နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အသင်း ပြုလုပ်မိခဲ့တဲ့ ကိုယ်ပိုင် အမှားတွေ အတွက် စိတ်ပျက်နေတဲ့ အန်ဇို မာရက်စ်ကာ | ပရီးမီးယားလိဂ်

ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စ်ကာ ကတော့ ဘရိုက်တန်ကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် သူ့ အသင်း ပြုလုပ်မိခဲ့တဲ့ ကိုယ်ပိုင် အမှားတွေ အပေါ် စိတ်ပျက်မိကြောင်း ပြောကြားလာခဲ့ပါတယ်။ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက် အနီကတ်ထိခဲ့သလို ၂ ပွဲဆက်တိုက်လည်း ရှုံးခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ မနေ့က ပွဲမှာ အပြုသဘောဆောင်တဲ့ ခြေစွမ်းနဲ့ စတင်နိုင်ခဲ့ပြီး အန်ဇို ဖာနန်ဒက်ဇ်ရဲ့ ခေါင်းတိုက်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။ ဒါပေမယ့်လည်း ဒုတိယပိုင်း ပွဲပြန်စပြီး မကြာခင် ကွင်းလယ်ဒိုင် ဆိုင်မွန် ဟူ့ပါးက ဘရိုက်တန် ကွင်းလယ်လူ ဒီယေဂို ဂိုးမက်ဇ်ကို ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့တဲ့ ထရီဗော့ ချာလိုဘာကို အနီကတ်ပြ ထုတ်ပယ်လိုက်ချိန်မှာတော့ ပွဲရဲ့ ချိန်ခွင်လျှာက ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ဧည့်သည် ဘရိုက်တန် တို့က ပွဲကို တစ်ဖက်သတ် လွှမ်းမိုး ကစားနိုင်ခဲ့ပြီး ပွဲချိန် ၇၇ မိနစ်နဲ့ ၉၀+၁၀ မှာ ဒန်နီဝဲလ်ဘက်၊ ပွဲချိန် ၉၀+၂ မှာ ဒီကူ့ပါး တို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။ ဝဲလ်ဘက် ကတော့ ချဲလ်ဆီးနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၈ ပွဲမှာ ဘရိုက်တန် အတွက် ၅ ဂိုး သွင်းကာ ၂ ဂိုး ဖန်တီးပြီး ဂိုးပါဝင်ပတ်သတ်မှု ၇ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီရလဒ်ကြောင့် ချဲလ်ဆီး အာဆင်နယ်ကို ၅-၃ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ၂၀၁၁ ခုနှစ် အောက်တိုဘာလ နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ပထမပိုင်း ဦးဆောင်နိုင်ခဲ့ပြီးနောက် ဒုတိယပိုင်းမှာ ဂိုးပြတ် ပြန်လည် အရှုံးပေးခဲ့ရတဲ့ အိမ်ကွင်း မှတ်တမ်းဆိုး ကိုလည်း ပိုင်ဆိုင်သွားခဲ့ပါတယ်။

အနီကတ် ပြသခံရပြီးနောက် ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့ရတဲ့ ချဲလ်ဆီး

ဒီရှုံးပွဲနဲ့ ပတ်သတ်လို့ အန်ဇို မာရက်စ်ကာက ပွဲအပြီးမှာ စိတ်ပျက်စွာနဲ့ အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ဒါက ခက်ခဲခဲ့ပြီး ကျွန်တော်တို့ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ပြိုင်ဘက်ကို ဘာဆိုဘာမှ ခွင့်မပြုခဲ့ပါဘူး။ ပထမပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး အရာအားလုံး အဆင်ပြေခဲ့ပါတယ်။ ကျွန်တော် တို့ရဲ့ အမှားကြောင့် ပွဲက ပြောင်းလဲသွားခဲ့ပါတယ်။” လို့ မာရက်စ်ကာက BBC Sport ကို ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး “ကျွန်တော် အဲဒါကို ပြန်မကြည့်ဘူး။ သူတို့က အနီကတ်လို့ ဆုံးဖြတ်ရင် အနီကတ် ဖြစ်နိုင်ပါတယ်။ နောက်ပြီး ၁-၁ မဖြစ်ခင် အထိ ကျွန်တော်တို့ ကာကွယ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အမြဲတမ်း ပိုကောင်းအောင် လုပ်နိုင်ရပါမယ်။ ပထမပိုင်းမှာ ရခဲ့တဲ့ အခွင့်အရေး ပမာဏနဲ့ ဆိုရင် ဒုတိယဂိုး သွင်းနိုင်ခဲ့ရမှာပါ။ ကျွန်တော့် အနေနဲ့ တိုက်စစ်ရော၊ ခံစစ်ရော ပိုကောင်းအောင် လုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။” လို့ မာရက်စ်ကာက ဆိုပါတယ်။

တစ်ဖက်မှာလည်း ဖေဘီယန် ဟက်ဇ်လာရဲ့ ဘရိုက်တန် ကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဒုတိယမြောက် နိုင်ပွဲကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘရိုက်တန်က ပရီးမီးယားလိဂ် အဖွင့် ၆ ပွဲ ကစားပြီးချိန်မှာ ကြီး ၆ ကြီး စာရင်းဝင် ၃ သင်းနဲ့ ကစားပြီး ရမှတ် ၇ မှတ် စုဆောင်းထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ စတန်းဖို့ဒ်ဘရစ်ချ် ကနေ အဖိုးတန် ၃ မှတ် ရယူနိုင်ခဲ့ပြီးနောက် ဟက်ဇ်လာက “ပထမမိနစ်မှာ ကျွန်တော်တို့ နစ်နာခဲ့ရပြီး ဂိုးပေးလိုက်ရပြီး ဆက်ကစားခဲ့ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ ဖန်တီးခဲ့ပြီး အပိုင်ကန်သွင်းမှု ပိုကောင်းခဲ့ပါတယ်။ ဂိုးပေးလိုက်ရပြီးနောက် ကျွန်တော်တို့ ကစားပုံ ပိုကောင်းလာခဲ့ပါတယ်။”

“တခါတရံမှာ တစ်ဖက် အသင်းက ခုခံဖို့ပဲ ကြိုးစားတဲ့ အတွက် ပိုပြီး ခက်ခဲရပါတယ်။ ကျွန်တော်တို့ စိတ်ရှည်သည်းခံပြီး အော်ဟစ်နေခဲ့တယ်။ ကျွန်တော်တို့ ဘယ်ဘက်ကနေ ညာဘက်ကို ကစားတာက နေရာလွတ်တွေကို ဖွင့်ပေးနိုင်ခဲ့ပြီး ကောင်းမွန်တဲ့ အခိုက်အတန့်တွေ ရခဲ့ပါတယ်။” လို့ ဟက်ဇ်လာက ပြောကြားသွားခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ချဲလ်ဆီးက ၂ ပွဲဆက် အရှုံးကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာကို ရောက်ရှိသွားပြီး ဘရိုက်တန် ကတော့ အဆင့် ၁၀ နေရာကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။ လာမယ့် ပွဲစဉ်တွေ အဖြစ် ချဲလ်ဆီးက ကြားရက်မှာ ဘင်ဖီကာနဲ့ ချန်ပီယံလိဂ် ကစားဖို့ ရှိပြီး ဘရိုက်တန် ကတော့ လာမယ့် တစ်ပတ် တနင်္ဂနွေမှ ဝုဗ်နဲ့ ပရီးမီးယားလိဂ် ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်