နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မာ့ခ် ဂူဟီကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြန်လည် စတင်လိုက်တဲ့ လစ်ဗာပူးလ်၊ မော်ဂန် ရော်ဂျာစ်ကို စိတ်မဝင်စားတော့တဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ်

အခုတစ်ခါမှာတော့ ဒီဇင်ဘာ ၄ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လစ်ဗာပူးလ် ကတော့ သူတို့ရဲ့ ခံစစ် အပေါ် စိုးရိမ်မှုတွေ ရှိလာပြီးနောက် ခရစ္စတယ်ပဲလေ့စ် ဗဟိုနောက်ခံလူ မာ့ခ် ဂူဟီရဲ့ အေးဂျင့်တွေနဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေကို ပြန်လည် စတင်ခဲ့ကြောင်း သိရပါတယ်။ လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ်ဟာ ဂူဟီရဲ့ အပြောင်းအရွှေ့ အတွက် ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူခဲ့ကြောင်း TEAMtalk က ဖော်ပြပါတယ်။

လစ်ဗာပူးလ်ကို ပြောင်းရွှေ့လာဖွယ် ရှိတဲ့ နောက်ထပ် ရီးရဲလ်မက်ဒရစ် ကစားသမား တစ်ဦး ကတော့ ရိုဒရီဂို ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ ဘရာဇီးလ်သားရဲ့ အပြောင်းအရွှေ့ကို ဇန်နဝါရီလ အစောပိုင်းမှာ သဘောတူညီချက် ရဖို့ ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။

အာဆင်နယ် ကတော့ ဂျူဗင်တပ်စ် တောင်ပံကစားသမား ကီနန် ယီလ်ဒစ်ဇ်ကို တခြားသော ပြိုင်ဘက်တွေထက် လက်ဦးမှု ရယူကာ ခေါ်ယူဖို့ နည်းလမ်း ရှာဖွေနေကြောင်း Corriere dello Sport က ဖော်ပြပါတယ်။

ဇန်နဝါရီလ အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်မှာ မန်ချက်စတာယူနိုက်တက်က ကိုဘီ မိန်းနူး၊ ဂျော်ရွှာ ဇစ်ခ်ဇီး၊ မန်ဝဲလ် အူဂါတေးနဲ့ တိုင်ရဲလ် မလာစီယာ တို့ရဲ့ ကမ်းလှမ်းချက်တွေကို နားထောင်သွားမယ်လို့ သိရပါတယ်။

ဇစ်ခ်ဇီး ကတော့ ရိုးမားရဲ့ အဓိက ပစ်မှတ် တစ်ခု ဖြစ်ပေမယ့်လည်း လက်တလော မှာတော့ တွန့်ဆုတ်လာကြောင်း သိရပါတယ်။ လက်ရှိမှာ ရိုးမားက စပါး တောင်ပံ ကစားသမား မက်သီ တဲလ်စ်ကို ပိုမို စိတ်ဝင်စားလာပြီး ဇစ်ခ်ဇီး နေရာ အတွက် အစားထိုး ရွေးချယ်မှု တစ်ခု ဖြစ်လာခဲ့ပါတယ်။

ချဲလ်ဆီး ကတော့ လစ်ဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆယ်ယူနိုက်တက် တို့ထက် လိုက်ပ်ဇစ် ဗဟိုနောက်ခံလူ ကတ်စတီလို လု့ခ်ကီဘာရဲ့ အပြောင်းအရွှေ့ကို ဦးဆောင်နေကြောင်း သိရပါတယ်။ 

တစ်ဖက် မှာလည်း ချဲလ်ဆီးက ပရီးမီးယားလိဂ် ပြိုင်ဘက် အက်စတွန်ဗီလာ ကွင်းလယ်လူ မော်ဂန် ရော်ဂျာစ် အပေါ် စိတ်ဝင်စားမှုကို လျှော့ချလိုက်ပြီလို့ သိရပါတယ်။
မော်ဂန် ရော်ဂျာစ် အပေါ် စိတ်ဝင်စားမှု လျော့သွားတဲ့ ချဲလ်ဆီး

တစ်ဖက် မှာလည်း ချဲလ်ဆီးက ပရီးမီးယားလိဂ် ပြိုင်ဘက် အက်စတွန်ဗီလာ ကွင်းလယ်လူ မော်ဂန် ရော်ဂျာစ် အပေါ် စိတ်ဝင်စားမှုကို လျှော့ချလိုက်ပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလက ဗီလာနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ အသက် ၂၃ နှစ် အရွယ် ကစားသမားကို ချဲလ်ဆီးက လက်တွေ့ကျတဲ့ ပစ်မှတ် တစ်ခု အဖြစ် ရှုမြင်ထားခြင်း မရှိတော့ကြောင်း The Athletic က ဖော်ပြပါတယ်။

နယူးကာဆယ် ကတော့ မန်ချက်စတာစီးတီး ဂိုးသမား ဂျိမ်းစ် ထရက်ဖို့ဒ်ကို လာမယ့် ဇန်နဝါရီလမှာ ခေါ်ယူဖို့ ပြန်လည် စိတ်ဝင်စားလာကြောင်း သိရပါတယ်။ အင်္ဂလန် လက်ရွေးစင် ကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီမှာ အက်တီဟတ်ကို မပြောင်းရွှေ့ခင် ငှက်ကြားတွေနဲ့ သဘောတူညီမှု ရလုနီးပါး ဖြစ်ခဲ့ပါတယ်။ 

တော့တင်ဟမ်ဟော့စပါး ဂိုးသမား ဂူဂလီယယ်မို ဗစ်ကာရီယိုဟာ အင်္ဂလန်မှာ မပျော်မရွှင် ဖြစ်နေပြီး အင်တာမီလန်က သူ့ရဲ့ အေးဂျင့်တွေနဲ့ ဆွေးနွေးမှုတွေ စတင်နေပြီလို့ Gazzetta dello Sportက ဖော်ပြပါတယ်။

အင်တာမီလန် ကလည်း လစ်ဗာပူးလ် ဗဟိုနောက်ခံလူ အီဘရာဟီမာ ကိုနာတေးကို စိတ်ဝင်စားနေပါတယ်။ သူ့ရဲ့ စာချုပ် နောက်ဆုံး ၆ လကို နီးကပ်လာတာနဲ့ အမျှ စိတ်ဝင်စားမှုတွေ ပိုမို မြင့်တက်လာာကြောင်း သိရပါတယ်။

ဘုန်းမောက်၊ ဘန်လေ၊ အဲဗာတန်၊ လစ်ဗာပူးလ်နဲ့ ဝက်စမ်ဟမ်း တို့ရဲ့ ကင်းထောက်တွေ ကတော့ အသက် ၂၁ နှစ် အရွယ် မစ်ဂျယ်လန်း တိုက်စစ်မှူး ဖရန်ကူလီနို ဂျူ ကစားတဲ့ ပွဲစဉ်တွေကို စောင့်ကြည့်ခဲ့ကြကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်