မန်ချက်စတာယူနိုက်တက် ကတော့ ဒီနွေရာသီမှာ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကို ဆုံးရှုံးခဲ့ရရင်တော့ စပိုတင်းလစ္စဘွန်း ကွင်းလယ် တိုက်စစ် ကစားသမား ပက်ဒရို ဂွန်ကဲလ်ဗက်စ်နဲ့ ပြန်လည် အစားထိုးဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ပေါ်တူဂီ ကွင်းလယ် ဖန်တီးရှင် ဘရူနို ဖာနန်ဒက်စ် ကတော့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် ကနေ ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်နေသူပါ။
လက်ရှိမှာ ဘရူနို ဖာနန်ဒက်စ်ကို ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာက ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေပြီးတော့ ကစားသမားရဲ့ အေးဂျင့်နဲ့လည်း တွေ့ဆုံဆွေးနွေးထားကြောင်း သိရပါတယ်။ ဒါကြောင့် ယူနိုက်တက်က ဘရူနို ဖာနန်ဒက်စ်ကို လက်လွှတ်ခဲ့ရမယ် ဆိုရင် ကွင်းလယ်ပိုင်းကို အလျင်အမြန် ပြန်လည် အင်အား ဖြည့်တင်းချင်နေပြီး ပက်ဒရို ဂွန်ကဲလ်ဗက်စ်ကို ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။
အသက် ၂၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ပက်ဒရို ဂွန်ကဲလ်ဗက်စ်က ၂၀၂၂-၂၀၂၃ နှင့် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီတွေမှာ ပေါ်တူဂီလိဂ်ရဲ့ ဂိုးဖန်တီးမှု အများဆုံး ကစားသမား အဖြစ် ရပ်တည်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပေါ်တူဂီသားက ပြီးခဲ့တဲ့ ရာသီမှာတော့ တံကောက်ကြော ဒဏ်ရာကြောင့် ပြိုင်ပွဲစုံ ၁၂ ပွဲ သာ ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒဏ်ရာ ကနေ ပြန်လည် ကောင်းမွန်လာချိန်မှာတော့ ခြေစွမ်းပြနိုင်ခဲ့တဲ့ အတွက် ယူနိုက်တက် အပါအဝင် ထိပ်တန်း ကလပ်တွေက ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။
ပတ်ဒရို ဂွန်ကဲလ်ဗတ်စ် ကတော့ ဆယ်ကျော်သက် အရွယ်မှာ ဝုဗ်ကို ရောက်ရှိခဲ့ပေမယ့်လည်း လိဂ်ဖလား ပွဲစဉ် ၁ ပွဲသာ ပါဝင် ကစားခွင့်ရခဲ့သူ ဖြစ်ပါတယ်။ ဒီကစားသမားဟာ စပို့တင်းလစ္စဘွန်း မှာတုန်းက နည်းပြ ရူဘင် အမော်ရင် စိတ်ကြိုက် ခေါ်ယူခဲ့သူ ဖြစ်ပြီး ယူနိုက်တက် ရောက်ချိန်မှာလည်း တပည့်ဟောင်းနဲ့ ထပ်မံ လက်တွဲချင်နေတာ ဖြစ်ပါတယ်။ အကယ်၍ ဂွန်ကဲလ်ဗက်စ်ကို ခေါ်ယူချင်ရင်တော့ ပရီးမီးယားလိဂ် ကလပ် အနေနဲ့ ပေါင် သန်း ၇၀ ဝန်းကျင် သုံးစွဲရဖွယ် ရှိနေပါတယ်။

တစ်ဖက်မှာလည်း မန်ချက်စတာယူနိုက်တက်က ဘရန့်ဖို့ဒ် တိုက်စစ်မှူး ဘရိုင်ယန် အမ်ဘူမိုကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အမ်ဘူမိုဟာ ယူနိုက်တက်တို့ ဥရောပ ပြိုင်ပွဲ ကစားခွင့်မရသည့် တိုင်အောင် အိုးထရက်ဖို့ဒ်ကို လာချင်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် လက်ရှိ အချိန်ထိတော့ ကလပ် နှစ်ခု အကြား ဆွေးနွေးမှုတွေ မပြုလုပ်ရသေးပေမယ့်လည်း မကြာခင် မှာတော့ တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမယ်လို့ မျှော်လင့်ရပါတယ်။
တစ်ခု ရှိတာက ယူနိုက်တက် အနေနဲ့ အမ်ဘူမိုကို ခေါ်ယူဖို့ အတွက် ဆိုရင် ပရီးမီးယားလိဂ် ပြိုင်ဘက် ကလပ် တော်တော်များများနဲ့ အပြိုင်အဆိုင် ကြိုးပမ်းရဖို့တော့ ရှိနေပါတယ်။ အမ်ဘူမိုဟာ ယူနိုက်တက်က နှစ်သက် သဘောကျတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး ရူဘင် အမော်ရင်ရဲ့ နည်းစနစ် အတွက် ကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်နိုင်မယ်လို့ ရှုမြင်နေကြပါတယ်။ အမ်ဘူမိုဟာ ဘရန့်ဖို့ဒ်နဲ့ စာချုပ် သက်တမ်း နောက်ဆုံး နှစ်ထဲကို ရောက်ရှိနေပြီး လန်ဒန် ကလပ် ဘက်ကတော့ နောက်ထပ် တစ်နှစ် သက်တမ်းတိုးဖို့ ရွေးချယ်ခွင့် ရှိနေပါတယ်။
ဘရန့်ဖို့ဒ် ကတော့ အမ်ဘူမိုနဲ့ ဝစ်ဆာတို့ အတွက် ကမ်းလှမ်းမှုတွေကို နားထောင်မှာ ဖြစ်ပေမယ့်လည်း သူတို့ရဲ့ ကစားသမားတွေကို အလောတကြီး ရောင်းထုတ်မှာ မဟုတ်ကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း အမ်ဘူမိုဟာ ဘရန့်ဖို့ဒ်နဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသူ ဖြစ်တာကြောင့်တော့ ယူနိုက်တက် အနေနဲ့ ပေါင်သန်း ၆၀ ဝန်းကျင်တော့ အသုံးပြုရဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.