ဩဂုတ် ၂၆ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် မန်ချက်စတာယူနိုက်တက် အကယ်ဒမီထွက် ကိုဘီ မိန်းနူး ကတော့ ဒီနွေရာသီမှာ အိုးထရက်ဖို့ဒ် ကနေ ထွက်ခွာဖို့ ပြင်ဆင်နေကြောင်း talkSPORT က ဖော်ပြခဲ့သည်။ ချဲလ်ဆီး ကတော့ ရူဘင် အမော်ရင် လက်အောက်မှာ မျက်နှာသာမရ ဖြစ်နေတဲ့ မိန်းနူးကို စိတ်ဝင်စားနေပေမယ့် ယူနိုက်တက် ကတော့ အင်္ဂလန် ပြည်ပ ကလပ်တွေဆီသာ ရောင်းထုတ်လိုနေပါတယ်။
အက်စတွန်ဗီလာ ကစားသမား မော်ဂန် ရော်ဂျာစ် ကတော့ လစ်ဗာပူးလ် အတွက် အံ့အားသင့်ဖွယ် ပစ်မှတ် အဖြစ် ပေါ်ထွက်လာခဲ့ကြောင်း သိရပါတယ်။ အင်္ဂလန် လက်ရွေးစင် ကို ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့ ပေါင် ၇၅ သန်းနဲ့ အထက် ကုန်ကျဖွယ် ရှိပြီး လစ်ဗာပူးလ်ဟာ အလက်ဇန္တား အိဆက်ခ်နဲ့ တွဲဖက်ပေးဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။
Fichajes ရဲ့ ဖော်ပြချက်အရ အဲဗာတန်ဟာ ဂျက် ဂရီးလစ်ရှ်ကို မန်ချက်စတာစီးတီး ကနေ အမြဲတမ်း စာချုပ်နဲ့ ခေါ်ယူဖို့ စဉ်းစားနေကြောင်း သိရပါတယ်။ လက်ရှိမှာ အဲဗာတန်က ဂရီးလစ်ရှ်ကို တစ်ရာသီ အငှားနဲ့ ခေါ်ယူထားပြီး စာချုပ်သက်တမ်း ပြည့်ချိန်မှာ ပေါင် သန်း ၅၀ နဲ့ အပြီးသတ် ဝယ်ယူခွင့် ရှိနေပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ ဆန်နီ လမ်မန်စ်ကို ခေါ်ယူဖို့ နီးစပ်နေပေမယ့် ဂါလာတာဆာရေးရဲ့ ကြားဖြတ် ကမ်းလှမ်းခံရနိုင်ခြေ ရှိနေကြောင်း သိရပါတယ်။ ဘယ်လ်ဂျီယမ် လူငယ်ကစားသမားဟာ လက်ရှိမှာ မန်ချက်စတာစီးတီးရဲ့ ပစ်မှတ်လည်း ဖြစ်နေပါတယ်။

တော့တင်ဟမ်ဟော့စပါး ကတော့ ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီးရဲ့ ထိပ်တန်း အပြောင်းအရွှေ့ ပစ်မှတ် ဖြစ်တဲ့ ဇာဗီ ဆိုင်မွန်စ်ကို အံ့အားသင့်ဖွယ် ကမ်းလှမ်းဖို့ ရှိနေကြောင်း သိရပါတယ်။
ဘုန်းမောက်ဟာ အက်ဆဲလ် ဒီဆာဆီကို ခေါ်ယူဖို့ အတွက် ချဲလ်ဆီးနဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်နေပြီး တိုးတက်မှုတွေလည်း ရှိနေကြောင့် နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြပါတယ်။
ပီအက်စ်ဂျီနဲ့ မန်စီးတီးတို့ ကတော့ ပါရမီ ရှိတဲ့ လူငယ် တိုက်စစ်မှူး ယီရီမေကို ယူရို သန်း ၆၀ (ပေါင် ၅၂ သန်း) နဲ့ ခေါ်ယူဖို့ ဆန္ဒရှိနေကြောင်း Fichajes က ဖော်ပြခဲ့ပါတယ်။
စွယ်စုံရ နယ်သာလန်သားကို ခေါ်ယူချင်ရင်တော့ ပေါင် ၃၅ သန်း ပေးချေရဖို့ ရှိနေပါတယ်။ ခရစ္စတယ်ပဲလေ့စ် နည်းပြ အိုလီဗာ ဂလက်စ်နာ ကတော့ နောက်ခံလူ မာ့ခ် ဂူဟီ သာ အသင်း ကနေ ထွက်ခွာသွားခဲ့ရင် မိမိ ကိုယ်တိုင် ဝင်ကစားဖို့ ကြိုးစားရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဂလက်စ်နာဟာ အသင်းရဲ့ အဓိကကစားသမားလည်း ဖြစ်သလို အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ ဂူဟီကို အသင်းမှာ ဆက်ထိန်းထားချင်နေပေမယ့် အသင်းရဲ့ ဥက္ကဋ္ဌ စတိဗ် ပါရစ်ရှ် ကတော့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ ကစားသမားကို ရောင်းထုတ်ဖို့ စီစဉ်နေပါတယ်။ ဂလက်စ်နာက ကစားသမားသစ်တွေ ထပ်မံ အားဖြည့်ပေးဖို့ တောင်းဆိုထားတာ ကိုလည်း အသင်း တာဝန်ရှိသူတွေ အနေနဲ့ လုပ်ဆောင်ပေးထားနိုင်ခြင်းလည်း မရှိသေးပါဘူး။ ဒါကြောင့် ဂလက်စ်နာက သူကိုယ်တိုင် ဝင်ကစားရမယ့် အခြေအနေ ဖြစ်နေကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.