နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပပ် ဂွါဒီယိုလာက အမှန်တကယ် အလိုရှိခဲ့တာကြောင့် မန်စီးတီးကို ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ကြောင်း ဖွင့်ဟခဲ့တဲ့ ဒွန်နာရမ်းမား | ပရီးမီးယားလိဂ်

အီတလီ နာမည်ကြီး ဂိုးသမား ဂျီယန် လူဝီဂျီ ဒွန်နာရမ်းမား ကတော့ သူ့ကို ပပ် ဂွါဒီယိုလာက အမှန်တကယ် အလိုရှိခဲ့တာကြောင့် ပရီးမီးယားလိဂ် ကလပ် မန်စီးတီးကို ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ကြောင်း ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ဒွန်နာရမ်းမားက သူ့ အနေနဲ့ မန်စီးတီးလို့ ကလပ်ကို ရောက်ရှိလာတာကြောင့် ဂုဏ်ယူပြီး အရမ်းပဲ ပျော်ရွှင်နေကြောင်း ပြင်သစ် သတင်းစာ Le10Sport နဲ့ တွေ့ဆုံချိန်မှာ ပြောကြားခဲ့ပါသေးတယ်။

မန်စီးတီး ဂိုးသမားသစ် ဖြစ်လာတဲ့ ဒွန်နာရမ်းမားက အီတလီ လက်ရွေးစင် အသင်းရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “စီးတီးကို သွားဖို့ ကျွန်တော် မစောင့်နိုင်တော့ပါဘူး။ သူတို့က ကျွန်တော့်ကို အလွန်အမင်း အလိုရှိခဲ့တယ်။ နည်းပြ ကိုယ်တိုင် ကလည်း လိုချင်ခဲ့ပါတယ်။ ကျွန်တော် ယုံကြည်ထားတဲ့ ကမ္ဘာ့အကောင်းဆုံး အသင်းက အလိုရှိခြင်းခံရတာက ကျွန်တော့်ကို အရမ်းပဲ ဂုဏ်ယူစေပါတယ်။” လို့ ဒွန်နာရမ်းမားက ဆိုပါတယ်။ 

အဲဒီနောက် ပီအက်စ်ဂျီ ကနေ ထွက်ခွာခဲ့တဲ့ အကြောင်းရင်းနဲ့ ပတ်သတ်ပြီးတော့လည်း ဒွန်နာရမ်းမားက သူဟာ နည်းပြ လူးဝစ္စ အန်နရီကေးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိခဲ့ကြောင်း နည်းပြ တစ်ယောက် အနေနဲ့ ရွေးချယ်မှုတွေကို လုပ်ပိုင်ခွင့် ရှိတာ လက်ခံကြောင်း ပြောကြားခဲ့ပါတယ်။

ဒွန်နာရမ်းမားဟာ ဒီနွေရာသီ အပြောင်းအရွှေ့ နောက်ဆုံး ရက်မှာ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး အသင်းထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ အီတလီ လက်ရွေးစင် အသင်းနဲ့ အတူ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ ပါဝင်ကစားနေတဲ့ ဒွန်နာရမ်းမားက ပီအက်စ်ဂျီ ကနေ မန်စီးတီး အသင်းထံ ပေါင် ၂၆ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၆ နှစ် အရွယ် ဂိုးသမားက ၂၀၂၁ ခုနှစ်မှာ အေစီမီလန် ကနေ ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီကို ရောက်ရှိခဲ့ပြီး လီဂူးဝမ်းမှာ ပွဲပေါင်း ၁၀၀ ကျော်နဲ့ ချန်ပီယံလိဂ် မှာတော့ ပွဲပေါင်း ၄၀ အထိ ပါဝင်ကစားပေးခဲ့ပါတယ်။

ဒွန်နာရမ်းမားဟာ ဒီနွေရာသီ အပြောင်းအရွှေ့ နောက်ဆုံး ရက်မှာ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး အသင်းထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
နည်းပြ ဖြစ်သူ အန်နရီကေးနဲ့ ဆက်ဆံရေး အဆင်ပြေခဲ့ကြောင်းလည်း ဖြေရှင်းခဲ့တဲ့ ဒွန်နာရမ်းမား

 ပြီးခဲ့တဲ့ ရာသီက ပီအက်စ်ဂျီတို့ ဖလား သုံးလုံး အောင်မြင်မှု ရရှိရာမှာ ဒွန်နာရမ်းမားက အဓိက ကစားသမား တစ်ဦး အဖြစ် ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အီတလီသားဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပေးဂိုး မရှိ ၆ ပွဲ အထိ စွမ်းဆောင်ပြနိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ပီအက်စ်ဂျီက လိုင်လီရဲ့ တက်သစ်စ လက်စွမ်းပြ ဂိုးသမား လူးကပ်စ် ချာဗာလီယာကို ခေါ်ယူခဲ့သလို ဒွန်နာရမ်းမား အနေနဲ့ နည်းပြ လူးဝစ္စ အန်နရီကေးရဲ့ စိတ်ကြိုက် ကစားသမား မဟုတ်တော့တာကြောင့် အသင်း ပြောင်းရွှေ့ခဲ့ရသူ ဖြစ်ပါတယ်။

နောက်ဆုံး မှာတော့ ဒွန်နာရမ်းမားက သူ့ရဲ့ အားနည်းချက် ဖြစ်တဲ့ ခြေထောက်နဲ့ ဘောလုံး ပေးပို့ ကစားနိုင်စွမ်း အပေါ် ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း အခုလိုပဲ ရှင်းပြသွားခဲ့ပါတယ်။ “ကျွန်တော့် ခြေထောက်နဲ့ ကစားရတာ ပြဿနာ ရှိတယ်လို မထင်ပါဘူး။ အသက် ၁၆ နှစ် အရွယ် ကတည်းက စီးရီးအေမှာ စကစားခဲ့တဲ့ အချိန် ကစပြီး ကျွန်တော် ရရှိခဲ့တဲ့ အောင်မြင်မှုတွေနဲ့ အတူ အမှားတွေ ကလည်း အမြဲတမ်း ရှိနေပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့် အတွက် ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့ပြီးပြီလို ထင်ပါတယ်။” လို့ ပညာသားပါပါ တုန့်ပြန်သွားခဲ့ပါတယ်။ပ

ရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး ကတော့ ဒီနွေရာသီမှာ ဂိုးသမား ၂ ဦး ခေါ်ယူခဲ့ပြီး အီဒါဆင် မိုရေးစ် ကိုတော့ ဖီနာဘာချီထံ ရောင်းထုတ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဂျိမ်းစ် ထရက်ဖို့ဒ်က မန်စီးတီးရဲ့ ဂိုးပေါက်မှာ တာဝန်ယူထားရပြီး ဒွန်နာရမ်းမား ရောက်ရှိလာချိန် မှာတော့ အင်္ဂလန်သား အနေနဲ့ အရန် ဂိုးသမား အဖြစ်သာ ရှိနေဖို့ များသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်