နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရီးရဲလ်မက်ဒရစ်ကို ပိုပြီး ပြောင်းရွှေ့ချင်လာတဲ့ ဂူဟီ၊ အဓိက ကစားသမား ၃ ဦးကို စာချုပ်သက်တမ်းတိုးဖို့ ရှိနေတဲ့ မန်စီးတီး | ပရီးမီးယားလိဂ်

အခုတစ်ခါမှာတော့ စက်တင်ဘာ ၂၅ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လစ်ဗာပူးလ် ကတော့ ဂျီယိုဗန်နီ လီယွန်နီရဲ့ ဒဏ်ရာကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခရစ္စတယ်ပဲလေ့စ် ဗဟိုခံစစ် ကစားသမား မာ့ခ်ဂူဟီကို ခေါ်ယူဖို့ အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အကယ်၍ အဆင်မပြေခဲ့ရင်လည်း လာမယ့် နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း မာ့ခ် ဂူဟီက ပရီးမီးယားလိဂ် ကလပ်ထက် ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ပိုမို စိတ်အားထက်သန်နေပြီ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ ဂျေဒန် ဆန်ချိုရဲ့ စာချုပ်သက်တမ်းတိုးဖို့ ရွေးချယ်မှုကို ငြင်းဆိုလိုက်ပြီး အက်စတွန်ဗီလာထံ အငှားသက်တမ်းကုန်ဆုံးချိန် လာမယ့် နွေရာသီမှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ ယူနိုက်တက်ဟာ ဆန်ချိုကို အစောပိုင်းမှာကတည်းက အပြီးသတ် ရောင်းထုတ်ဖို့ ပိုမို လိုလားခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ် ကတော့ ဝီလီယမ် ဆလီဘာနှင့် စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် ဘူကာယို ဆာကာ ကိုလည်း သဘောတူညီချက် အသစ်နဲ့ သက်တမ်းတိုးဖို့ လုပ်ဆောင်နေပြီလို့ သိရပါတယ်။

အာဆင်နယ် ကတော့ ဂျူဗင်တပ်စ် ကြယ်ပွင့် ကီနန် ယီလ်ဒစ်ဇ်ကို ယူရို သန်း ၆၀ + လီအန်ဒရို ထရော့ဆက်ဒ်နဲ့ အလိုက်ပေး ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ဒီကစားသမား ကိုတော့ နည်းပြ မီခဲလ် အာတေးတားက တော်တော်လေး သဘောကျနေပေမယ့် ဂျူဗင်တပ်စ် ဘက်ကလည်း သူတို့ရဲ့ အဓိက ကစားသမားကို လက်လွှတ်သွားလိုခြင်းတော့ မရှိဘူးလို့ သိရပါတယ်။

ချဲလ်ဆီး ကတော့ စွယ်စုံရ စထရက်ဘော့ဂ် နောက်ခံလူ အစ်မေးလ် ဒူကိုရေးကို ၂၀၂၆ ခုနှစ်မှာ စတန်းဖို့ဒ်ဘရစ်ချ်ဆီ ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ချဲလ်ဆီးနဲ့ စထရက်ဘော့ဂ် တို့ကတော့ ညီအမ အသင်းတွေ ဖြစ်တာကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ မခက်ခဲတဲ့ အခြေအနေ ဖြစ်ပါတယ်။

ဂျာရဲလ် ဟာတို ကတော့ လာမယ့် နွေရာသီမှာ ချဲလ်ဆီး ကနေ ပြန်လည် ထွက်ခွာဖွယ် ရှိနေပါတယ်။ ဟာတို အနေနဲ့ ဒီရာသီ ချဲလ်ဆီးမှာ အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်တွေ မပြသနိုင်ခဲ့ရင်တော့ နယ်သာလန်လိဂ်ဆီ ပြန်လည် အငှားချခံရဖွယ် ရှိနေပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး မန်စီးတီး ကတော့ ဖီးလ် ဖိုဒန်နဲ့ အတူ ရိုဒရီ၊ ဂျွန်စတုန်းစ်နဲ့ ယော့စကို ဂဗာဒီယိုလ် တို့ကို စာချုပ်သစ်တွေ ချုပ်ဆောင်ဖို့ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။
ဖိုဒန် အပြင် ရိုဒရီ၊ ဂျွန်စတုန်းစ်နဲ့ ဂဗာဒီယိုလ် တို့ကို သက်တမ်းတိုးမယ့် မန်စီးတီး

ပရီးမီးယားလိဂ် ထိပ်သီး မန်စီးတီး ကတော့ ဖီးလ် ဖိုဒန်နဲ့ အတူ ရိုဒရီ၊ ဂျွန်စတုန်းစ်နဲ့ ယော့စကို ဂဗာဒီယိုလ် တို့ကို စာချုပ်သစ်တွေ ချုပ်ဆောင်ဖို့ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

ဥရောပထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားခြင်း ခံနေရပေမယ့်လည်း နယူးကာဆယ် အနေနဲ့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်မှာ လူငယ် ကွင်းလယ် ကစားသမား လူးဝစ် မိုင်လီ ကို ဆက်လက် ထိန်းသိမ်းထားဖို့ ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။

အက်စတွန်ဗီလာ၊ ဝက်စ်ဟမ်းယူနိုက်တက်နဲ့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် တို့ကတော့ ဂျူဗင်တပ်စ် ကွင်းလယ်လူ မန်ဝဲလ် လိုကတ်တယ်လီကို ဇန်နဝါရီမှာ ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ ကိုလံဘီယာ ကလပ် ဖော်တာလီဇာက ဆယ်ကျော်သက် ကွင်းလယ် ခံစစ်ကစားသမား အိုရော့ဇ်ကိုကို အသက် ၁၈ နှစ် ပြည့်ချိန်မှာ ခေါ်ယူဖို့ အကြိုသဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ အိုရော့ဇ်ကို ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ကမှ အသက် ၁၇ နှစ်ပြည့်ခဲ့သူ ဖြစ်ပြီး ကိုလံဘီယာ ယူ-၁၇ အသင်းရဲ့ အသင်းခေါင်းဆောင် အဖြစ် ခြေစွမ်းပြခဲ့သူပါ။ ဒါကြောင့် ယူနိုက်တက်က လာမယ့်နှစ်မှာ ခေါ်ယူဖို့ အကြိုသဘောတူညီမှု ရယူခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်