အခုတစ်ခါမှာလည်း ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားစရာ အပြောင်းအရွှေ့ အလှုပ်အခတ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဘန် ဂျက်ကော့ဘ်ရဲ့ အဆိုအရ အာဂျင်တီးနား တိုက်စစ် ကစားသမား အလက်ဟန်ဒရို ဂါနာချိုရဲ့ တန်ကြေးက မကြာသေးမီ ရက်သတ္တပတ်များ အတွင်းကပဲ ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။ ချဲလ်ဆီးနဲ့ နာပိုလီ အတွက် ကာလရှည် ပစ်မှတ် တစ်ခု ဖြစ်နေတဲ့ ဂါနာချိုကို ယူနိုက်တက် အနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ တောင်းဆိုခဲ့သည့် ပေါင်သန်း ၆၀ ထက် ပိုနည်းတဲ့ ပမာဏ ကိုသာ မျှော်လင့်နိုင်တော့မှာ ဖြစ်ပါတယ်။ ဂါနာချို ကတော့ အက်စတွန်ဗီလာနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဉ် ယူနိုက်တက်ရဲ့ ပွဲထွက်လူစာရင်းမှာ ဂိုးသမား အိုနာနာနဲ့ အတူ ပါဝင်လာခဲ့ခြင်း မရှိခဲ့ပါဘူး။
မန်ချက်စတာယူနိုက်တက် ကတော့ လွန်ခဲ့တဲ့ ၂ နှစ် ကမှ အသင်းကို ရောက်ရှိလာခဲ့တဲ့ ဒိန်းမတ် တိုက်စစ်မှူး ရက်စ်မက်စ် ဟွိုက်ဂျ်လန်းနဲ့ လမ်းခွဲဖို့ အသင့် ရှိနေကြောင်း သိရပါတယ်။ Daily Mail ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်က သူတို့ ခေါ်ယူခဲ့စဉ်က ပေးချေခဲ့ရတဲ့ ပေါင် ၇၂ သန်းထက် ပေါင် ၂၅ သန်း လျော့နည်းတဲ့ ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်သွားချင်နေတယ်လို့ သိရပါတယ်။
အာဆင်နယ် ကတော့ ဘရိုက်တန်က ဂျပန် တောင်ပံ ကြယ်ပွင့် ကာအိုရူ မီတိုမာကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြောင်း Sky Sports Germany က ဖော်ပြခဲ့ပါတယ်။ ဘေယန်မြူးနစ် ကလည်း ဖလော်ရီယန် ဝစ်ဇ်ကို ခေါ်ယူနိုင်ခဲ့ခြင်း မရှိတဲ့နောက် မီတိုမာကို ခေါ်ယူဖို့ စောင့်ကြည့်လျက် ရှိနေကြောင်း သိရပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်က ရီးရဲလ်မက်ဒရစ်က ရိုဒရီဂိုနဲ့ အတ္တလန္တာ တိုက်စစ်မှူး အဒမ်မိုလာ လွတ်ခ်မန်း တို့ကိုလည်း ပစ်မှတ် စာရင်းထဲမှာ ထည့်သွင်းထားဆဲ ဖြစ်ပါတယ်။
အကယ်၍ ဘေယန်မြူးနစ် အနေနဲ့ မီတိုမာရဲ့ အပြောင်းအရွှေ့ အတွက် အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ပါက အေစီမီလန်မှ တိုက်စစ်မှူး ရာဖေးလ် လီယောင်ကို ပြောင်းလဲ ပစ်မှတ်ထားသွားဖို့ ရှိတယ်လို့ သတင်းထောက် ဖလော်ရီယန် ပလက်တန်ဘက်ဂျ်က ဖော်ပြခဲ့ပါတယ်။ ပေါ်တူဂီ ကြယ်ပွင့် ကတော့ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ရှိနေပေမယ့် ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ပိုမို စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။

ပပ် ဂွာဒီယိုလာ အနေနဲ့ ဂျက် ဂရီးလစ်ရှ်ကို ပရီးမီးယားလိဂ် ရာသီ နောက်ဆုံး ပွဲစဉ် လူစာရင်း ကနေ ချန်လှပ်ခဲ့ပြီးနောက် အင်္ဂလန်သားရဲ့ မန်စီးတီးနဲ့ အနာဂတ်တွေ ပိုပြီး ဝေဝါးလာခဲ့ပြီ ဖြစ်ပါတယ်။ Daily Mail ရဲ့ ဖော်ပြချက်အရ ဂရီးလစ်ရှ်ဟာ ဒီနွေရာသီမှာ တခြားသော ကလပ်တွေကို ပြောင်းရွှေ့ဖို့ ရာခိုင်နှုန်း များပြားနေကြောင်း သိရပါတယ်။
အာဆင်နယ် ကတော့ ဒီနွေရာသီမှာ ကစားသမားသစ် အများအပြားကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီး ဒီအခြေအနေက ဘုတ်အဖွဲ့ဝင်တွေ အကြားမှာ တင်းမာမှုတွေ ဖြစ်နေစေကြောင်း သိရပါတယ်။ မကြာသေးခင်ကမှ အားကစား ဒါရိုက်တာသစ် အဖြစ် ဂန်းနား အသိုင်းအဝိုင်းကို ဝင်ရောက်လာတဲ့ အန်ဒရီယာ ဘာတာ ကတော့ မန်နေဂျာ ဖြစ်တဲ့ မီခဲလ် အာတေးတားနဲ့ သဘောထား ကွဲလွဲမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ မီခဲလ် အာတေးတားက လိုက်ပ်ဇစ် တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကိုကို ခေါ်ယူချင်နေပေမယ့် ဘာတာ ကတော့ စပို့တင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်ကို ပိုမို နှစ်သက်နေတယ်လို့ သိရပါတယ်။
လစ်ဗာပူးလ်ရဲ့ လူငယ် ကြယ်ပွင့် ဖြစ်တဲ့ ဘန် ဒိုအက်ခ် ကတော့ မာဆေးလ်ဆိုက်ဒ် ပြိုင်ဘက် ကလပ် အဲဗာတန်ရဲ့ စိတ်ဝင်စားခြင်း ခံနေရကြောင်း The Guardian က ဖော်ပြခဲ့ပါတယ်။ လစ်ဗာပူးလ်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ အပြောင်းအရွှေ့ကာလ ကတည်းက ဆယ်ကျော်သက် လူငယ် ကြယ်ပွင့်လေး အတွက် ကမ်းလှမ်းမှု အများအပြားကို ပယ်ချခဲ့ပြီးတော့ ရောင်းချရမယ် ဆိုရင်လည်း ပေါင် သန်း ၃၀ တောင်းဆိုသွားဖို့ ရှိနေပါတယ်။
နယူးကာဆယ် ကတေ့ ချဲလ်ဆီး တိုက်စစ် ကစားသမား ခရစ္စတိုဖာ အန်ကွန်ကူကို စိတ်ဝင်စားနေကြောင်း Football Insider က ဖော်ပြပါတယ်။ ငှက်ကြားတွေဟာ အန်ကွန်ကူကို ခေါ်ယူဖို့ အာဆင်နယ်နဲ့ ပြိုင်ဆိုင်သွားရဖို့ ရှိနေတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.