယူဖို့ ခေါ်ယူဖို့ စိတ်အားထက်သန်လျက် ရှိကြောင်း GIVEMESPORT က ဖော်ပြထားပါတယ်။ ကာကက်ဇ်ကို လစ်ဗာပူးလ်က အာနိုးလ်ရဲ့ နေရာမှာ အစားထိုးဖို့ အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ထားပြီး ဒီအပြောင်းအရွှေ့ထဲကို အာဆင်နယ်တို့ ဝင်ရောက်လာမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
မန်ချက်စတာစီးတီး ကွင်းလယ်လူ အိုင်ခေး ဂွန်ဒိုအန် ကိုတော့ တူရကီ ထိပ်သီး ဂါလာတာဆာရေးက ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ဒါကို ကစားသမား ကိုယ်တိုင် ကလည်း စိတ်ဝင်စားနေပြီး မန်စီးတီး ကနေ ထွက်ခွာပြီးရင်တော့ ဂျာမန်သားက ဂါလာတာဆာရေး ကိုပဲ ပြောင်းရွှေ့ဖို့ များနေပြီ ဖြစ်ပါတယ်။
အကယ်၍ အာဆင်နယ် အနေနဲ့ ဗဟို ခံစစ်မှူး ဂါဘရီရယ် မက်ဂါဟေးစ်နဲ့ လမ်းခွဲရမယ် ဆိုရင် ပြောင်းရွှေ့ကြေး အဖြစ် အနည်းဆုံး ယူရို သန်း ၁၀၀ (ပေါင် ၈၆.၄ သန်း) တောင်းဆိုသွားဖို့ ရှိနေပါတယ်။ ဒီဘရာဇီးလ် ခံစစ်ကျောက်ဆောင် ကိုတော့ ဆော်ဒီပရိုလိဂ် ကလပ်တွေ ဖြစ်တဲ့ အဲလ်နာဆာနဲ့ အဲလ် အစ်တီဟတ် တို့က အသည်းအသန် ချိတ်ဆက်နေကြပြီး တစ်ပတ် လုပ်ခ ပေါင် ၄၀၀,၀၀၀ ဝန်းကျင်နဲ့ ကမ်းလှမ်းဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
ချဲလ်ဆီး ကလည်း ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ရိုဒရီဂိုကို လစ်ဗာပူးလ်နဲ့ အပြိုင် ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ ချဲလ်ဆီးဟာ ရိုဒရီဂိုကို လစ်ဗာပူးလ်ထက် လက်ဦးမှု ရယူဖို့ ယူရိုသန်း ၁၂၀ (ပေါင် ၁၀၃.၆ သန်း) နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။
တိုင်လာ ဒီဘလင်း ကတော့ ဆောက်သမ်တန်ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချဖို့ ရှိနေတာကြောင့် ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုတွေ ပိုမို မြင့်တက်လာကြောင်း သိရပါတယ်။ စိန့်ဟာ အကယ်၍ ဒီကစားသမားကို လက်လွှတ်ခဲ့ရမယ် ဆိုရင်တော့ ပေါင် ၃၅ သန်း ဝန်းကျင် အလိုရှိနေကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.