မန်ချက်စတာယူနိုက်တက် ကတော့ ၂၀၂၄-၂၀၂၅ ဘောလုံး ရာသီ ပရီးမီးယားလိဂ်မှာ အဆင့် ၁၅ နေရာနဲ့ အတူ ဆိုးရွားတဲ့ ရာသီ အဖြစ် ရာသီသိမ်းထားခဲ့ရပါတယ်။ ဒါ့အပြင် ယူရိုပါလိဂ် ဗိုလ်လုပွဲ မှာလည်း စပါးကို ရှုံးနိမ့်ခဲ့တာကြောင့် ရူဘင် အမော်ရင်ရဲ့ အသင်းက လာမယ့်ရာသီ ဥရောပ ပြိုင်ပွဲတွေနဲ့ လွဲချော်ခဲ့ကာ ကြွေးမြီတွေလည်း တင်နေခဲ့ပါတယ်။
ဒီလို အခြေအနေမှာ ယူနိုက်တက်ရဲ့ ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ရီယို ဖာဒီနန်က သူ့ရဲ့ အသင်းဟောင်း အနေနဲ့ လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ အဆင့် ၆ ကနေ ၈ အတွင်း ရပ်တည်နိုင်ဖို့သာ မျှော်မှန်းထားသင့်ကြောင်း သုံးသပ်သွားခဲ့ပါတယ်။ ဒါ့အပြင် ဖာဒီနန်က သူ့အနေနဲ့ ယိုကီးရက်စ်ထက် အိုဆင်မ်ဟန်ကိုသာ ပိုမို ရွေးချယ်လိုကြောင်းလည်း ပြောကြားသွားခဲ့ပါသေးတယ်။
Mirror Sport နဲ့ တွေ့ဆုံရာမှာ ဖာဒီနန်က “ဒီနှစ် အဆင့် ၁၅ နဲ့ အဆုံးသတ်ခဲ့တဲ့ အတွက် ယူနိုက်တက် အနေနဲ့ အနိမ့်ဆုံး ထိပ်ဆုံး ၆ သင်း ကနေ ၈ သင်း အတွင်း ဝင်ဖို့ ပစ်မှတ်ထားရမှာပါ။ အဲဒီစာရင်းရဲ့ အပြင်ဘက်ကို ရောက်သင့်တယ်လို့တော့ မထင်ပါဘူး။ ယူနိုက်တက်မှာ အမှတ်ပေး ချန်ပီယံဆု ရယူဖို့ပဲ တွေးခဲ့တဲ့ လူတစ်ယောက် အဖို့ အခုလို ပြောရတာ ခံစားရခက်လွန်းပါတယ်ဗျာ။” လို့ ပြောကြားသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ရဲ့ ဒီနွေရာသီ အသုံးစရိတ် အများစု ဟာ တိုက်စစ်မှူးသစ် ခေါ်ယူဖို့ ဖြစ်နိုင်ပြီး အလားအလာ ရှိတဲ့ ပစ်မှတ် အများအပြားနဲ့လည်း ချိတ်ဆက်နေပါတယ်။ ဖာဒီနန် ကတော့ တခြားသော ရွေးချယ်စရာ တစ်ခု အတွက် ဗစ်တာ ယိုကီးရက်စ်ကို ငြင်းပယ်သင့်ကြောင်း အခုလိုပဲ ပြောကြားသွားခဲပါတယ်။
ဖာဒီနန်က “မန်ချက်စတာယူနိုက်တက်ဟာ အတွေ့အကြုံရှိတဲ့ အထောင် တိုက်စစ်မှူး တစ်ဦး လိုအပ်ပါတယ်။ ဒါပါပဲ။ ယူနိုက်တက်က ကစားသမားတွေ အများကြီးနဲ့ ဝန်ထမ်းတွေ အများကြီး ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော် မြင်တဲ့ သက်သေတစ်ခုက ဟွိုက်ဂျ်လန်းဟာ ပြောင်းရွှေ့ကြေး အများအပြားနဲ့ ရောက်ရှိလာပြီး တကယ်တမ်း မြေပြင် အခြေအနေမှာ ရုန်းကန်ခဲ့ရတယ် ဆိုတာပါပဲ။ ဇီယက်ခ်ဇီးလည်း အတူတူပါပဲ။ သူ (ဟွိုက်ဂျ်လန်း) ထက် အများကြီး ပိုကောင်းအောင် မလုပ်ပြနိုင်သေးပါဘူး။” လို့ ဆိုပါတယ်။

