အာဆင်နယ် လူငယ် တိုက်စစ် ကစားသမား အီသန် နွမ်နရီဟာ အေဒန် ဟဲဗန်းနဲ့ ချီဒို အိုဘီ မာတင် တို့လိုပဲ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖွယ် ရှိကြောင်း ယူနိုက်တက်ရဲ့ လက်ထောက် နည်းပြဟောင်း ရီနီ မြူလန်စတင်းန်က သုံးသပ်ပြောကြားလိုက်ပါတယ်။ အာဆင်နယ်နဲ့ ယူနိုက်တက် တို့ဟာ ပြင်းထန်တဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေ ဖြစ်ပေမယ့် သမိုင်းမှာတော့ ကစားသမား အပြောင်းအရွှေ့တွေ ရှိခဲ့ဖူးတဲ့ အသင်းတွေ ဖြစ်ပါတယ်။
အသက် ၁၈ နှစ် အရွယ် အင်္ဂလန် ကွင်းလယ် တိုက်စစ် ကစားသမား အီသန် နွမ်နရီ ကတော့ ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ်နဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့သူ ဖြစ်ပါတယ်။ လက်ရှိမှာ အာဆင်နယ်က နွမ်နရီကို စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးပမ်းနေသလို နီးစပ်နေပြီလို့လည်း သိရပေမယ့် လက်ရှိအချိန်ထိတော့ အထမမြောက်သေးတဲ့ အခြေအနေ ဖြစ်ပါတယ်။ အာဆင်နယ်နဲ့ ချုပ်ဆိုထားတဲ့ လက်ရှိ စာချုပ်အရ နွမ်နရီ အနေနဲ့ လာမယ့် ၂၀၂၆ ဇန်နဝါရီက စပြီး ပြည်ပ ကလပ်တွေနဲ့ အပြောင်းအရွှေ့ကိစ္စတွေ ဆွေးနွေးနိုင်မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

ဒါပေမယ့်လည်း မြူလန်စတင်း ကတော့ နွမ်နရီ အနေနဲ့ အာဆင်နယ် လူငယ် ကစားသမားတွေ ဖြစ်တဲ့ ဟဲဗန်းနဲ့ အိုဘီ တို့လိုပဲ အိုးထရက်ဖို့ဒ်ဆီ ပြောင်းရွှေ့လာနိုင်ခြေ ရှိကြောင်း အခုလိုပဲ ပြောကြားခဲ့သွားခဲ့ပါတယ်။ မြူလန်စတင်းက “အေဒန် ဟဲဗန်းကို မန်ချက်စတာယူနိုက်တက်က ခေါ်ယူနိုင်ခဲ့တာ အရမ်းကောင်းပါတယ်။ အိုဘီလည်း ထပ်ရောက်လာတာကြောင့် အာဆင်နယ် ကနေ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ကစားဖို လမ်းကြောင်း ရှိနေတယ် ဆိုတာ သိသာပါတယ်။ နွမ်နရီ ကလည်း မန်ချက်စတာယူနိုက်တက်ကို ရောက်ရှိလာနိုင်ပါတယ်။ အာဆင်နယ် ကစားသမားတွေ အနေနဲ့ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ကစားဖို့ စိတ်အားထက်သန်နေကြတာဟာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ မန်ချက်စတာယူနိုက်တက် အနေနဲ့ နွမ်နရီကို ခေါ်ဖိုတော့ နည်းနည်းလေး ခက်နိုင်တယ်။ ဘာလို့လဲဆိုတော့ သူတို့ အနေနဲ့ နွမ်နရီကို ခေါ်ယူဖို့ ဆိုရင် အရင် ကစားသမား ၂ ဦးထက် ငွေပိုသုံးနိုင်ဖို့ လိုအပ်ပါတယ်။” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အီသန် နွမ်နရီ ကတော့ အာဆင်နယ် အကယ်ဒမီထွက် ကစားသမား တစ်ဦး ဖြစ်ပြီး ကွင်းလယ် တိုက်စစ် နေရာမှာ သာမက တောင်ပံ တိုက်စစ် နေရာတွေ မှာပါ ကစားနိုင်သူ ဖြစ်ပါတယ်။ နွမ်နရီဟာ အနာဂတ်မှာ ကျိန်းသေပေါက် ထွန်းတောက်လာမယ့် ကစားသမား အဖြစ် သတ်မှတ်ခံထားရတာကြောင့် ဂန်းနားတွေ ကလည်း ဘယ်လိုနည်းနဲ့မှ လက်လွှတ်ခံဖို့တော့ မရှိပါဘူး။
နွမ်နရီဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီက အာဆင်နယ် အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၃၇ ပွဲ ကစားပြီး ၉ ဂိုး သွင်းကာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ်က နွမ်နရီကို စာချုပ်သစ် ချုပ်ဆိုဖို့ အသည်းအသန် ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။ အာဆင်နယ် ကတော့ အားကစား ဒါရိုက်တာသစ် အန်ဒရီယာ ဘာတာ ရောက်ရှိလာချိန်မှာ အသင်းကို အားရစရာ အင်အား ဖြည့်တင်းမှုတွေ ပြုလုပ်နေသလို အသင်းရဲ့ အဓိက ကစားသမားတွေ ကိုလည်း ဆက်ထိန်းထားဖို့ ကြိုးပမ်းနေပါတယ်။ အာဆင်နယ်က ဒီနွေရာသီ အစောပိုင်းမှာ ကစားသမားသစ် ခေါ်ယူမှုတွေ အတွက် အာရုံစိုက်ခဲ့ပြီးတော့ အသင်းရဲ့ လူစာရင်းကို ၆ ဦး ပေါင်းထည့်ထားနိုင်ပြီ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ အန်ဒရီယာ ဘာတာ ဦးဆောင်တဲ့ အဖွဲ့က ကစားသမား အထွက်တွေ အတွက် ဆက်လက် လုပ်ဆောင်နေကြောင်း သိရပါတယ်။ ဒါပြီးရင်တော့ ဂန်းနားတွေဟာ အဓိက ကစားသမားတွေ ဖြစ်တဲ့ ဝီလီယမ် ဆလီဘာနဲ့ အီသန် နွမ်နရီ တို့ကို စာချုပ်သစ် ချုပ်ဆိုဖို့ လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.