နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘာကိုလာကို ပေါင်သန်း ၁၀၀ နဲ့ ခေါ်ယူချင်နေတဲ့ လစ်ဗာပူးလ်၊ အမ်ဘူမိုကို ခေါ်ယူနိုင်ခဲ့ရင်တောင် မေဆန် မောင့်ကို ရှင်းထုတ်သွားမှာ မဟုတ်တဲ့ အမော်ရင် | ပရီးမီးယားလိဂ်

ဒီနေ့ အတွက် နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ရဲ့ အသုံးစရိတ်ဟာ အဆုံးမသတ်သေးဘူးလို့ သိရပါတယ်။ The Sun ရဲ့ ဖော်ပြချက်အရ ဆိုရင် အာနေး ဆလော့တ်ရဲ့ အသင်းဟာ ဖလော်ရီယန် ဝစ်ဇ် အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး အသုံးပြုရဖို့ ရှိနေသည့်တိုင်အောင် ပီအက်စ်ဂျီ တိုက်စစ်မှူး ဘရက်ဒ်လီ ဘာကိုလာကို ပေါင်သန်း ၁၀၀ (အမေရိကန် ဒေါ်လာ ၁၃၅.၉ သန်း) နဲ့ ခေါ်ယူဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။ လစ်ဗာပူးလ်ဟာ လာမယ့် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်ဖို့ ရည်ရွယ်ထားပြီးတော့ အသင်းကို အင်အား ဖြည့်တင်းမှုတွေ ပြလုပ်ဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။

ပြင်သစ် ဂျာနယ်လစ် ဂျိုဆူး ကတ်ဆီ ကတော့ ဘာကိုလာက အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း ကစားသမား ကိုယ်တိုင် ကတော့ ပြင်သစ် မြို့တော် ကလပ် ကနေ ထွက်ခွာဖို့ ရည်ရွယ်ချက် မရှိကြောင်း အခိုင်အမာ ဖော်ပြထားပါတယ်။ 

အလက်ဟန်ဒရို ဂါနာချို ကတော့ ပရီးမီးယားလိဂ်မှာ ဆက်နေဖို့သာ ရည်ရွယ်ချက် ရှိနေပြီးတော့ ယူနိုက်တက် ကနေ ထွက်ခွာချိန်မှာလည်း အက်စတွန်ဗီလာကို ပြောင်းရွှေ့ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ အက်စတွန်ဗီလာ ကတော့ အသင်း အတွက် တောင့်တင်းတဲ့ တိုက်စစ်ကို ဖန်တီးချင်နေပြီး ဂါနာချိုကို တခြားသော ကလပ်တွေနဲ့ အပြိုင် ကြိုးပမ်းဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။ 

အာဆင်နယ် ကတော့ မန်ချက်စတာယူနိုက်တက်ရဲ့ ပစ်မှတ် ဗစ်တာ ယိုကီးရက်စ် အတွက် သူတို့ရဲ့ ပထမဦးဆုံး အကြိမ် တရားဝင် ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့ကြောင်း MaisFutebol က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်ရဲ့ ကမ်းလှမ်းမှု ယူရို သန်း ၆၀ (ပေါင် ၅၀.၉ သန်း) နဲ့ ကမ်းလှမ်းမှုဟာ စပို့တင်းလစ္စဘွန်းရဲ့ တောင်းဆိုစျေးထက် နည်းပါးနေကြောင်း သိရပါတယ်။

မေဆန် မောင့် ကတော့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်မှာ မကြာခဏ ဆိုသလို ဒဏ်ရာ ပြဿနာတွေကြောင့် ရုန်းကန်နေရပြီး ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်နေရသူ ဖြစ်ပါတယ်။
မေဆန်မောင့်ကို ရှင်းထုတ်ဖို့ အစီအစဉ်မရှိတဲ့ ရူဘင် အမော်ရင်

TBR Football ရဲ့ ဖော်ပြချက်အရ နော့တင်ဟမ်ဖောရက်စ်ရဲ့ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း အန်တိုနီ အီလန်ဂါကို ဒီနွေရာသီ အပြောင်းအရွှေ့မှာ ထိပ်တန်း ကလပ် တော်တော်များများက ချိတ်ဆက်လျက် ရှိကြောင်း သိရပါတယ်။ ဆွီဒင် လက်ရွေးစင် ကစားသမား ကတော့ အာဆင်နယ် ဆီက စိတ်ဝင်စားမှုကို သတိပြုမိပေမယ့်လည်း ချဲလ်ဆီး၊ နယူးကာဆယ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ကလည်း စိတ်ဝင်စားမှု ပြသထားကြောင်း သိရပါတယ်။

မန်ချက်စတာစီးတီး ကတော့ ဒီနွေရာသီ အစောပိုင်းမှာ ကစားသမားသစ်တွေ ဆက်တိုက် ခေါ်ယူမှုတွေ ပြုလုပ်ထားပြီးနောက် ဖရိုင်းဘက် နောက်ခံလူ ကီလီယန် ဆီလ်ဒီလီယာကို ခေါ်ယူဖို့ စိတ်အားထက်သန်နေကြောင်း ManchesterCityNews က ဖော်ပြခဲ့ပါတယ်။ မန်စီးတီးဟာ လက်ရှိမှာ ချဲလ်ဆီး ကနေ ဂိုးသမား ဘက်တင်နယ်လီ၊ လိုင်ယွန် ကနေ ရေယန် ချာကီ၊ ဝုဗ် ကနေ ရေယန် အစ် နျူရီ၊ အေစီမီလန် ကနေ တီဂျန်နီ ရီအင်ဒါ တို့ကို ခေါ်ယူထားခဲ့ပြီး ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် နည်းပြ ရူဘင် အမော်ရင် ကတော့ အသင်းဆီ ဘရိုင်ယန် အမ်ဘူမို ရောက်ရှိလာခဲ့ရင်တောင် မေဆန် မောင့်ကို ရှင်းထုတ်သွားဖို့ အစီအစဉ် မရှိကြောင်း TEAMtalk က ဖော်ပြခဲ့ပါတယ်။ မေဆန် မောင့် ကတော့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်မှာ မကြာခဏ ဆိုသလို ဒဏ်ရာ ပြဿနာတွေကြောင့် ရုန်းကန်နေရပြီး ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်နေရသူ ဖြစ်ပါတယ်။

အေစီမီလန် ကတော့ အာဆင်နယ် နောက်ခံလူ အိုလက်ခ်ဆန်ဒါ ဇင်ချန်ကိုကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း Football Italia က ဖော်ပြခဲ့ပါတယ်။ ဇင်ချန်ကို ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့မှာ အမ်းမရိတ်စ် ကနေ ထွက်ခွာဖို့ သေချာနေသူ ဖြစ်ပြီးတော့ အေစီမီလန်နဲ့ ဆွေးနွေးမှုတွေ ကလည်း တိုးတက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်