နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စတုဂတ် ကွင်းလယ်လူကို ယူရို သန်း ၆၀ နဲ့ ခေါ်ယူချင်နေတဲ့ လစ်ဗာပူးလ်၊ ဖိုဖာနာ အတွက် လမ်းဖွင့်ပေးထားတဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး လစ်ဗာပူးလ် ကတော့ စတုဂတ် ကွင်းလယ်လူ အန်ဂျလို စတီလာကို ယူရိုသန်း ၆၀ (ပေါင် ၅၀.၉ သန်း) နဲ့ ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဂျာမန်နွယ်ဖွား အသက် ၂၄ နှစ် အရွယ် ကစားသမား ကိုတော့ ဘေယန်မြူးနစ် ကလည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။ 

မန်ချက်စတာယူနိုက်တက် ကတော့ ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီယောင်ကို ခေါ်ယူဖို့ တခြားသော ကလပ်တွေနဲ့ အပြိုင်အဆိုင် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ဒီနယ်သာလန်သားကို ချဲလ်ဆီး ကလည်း အံအားသင့်ဖွယ် စိတ်ဝင်စားလာပြီး တချို့သာ သတင်းဌာနတွေ ကတော့ အာဆင်နယ်နဲ့ လစ်ဗာပူးလ် တို့ကသာ ခေါ်ယူနိုင်ဖို့ အခြေအနေ ကောင်းနေကြောင်း ဖော်ပြလျက် ရှိပါတယ်။

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ ဒီနွေရာသီမှာ အသင်းရဲ့ ကစားသမား ဝက်စ်လေ ဖိုဖာနာကို ခေါ်ယူနိုင်ကြောင်း လမ်းဖွင့်ပေးထားတယ်လို့ သိရပါတယ်။ ဒီကစားသမား ကိုတော့ ဆော်ဒီပရိုလိဂ် ကလပ် အများအပြားက အမြဲတမ်း အပြောင်းအရွှေ့ အဖြစ် အပြီးသတ် ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ဒါ့အပြင် ပြင်သစ်သားကို လီဂူးဝမ်း ကလပ် မာဆေးလ် ကတော့ အလားအလာ ရှိတဲ့ အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ 

ဘာစီလိုနာ ကတော့ အာဆင်နယ်နဲ့ ချဲလ်ဆီး ပစ်မှတ် နီကို ဝီလီယမ်စ်ကို ခေါ်ယူဖို့ လက်လျှော့လိုက်ပြီး အတ္တလန္တာရဲ့ ယူရို သန်း ၅၀ (ပေါင် ၄၂.၄ သန်း) တန် တိုက်စစ်မှူး အဒမ်မိုလာ လွတ်ခ်မန်းကို ပြောင်းလဲ အာရုံစိုက်နေကြောင်း El Nacional က ဖော်ပြပါတယ်။

တော့တင်ဟမ်ဟော့စပါး ကွင်းလယ်လူ လူးကပ်စ် ဘာ့ဂျ်ဗဲလ် ကိုတော့ ဥရောပ ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ်က မျက်စိကျနေတယ်လို့ သိရပါတယ်။

အက်စတွန်ဗီလာ ကတော့ ဂိုးသမား အမ်မီ မာတီနက်ဇ်နဲ့ အရံ တိုက်စစ်မှူး လီယွန် ဘိုင်လီတို့ အတွက် ဆော်ဒီပရိုလိဂ်ရဲ့ ကမ်းလှမ်းမှုတွေကို လက်ခံရရှိထားတယ်လို့ သိရပါတယ်။ 

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ ဒီနွေရာသီမှာ အသင်းရဲ့ ကစားသမား ဝက်စ်လေ ဖိုဖာနာကို ခေါ်ယူနိုင်ကြောင်း လမ်းဖွင့်ပေးထားတယ်လို့ သိရပါတယ်။
ဖိုဖာနာကို စိတ်ဝင်စားနေတဲ့ ဆော်ဒီပရိုလိဂ် ကလပ်တွေနဲ့ မာဆေးလ်

ခရစ္စတယ်ပဲလေ့စ်ရဲ့ ကွင်းလယ် ဖန်တီးရှင် အဒမ် ဝှာတန် ကတော့ ဒီနွေရာသီမှာ လစ်ဗာပူးလ်ကို ပြောင်းရွှေ့နိုင်ခြေ ရှိနေပြီးတော့ ပြောင်းရွှေ့ကြေးက အနည်းဆုံး ပေါင် သန်း ၈၀ ဝန်းကျင် ရှိနိုင်မယ်လို့ သိရပါတယ်။ 

ဆွီဒင် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ် အတွက် နယူးကာဆယ် ဘက်က မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ် တောင်းဆိုနေပေမယ့်လည်း အာဆင်နယ်နဲ့ လစ်ဗာပူးလ် တို့က ဒီကစားသမားကို သူတို့ရဲ့ ပထမဦးစားပေး တိုက်စစ်မှူး အဖြစ် သတ်မှတ်ထားဆဲ ဖြစ်ကြောင်း နာမည်ကျော် သတင်းထောက် ဒေးဗစ် အွန်စတိန်းက ဖော်ပြပါတယ်။

လစ်ဗာပူးလ် ကတော့ အထောင် တိုက်စစ်မှူး တစ်ဦး ရှာဖွေရာမှာ ချဲလ်ဆီး ကနေ ထွက်ခွာချင်နေတဲ့ ခရစ္စတိုဖာ အန်ကွန်ကူနဲ့ ညှိနှိုင်းမှုတွေ စတင် ပြုလုပ်နေကြောင်း TEAMtalk က ဖော်ပြလာပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ လူကာ မိုဒရစ်ရဲ့ နေရာမှာ ရေရှည် အစားထိုးဖို့ အတွက် ကိုမိုက နီကို ပက်ဇ်ကို ခေါ်ယူဖို့ စီစဉ်နေကြောင်း စပိန်သတင်းစာ Defensa Central က ဖော်ပြပါတယ်။

ဘာစီလိုနာ ကတော့ နောက်ခံလူ ဂျရတ် မာတင်ရဲ့ စွမ်းဆောင်ရည် ညံ့ဖျင်းမှုတွေကြောင့် ဘယ်နောက်ခံလူသစ် တစ်ဦးကို ဝယ်ယူဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ဘာစီလိုနာရဲ့ ဘယ်နောက်ခံလူ ပစ်မှတ်ထဲ မှာတော့ လေဗာကူဆင်က အလက်ဟန်ဒရို ဂရီမဲလ်ဒို က ထိပ်ဆုံးမှာ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်