ပရီးမီးယားလိဂ် ၃ ပွဲဆက် အနိုင်ရထားတဲ့ မန်ချက်စတာယူနိုက်တက် ကတော့ ဒီတစ်ပတ် မှာတော့ နော့တင်ဟမ်ဖောရက်စ်ကို စီးတီးဂရောင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ဖောရက်စ် အသင်းခေါင်းဆောင် မော်ဂန် ဂစ်ဘ်ဝှိုက်က ယူနိုက်တက် အနေနဲ့ ရူဘင် အမော်ရင် လက်အောက်မှာ ‘မယုံနိုင်လောက်အောင်’ ပြန်လည် ကောင်းမွန်လာမှု အပေါ် ချီးကျူးစကား ပြောကြားလာခဲ့ပါတယ်။
ယူနိုက်တက်ဟာ ခရာဘောင်ဖလားမှာ လိဂ်တူး ကလပ် ဂရင်းမ်စဘီတောင်းကို ရှုံးနိမ့်ပြီး စောစောစီးစီး ထွက်ခွာခဲ့ရခြင်း အပါအဝင် ရာသီအစကို နှေးကွေးစွာ စတင်ခဲ့တာကြောင့် နည်းပြ ရူဘင် အမော်ရင်လည်း ရာထူး ကနေ ထုတ်ပယ်ခံရနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အမော်ရင် လက်ထက်မှာ ပထမဆုံးအကြိမ် အဖြစ် ပရီးမီးယားလိဂ် ၃ ပွဲဆက် အနိုင်ရပြီးနောက် ယူနိုက်တက်က အခုဆိုရင် ကောင်းမွန်တဲ့ ခံစားချက်တွေ ရရှိနေပြီ ဖြစ်ပါတယ်။ ဒီထဲကမှ အန်ဖီးလ်မှာ ခါးသီး ပြိုင်ဘက် လစ်ဗာပူးလ်ကို အနိုင်ရလိုက်တာက ယူနိုက်တက် အတွက် ကြီးမားတဲ့ သက်ရောက်မှု ဖြစ်ခဲ့တယ်လို့တောင် ပြောလို့ ရပါတယ်။ ဒါကြောင့် ဂစ်ဘ်-ဝှိုက်က ယူနိုက်တက်ဟာ အမော်ရင်ကို ဆက်လက် ထိန်းသိမ်းထားခြင်းဖြင့် မှန်ကန်တဲ့ ရွေးချယ်မှုကို ပြုလုပ်ခဲ့ကြောင်း အခုလိုပဲ ပြောကြားခဲ့ပါတယ်။
ဂစ်ဘ်ဝှိုက်က “မြင်တွေ့ရတာ မယုံနိုင်စရာပါပဲ။ သူတို့ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်း ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းနေခဲ့ရတာ သိသာပါတယ်။ ဒါပေမယ့် သူတို့က ဒီနည်းပြနဲ့ပဲ ရှေ့ဆက်ခဲ့ပြီး ပြီးခဲ့တဲ့ ၄/၅ ပွဲမှာ ယူနိုက်တက်က ဘယ်လို ကစားရမယ် ဆိုတာ သိလာပါတယ်။ စိတ်ဓာတ် ကြံ့ခိုင်မှုနဲ့ ဆုံးဖြတ်ချက် မှန်ကန်မှုတွေ ကိုလည်း မြင်တွေ့လာခဲ့ရပါတယ်။ ကြည့်ရတာ မယုံနိုင်စရာပါပဲ။ ဒါက ကျွန်တော့် အနေနဲ့ လိဂ်က လွဲချော်နေသလို ခံစားရမိတဲ့အရာပါ။” လို့ ပြောဆိုခဲ့ပါတယ်။

ဆက်လက်ပြီး “ကျွန်တော်တို့ လုပ်နိုင်တာက ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်ဖို့ပါ။ ယူနိုက်တက် ဘယ်လို လုပ်ဆောင်နေတယ် ပြီးတော့ သူတို့ရဲ့ စွမ်းဆောင်ရည်ကို အာရုံစိုက်လို့ မရပါဘူး။ ဘာလို့လဲ ဆိုတော့ အဲဒီလို လုပ်လိုက်ရင် ကျွန်တော်တို့ သူတို့ကို ဦးညွှတ်ရတော့မှာပါ။ ကျွန်တော်တို့ ဘာလုပ်ချင်လဲ၊ ဘယ်လိုအနိုင်ရအောင် လုပ်မလဲ ဆိုတာကို အာရုံစိုက်ရမယ်။ ဒီအပတ်မှာ အကြံဥာဏ် တချို့ကို စတင် အကောင်အထည်ဖော်နေပြီလို့ ကျွန်တော် ထင်ပါတယ်။ ပြီးတော့ ပွဲမတိုင်ခင် ရက်အနည်းငယ် ကျန်နေပါသေးတယ်။ ဒါကြောင့် နည်းပြချုပ် (ရှောင် ဒိုက်ချ်)က သူတို့ကို ဘယ်လို အနိုင်ယူနိုင်မလဲ ဆိုတဲ့ အကြံဥာဏ်တွေ ပိုရလာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါသေးတယ်။
နော့တင်ဟမ်ဖောရက်စ် ကတော့ ဒီရာသီ ပြိုင်ပွဲစုံ ၁၃ ပွဲ ကစားပြီးချိန်မှာ နိုင်ပွဲ ၂ ပွဲသာ ရရှိထားပြီးတော့ ပရီးမီးယားလိဂ် မှာလည်း တန်းဆင်းဇုန်ထဲ ရောက်ရှိနေတာပါ။ ဒီရာသီမှာ နည်းပြ အပြောင်းအလဲ ၂ ကြိမ် ရှိထားပြီ ဖြစ်တဲ့ ဖောရက်စ်က လက်ရှိ မှာတော့ သူတို့ရဲ့ အနာဂတ်ကို အတွေ့အကြုံရင့် နည်းပြ ရှောင်ဒိုက်ချ်ဆီ ပုံအပ်ထားပါတယ်။ ဖောရက်စ်ဟာ အင်္ဂလန်သား နည်းပြ လက်အောက် မှာတော့ ၂ ပွဲ ကစားပြီး ၁ ပွဲနိုင်၊ ၁ ပွဲ ရှုံးထားပါတယ်။ ဖောရက်စ်ဟာ ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် တွေ့ဆုံမှု ၃ ကြိမ်မှာ ၃ ကြိမ်နိုင်၊ ၃ ကြိမ် ရှုံးထားတာ တွေ့ရပါတယ်။ ဒါ့အပြင် စီးတီးဂရောင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ကြိမ်မှာတော့ ၂ နိုင်၊ ၃ ကြိမ် ရှုံးထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


