နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ လာမယ့် အပြောင်းအရွှေ့မှာ ငွေအမြောက်အမြား သုံးစွဲသွားဖို့ ရှိနေတဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကတော့ လာမယ့် ရာသီမှာ လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ အတွက် ပြင်ဆင်မှုတွေ ပြုလုပ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် အာနေး ဆလော့တ်ရဲ့ လစ်ဗာပူးလ်က လာမယ့် နွေရာသီ အပြောင်းအရွှေ့ ကာလမှာ ငွေကြေး အမြောက်အမြား သုံးစွဲပြီး ထိပ်တန်း ကစားသမားတွေ ခေါ်ယူသွားဖို့ လစ်ဗာပူးလ်တို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။

သတင်းတွေအရ ဆိုရင်တော့ လစ်ဗာပူးလ်ဟာ လာမယ့် နွေရာသီမှာ ငွေကြေးများစွာ သုံးစွဲဖို့ အဆင်သင့် ရှိနေတယ်လို့ သိရပြီး စိတ်ဝင်စားစရာ ကစားသမား အပြောင်းအ‌ရွှေ့တွေကို ဖော်ဆောင်သွားဖို့လည်း ရှိနေတာပါ။ လစ်ဗာပူးလ် တာဝန်ရှိသူတွေဟာ လာမယ့် ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ မျှော်မှန်းနေတာလည်း ဖြစ်ပါတယ်။ talkSPORT ရဲ့ ဖော်ပြချက်အရ လစ်ဗာပူးလ်ရဲ့ ပိုင်ရှင်တွေ ဖြစ်တဲ့ FSG ဟာ လာမယ့် နွေရာသီမှာ ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်နိုင်ဖို့ အတွက် အသင်း နည်းပြ အာနေး ဆလော့တ်ကို လုံလောက်တာထက် ပိုတဲ့ ငွေကြေး တစ်ရပ် ထုတ်ပေးဖို့ အသင့်ရှိနေကြောင်း သိရပါတယ်။

တစ်ဖက် မှာလည်း ပရီးမီးယားလိဂ် ကလပ်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ ကစားသမား တချို့ကို ဆုံးရှုံးရဖွယ်လည်း ရှိနေပါတယ်။
လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ ကစားသမား တချို့ကို ဆုံးရှုံးရဖွယ်လည်း ရှိနေတဲ့ လစ်ဗာပူးလ်

FSG ဟာ နည်းပြ အာနေး ဆလော့တ် စိတ်ကြိုက် ကစားသမားတွေ ခေါ်ယူခွင့်ပြုသွားဖို့ ရှိပြီးတော့ ပေါင်သန်း ၃၆၀ လောက် သုံးစွဲခွင့်ပြုသွားမယ်လို့လည်း ကြားသိနေရပါတယ်။ လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ် ကတော့ လာမယ့် နွေရာသီမှာ အဓိက ကစားသမား ခေါ်ယူမှု ၃ ခု ပြုလုပ်သွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ ဆလော့တ်က အာနိုးလ် ထွက်သွားတဲ့ ညာနောက်ခံလူ နေရာ၊ ရော်ဘတ်ဆန်ရဲ့ ဘယ်နောက်ခံလူ နေရာ၊ ဗဟိုခံစစ်နဲ့ အားနည်းနေတဲ့ အထောင် တိုက်စစ် နေရာတွေ အတွက် အင်အားဖြည့်တင်းဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

လစ်ဗာပူးလ် အနေနဲ့ လာမယ့် နွေရာသီမှာ အသင်းကို အင်အား ဖြည့်တင်းဖို့ အတွက် လက်ရှိ အချိန် ကတည်းက ကစားသမား များစွာကို ပစ်မှတ်ထား စောင့်ကြည့်လျက် ရှိနေကြောင်းလည်း ဗြိတိန် မီဒီယာတွေက ဖော်ပြနေပါတယ်။ လစ်ဗာပူးလ်ဟာ ဘယ်နောက်ခံလူ နေရာမှာ အသက်အရွယ် ရလာပြီး ခြေစွမ်း ကျဆင်းလာတဲ့ အန်ဒီ ရော်ဘတ်ဆန် အစား အစားထိုးဖို့ ဘုန်းမောက် ဘယ်နောက်ခံလူ ကာကက်ဇ်နဲ့ ဖူလ်ဟမ် နောက်ခံလူ အန်တိုနီ ရောဘတ်ဆန် တို့ကို ပစ်မှတ်ထားနေပါတယ်။ ဗဟိုခံစစ် နေရာ အတွက် ကိုတော့ ဘုန်းမောက် နောက်ခံလူ ဒင်းန် ဟိုင်ဆန်ကို ခေါ်ယူ အားဖြည့်ချင်နေပြီးတော့ အထောင် တိုက်စစ် နေရာ အတွက် ကိုတော့ လစ်ဗာပူးလ်က လိုက်ပ်ဇစ် တိုက်စစ်မှူး ဆက်စ်ကိုနဲ့ နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန် တို့ကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ တစ်ဖက် မှာလည်း ပရီးမီးယားလိဂ် ကလပ်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ ကစားသမား တချို့ကို ဆုံးရှုံးရဖွယ်လည်း ရှိနေပါတယ်။ လက်ရှိမှာ အသင်း ကနေ သေချာပေါက် ထွက်ခွာမယ့် ကစားသမား ၂ ဦး ရှိပြီးတော့ ညာနောက်ခံလူ ထရန့် အလက်ဇန္တား အာနိုးလ်နဲ့ ဂိုးသမား ခယ်လာဟာတို့ ဖြစ်ပါတယ်။ တိုက်စစ်မှူး ဒါဝင် နူညက်ဇ်နဲ့ လူးဝစ္စ ဒီးယက်ဇ် တို့ကလည်း အသင်း ကနေ ထွက်ခွာဖွယ် ရှိနေပါတယ်။ ဒါ့အပြင် အဓိက တောင်ပံ ကစားသမား ဖြစ်တဲ့ မိုဟာမက် ဆာလာနဲ့ ဗဟိုခံစစ်မှူး ဗန်ဒိုက်ခ် တို့ကိုလည်း ဆုံးရှုံးရဖို့ နီးစပ်ခဲ့သေးပြီး အချိန်မှီ သက်တမ်းတိုးနိုင်ခဲ့လို့သာ ဒီကစားသမားတွေ အနေနဲ့ အန်ဖီးလ်မှာ နောက်ထပ် ၂ နှစ် ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်