နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လစ်ဗာပူးလ် အတွက် အရာရာ ပေးဆပ်သွားမယ် ဆိုတဲ့ ဖရင်ပေါင် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကတော့ လေဗာကူဆင် အသင်းရဲ့ နယ်သာလန် ညာနောက်ခံလူ ဂျရမီ ဖရင်ပေါင်ကို ယူရို ၃၅ သန်းနဲ့ တရားဝင် ခေါ်ယူနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ မာဆေးလ်ဆိုက်ဒ် ကလပ်ဟာ ထရန့် အလက်ဇန္တား အာနိုးလ်ကို ရီးရဲလ်မက်ဒရစ်ထံ လက်လွှတ်ခဲ့ရပြီးနောက် ဖရင်ပေါင်နဲ့ ချက်ချင်း ပြန်လည် အစားထိုးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဖရင်ပေါင် ကတော့ အပြောင်းအရွှေ့ စာချုပ်မှာ လက်မှတ်ရေးထိုးပြီးနောက် လစ်ဗာပူးလ် ပရိသတ်တွေကို သူ့အနေနဲ့ အရာရာ ပေးဆပ်သွားမယ်လို့ ကတိပေးစကားလည်း ပြောကြားခဲ့ပါတယ်။ 

အာနိုးလ် ကတော့ ဇွန်လ ၁ ရက် အပြောင်းအရွှေ့ ဈေးကွက် ဖွင့်တာနဲ့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ သောကြာနေ့မှာ တရားဝင် နှုတ်ဆက် စကားပြောဆိုခဲ့ပါတယ်။ အလက်ဇန္တား အာနိုးလ် ထွက်ခွာသွားချိန်မှာ လစ်ဗာပူးလ်က ဖရင်ပေါင်ကို ချက်ချင်းဆိုသလို လက်မှတ်ရေးထိုးခဲ့ကြောင်း ကြေညာသွားခဲ့တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ ဖရင်ပေါင် အတွက် စာချုပ်ဖျက်သိမ်းကြေး ယူရို ၃၅ သန်း (ပေါင် ၂၉.၅ သန်း) ကို ပေးချေဖို့ အခုလ အစောပိုင်းမှာ ကတည်းက အဆင်သင့် ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်ဟာ အသက် ၂၄ နှစ် အရွယ် နယ်သာလန်သားကို ၅ နှစ် စာချုပ်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ၂၀၃၀ ခုနှစ် အထိ အန်ဖီးလ်မှာ ရှိနေတော့မှာ ဖြစ်ပါတယ်။ 

လစ်ဗာပူးလ် ကစားသမားသစ် ဖြစ်လာခဲ့တဲ့ ဂျရမီ ဖရင်ပေါင် ကတော့ အသင်းသစ်နဲ့ ပထမဦးဆုံး အင်တာဗျူးမှာ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။ “ဒါက တော်တော်လေး လွယ်ကူခဲ့ပါတယ်။ လစ်ဗာပူးလ်က ကျွန်တော့်ကို သူတို့ စိတ်ဝင်စားတယ်လို့ ပြောခဲ့ပြီး ကျွန်တော့် အတွက်တော့ ဒါက ဘာမှ စဉ်းစားစရာကို မလိုခဲ့တာပါ။ ကျွန်တော့် အေးဂျင့်တွေကို ကျနော် ပြောခဲ့တာက ခင်ဗျားတို့ ဘာပဲလုပ်လုပ် အဲဒီဟာကို ပြီးအောင်လုပ်ပါ ဆိုပြီးတော့ပေါ့။” လို့ ဖရင်ပေါင်က ဆိုပါတယ်။

အဲဒီနောက် “လစ်ဗာပူးလ် ပရိသတ်တွေရေ၊ ကျွန်တော့်ရဲ့ ခွန်အားတွေနဲ့ လုပ်အားနှုန်းတွေကို ပေးစွမ်းမှာ ဖြစ်ပြီးတော့ အတူတူ အနိုင်ယူနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အတူတူလည်း ဂုဏ်ပြုကြမယ်။ အရာအားလုံးကို အတူတကွ ရယူလိုက်ကြရအောင်။ ဒီမှာ ရှိရတာ အရမ်းပဲ စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော့်ကို လက်ခံပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ စိတ်မပျက်စေရဘူး။ ခင်ဗျားတို့ လိုအပ်နေတဲ့ ခွန်အားတွေ ကျွန်တော် ပေးပါမယ်။” လို့ ဖရင်ပေါင်က ပရိသတ်တွေ ကိုလည်း ကတိပေးစကား ပြောသွားခဲ့ပါတယ်။

သူတို့ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်ခဲ့တယ်။ ကျွန်တော့် အတွက် ကတော့ လေဗာကူဆင်မှာ ရှိတုန်းက လစ်ဗာပူးလ်နဲ့ ကစားရတာ တကယ်ကို ခက်ခဲပါတယ်။
လစ်ဗာပူးလ် အတွက် အစွမ်းကုန် ပေးဆပ်ကစားသွားမယ့် ဖရင်ပေါင်

နောက်ဆုံး မှာတော့ ဖရင်ပေါင်က “လေဗာကူဆင်နဲ့ အတူ ရှိစဉ်တုန်းက ဒီကွင်းမှာ ကစားခဲ့ဖူးပြီး အကောင်းဆုံး ကွင်းလို့ ကျွန်တော် ထင်ပါတယ်။ အငွေ့အသက်တွေ၊ ပရိသတ်တွေ၊ အသင်းလည်း ပါပါတယ်။ အရာအားလုံးက အရမ်းပဲ ကောင်းပါတယ်။ လစ်ဗာပူးလ်ရဲ့ အရည်အသွေးကို ကျွန်တော် သိပ်ပြောနေဖို့ မလိုပါဘူး။ သူတို့ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်ခဲ့တယ်။ ကျွန်တော့် အတွက် ကတော့ လေဗာကူဆင်မှာ ရှိတုန်းက လစ်ဗာပူးလ်နဲ့ ကစားရတာ တကယ်ကို ခက်ခဲပါတယ်။ တကယ့်ကို တကယ့်ကို ခက်ခဲပါတယ်။ ဒါကို ဘယ်လိုပြောရမလဲ ဆိုတော့ လေဗာကူဆင်က ကောင်းနေသေးပေမယ့် လစ်ဗာပူးလ် ကတော့ နောက်တစ်ဆင့် ရောက်နေတဲ့ အသင်းပါ။” လို့ ပြောကြားခဲ့ပါတယ်။ 

လစ်ဗာပူးလ်ကို ဖရင်ပေါင် ပြီးရင် နောက်ထပ် လေဗာကူဆင် ကစားသမား တစ်ဦး ထပ်မံ ရောက်ရှိလာဦးမှာ ဖြစ်ပြီး ဂျာမနီ ကွင်းလယ် တိုက်စစ် ကစားသမား ဖလော်ရီယန် ဝစ်ဇ် ဖြစ်ပါတယ်။ ဒီကစားသမားဟာ မန်စီးတီး၊ ဘေယန်မြူးနစ်နဲ့ ရီးရဲလ်မက်ဒရစ် တို့ကို ကျော်ပြီး လစ်ဗာပူးလ်ကို ရွေးချယ်ခဲ့သူ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ လစ်ဗာပူးလ်က ဝစ်ဇ် အတွက် ယူရို သန်း ၁၅၀ (ပေါင် ၁၂၆.၂ သန်း) ပေးချေရဖို့ ရှိနေကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်