နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တဲ့ အာလင်း ဟာလန်း | ပရီးမီးယားလိဂ်

မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်း ကတော့ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီကို အကောင်းဆုံး စတင်ထားနိုင်ပြီး လက်ရှိ လုပ်ဆောင်နေတာထက် ဘယ်တော့မှ ပိုကောင်းလာမယ်လို့ မခံစားရကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ဟာလန်းဟာ ဘရန့်ဖို့ဒ်ကို အနိုင်ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ သွင်ဂိုး ၁ ဂိုး ထပ်မံ ရရှိခဲ့ပြီးတော့ နောက်ဆုံး ၉ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဟာလန်း အနေနဲ့ ကလပ်နဲ့ နိုင်ငံ လက်ရွေးစင် အသင်း အတွက် ၉ ပွဲ ဆက်တိုက် (နော်ဝေ အတွက် ၂ ပွဲ ကစား ၆ ဂိုး၊ မန်စီးတီး အတွက် ၇ ပွဲ ကစား 10 ဂိုး) ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒါဟာ သူ့ အတွက် ထိပ်တန်း အဆင့် တစ်ခုမှာ အရှည်ကြာဆုံး ဂိုးသွင်းနိုင်မှုလည်း ဖြစ်ခဲ့ပါတယ်။ တစ်ဖက် မှာလည်း ဟာလန်းရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ဘရန့်ဖို့ဒ်ကို အနိုင်ရခဲ့တဲ့ မန်စီးတီးက ပပ် ဂွါဒီယိုလာ လက်ထက်မှာ ပွဲပေါင်း ၃၄၉ ပွဲ ကစားပြီး နိုင်ပွဲ ၂၅၀ (သရေ ပွဲ ၅၀၊ ရှုံးပွဲ ၄၉ ပွဲ) ပြည့်ခဲ့ပါတယ်။ ဒါဟာ ပပ် ဂွါဒီယိုလာ အတွက်လည်း ပရီးမီးယားလိဂ်မှာ ပွဲအနည်းဆုံး ကစားပြီး နိုင်ပွဲ ၂၅၀ ပြည့်ခဲ့တဲ့ နည်းပြ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဘရန့်ဖို့ဒ်နဲ့ ပွဲအပြီးမှာ Sky Sports နဲ့ အင်တာဗျူးမှာ ဟာလန်းက “ကျွန်တော် အခုလုပ်ဆောင်နေတာထက် ဘယ်တော့မှ ပိုကောင်းလာမယ်လို့ မခံစားခဲ့ရပါဘူး။ ဒါဟာ ကြိုတင် ပြင်ဆင်မှု၊ ပွဲတွေ အတွက် အဆင်သင့် ဖြစ်နေဖို့ပါပဲ။ ရုပ်ပိုင်းဆိုင်ရာ အဆင်သင့် ဖြစ်နိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာ မှာလည်း အဆင်သင့် ဖြစ်ဖို့ လိုပါသေးတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

မန်စီးတီးဟာ ၂၀၂၅ ခုနှစ် အတွင်း တခြားသော ပရီးမီးယားလိဂ် အသင်း အားလုံးထက် ဂိုးပိုသွင်းထားနိုင်ခဲ့ပြီး သွင်းဂိုး ၅၅ ဂိုး ရရှိထားပါတယ်။
ပရီးမီးယားလိဂ် ဇယား ထိပ်ပိုင်းကို ပြန်လည် ရောက်ရှိလာခဲ့တဲ့ မန်စီးတီး

မန်စီးတီးဟာ ၂၀၂၅ ခုနှစ် အတွင်း တခြားသော ပရီးမီးယားလိဂ် အသင်း အားလုံးထက် ဂိုးပိုသွင်းထားနိုင်ခဲ့ပြီး သွင်းဂိုး ၅၅ ဂိုး ရရှိထားပါတယ်။ ဒါ့အပြင် မန်စီးတီးက လက်ရှိ ဘောလုံး ပြက္ခဒိန် အတွင်း နိုင်ပွဲ အများဆုံး ရထားတဲ့ လစ်ဗာပူးလ်နဲ့လည်း ၁၆ ပွဲစီ တူညီသွားခဲ့ပါတယ်။ အသက် ၂၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဟာလန်းက ပရီးမီးယားလိဂ်မှာ ကစားခဲ့တဲ့ ဘောလုံးကွင်း ၂၃ ကွင်း အနက် ၂၂ ကွင်းမှာ (အန်ဖီးလ်မှာ ဂိုးမသွင်းနိုင်ခဲ့) ဂိုးသွင်းနိုင်ခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

ဟာလန်းဟာ အလန် ရှီးယား ပြီးရင် နှစ်ကြိမ်တိုင်တိုင် တစ်ရာသီ အတွင်း ပြိုင်ပွဲစုံမှာ ၁၅ ဂိုး သွင်းယူနိုင်တဲ့ ပရီးမီးယားလိဂ် ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ အလန် ရှီးယား ကတော့ ၁၉၉၂-၁၉၉၃နဲ့ ၁၉၉၅-၁၉၉၆ ခုနှစ်တွေမှာ အခုလို စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို စံချိန် မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အာလင်း ဟာလန်း ကိုတော့ နည်းပြ ဖြစ်သူ ပပ် ဂွါဒီယိုလာက ဘယ်လောက် အထိ အရေးပါသလဲ ဆိုတာ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။ ဂွါဒီယိုလာက “ဟာလန်းကို ကျွန်တော် ပြောခဲ့ပါတယ်။ သူက ဒီရာသီမှာ ကျွန်တော်တို့ အတွက် အရမ်း အရေးကြီးတယ် ဆိုတာကိုပေါ့။ တောင်ပံကစားသမားတွေ ဂိုးများများ သွင်းရမယ်၊ ပိုဖန်တီးရမယ်၊ ပိုပြီး ပြီးမြောက်အောင် လုပ်ဆောင်ရမယ်။ တဆင့်ပြီး တစ်ဆင့် ငါတို့ လုပ်ဆောင်ရမယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် ၂ ပွဲဆက် အနိုင်ရခဲ့တဲ့ မန်စီးတီး ကတော့ ရမှတ် ၁၃ မှတ်နဲ့ အတူ အမှတ်ပေးဇယား အဆင့် ၅ နေရာကို တက်လှမ်းလာနိုင်ခဲ့ပြီး အာဆင်နယ်ကို ၃ မှတ် အကွာနဲ့ ဖိအားပေးထားပါတယ်။ မန်စီးတီးဟာ နိုင်ငံတကာ ရက်သတ္တပတ်တွေ ပြီးဆုံးချိန်မှာတော့ အဲဗာတန်နဲ့ ပရီးမီးယားလိဂ်၊ ဗီလာရီးရဲလ်နဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေ ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်