ဆက်လက်ပြီး “ဟွိုက်ဂျန်လန်းရဲ့ အတွေ့အကြုံ မရှိခြင်းက ကြီးမားတဲ့ အချက် တစ်ခုလို့ ကျွန်တော် ထင်ပါတယ်။ ဒါကြောင့် ကျွန်တော့် အနေနဲ့ တိုက်စစ် အတွက် တိုက်စစ်မှူး တစ်ယောက် မလိုချင်ပါဘူး။ ကျွန်တော့်ရဲ့ podcast မှာ အကြိမ်ကြိမ် ပြောခဲ့ဖူးတယ်လို့ ကျွန်တော် ထင်ပါတယ်။ အတွေ့အကြုံရှိတဲ့ တိုက်စစ်မှူး တစ်ယောက်ဟာ ကွင်းထဲမှာ သူဘာလုပ်ရမယ် ဆိုတာကို ကောင်းကောင်း သိပါတယ်။” လို့ ဆိုပါတယ်။
ယိုကီးရက်စ်နဲ့ ပတ်သတ်ပြီးတော့လည်း ဖာဒီနန်က “ယိုကီးရက်စ်လား။ လူတိုင်းက သူ့အကြောင်း ပြောနေကြပါတယ်။ ထပ်ပြီး ပြောပါမယ်။ ကျွန်တော်သာ ဈေးကွက်ထဲမှာ သူ (ယိုကီးရက်စ်) ဒါမှမဟုတ် အိုဆင်မ်ဟန်ကို ရွေးချယ်ရမယ် ဆိုရင် အတွေ့အကြုံကြောင့် အိုဆင်မ်ဟန်ကိုပဲ ရွေးဖြစ်မယ် ထင်ပါတယ်။ ပြီးတော့ သူက အခု လိဂ်တော်တော်များများမှာ ဒါကို လုပ်ပြပြီးပါပြီ။ နိုင်ငံတကာ မှာလည်း သူလုပ်ပြခဲ့ပါတယ်။ သူက ထိပ်တန်း နံပါတ် ၉ ဖြစ်တဲ့ အတွက် လူငယ်ကစားသမားတွေ သူ့ဆီကနေ သင်ယူနိုင်မယ်လို့ ထင်ပါတယ်။ ယိုကီးရက်စ်ကို ကျရှုံးမယ်လို့ မပြောပါဘူး။ ကျွန်တော်သာ ဆိုရင်လို့ ရှိရင် ဒီလို လုပ်မယ်လို့ ပြောတာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။ ဖာဒီနန်ဟာ ယူနိုက်တက်မှာ ပွဲပေါင်း ၄၅၅ ပွဲ ကစားခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆု ၆ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ လိဂ်ဖလား ၂ ကြိမ် ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။
လက်ရှိမှာ မန်ချက်စတာယူနိုက်တက် ကတော့ ဝုဗ် ကနေ ဘရာဇီးလ် တိုက်စစ်မှူး မားသီးယက်စ် ကူညာကို ခေါ်ယူထားပြီး အထောင် တိုက်စစ်မှူး တစ်ဦး ရှာဖွေနေဆဲ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ကစားသမား ခေါ်ယူဖို့ အစီအစဉ် ရှိနေသည့် တိုင်အောင် ဥရောပ ပြိုင်ပွဲ မကစားရတာက အခက်အခဲ တစ်ခု အဖြစ် ရှိနေတာ ဖြစ်ပါတယ်။ အသင်းရဲ့ ဘောလုံးရေးရာ ကိစ္စတွေကို စီမံဆောင်ရွက်နေတဲ့ ပူးတွဲ ပိုင်ရှင် ဆာဂျင်မ် ရက်ကလစ်ဖ် ကလည်း လာမယ့် ရာသီမှာ ဆုဖလား ရယူဖို့ မျှော်မှန်းထားခြင်း မရှိဘဲ ၂၀၂၈ ခုနှစ်မှသာ ပရီးမီးယားလိဂ် ချန်ပီယံဆု ပြန်လည် ရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.