နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရိုဒရီဂိုကို ယူရို သန်း ၁၂၀ အထိ ပေးကာ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ်

ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ရိုဒရီဂို ကိုတော့ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးက ယူရို သန်း ၁၂၀ အထိ ပေးကာ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အဆိုပါ ဘရာဇီးလ် လက်ရွေးစင် တောင်ပံ ကစားသမားကို ချဲလ်ဆီး မတိုင်ခင် လစ်ဗာပူးလ် ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ အသင်းရဲ့ ငွေကြေးပိုင်း တောင့်တင်းနေမှုကြောင့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ထိပ်တန်း ကစားသမားတွေကို ပစ်မှတ်ထား ခေါ်ယူဖို့ ရှိနေတာပါ။ ဒါကြောင့် ချဲလ်ဆီးက ရီးရဲလ်မက်ဒရစ်ရဲ့ ဘရာဇီးလ် တောင်ပံကစားသမား ရိုဒရီဂိုကို ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိပြီးတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့ကာလမှာ ယူရို သန်း ၁၂၀ (ပေါင် ၁၀၂ သန်း) အထိ ပေးပြီး ခေါ်ယူဖို့ ရှိကြောင်း သတင်းတွေက ဖော်ပြနေခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ လက်ရှိမှာ တိုက်စစ်ပိုင်းက အားနည်းမှုတွေ များစွာ ရှိနေပြီးတော့ အဓိက တိုက်စစ်မှူးတွေ ဖြစ်တဲ့ နီကိုလက်စ် ဂျက်ဆန်နဲ့ ခရစ္စတိုဖာ အန်ကွန်ကူ တို့ရဲ့ စွမ်းဆောင်ရည်တွေ ကလည်း ကျဆင်းနေပါတယ်။ ဒါကြောင့် ချဲလ်ဆီးက နွေရာသီမှာ တိုက်စစ်ပိုင်းကို အဓိက အင်အား ဖြည့်တင်းဖို့ ရှိနေပြီးတော့ ဗစ်တာ အိုဆင်မ်ဟန်၊ ဗစ်တာ ယိုကီးရက်စ် တို့ အပါအဝင် အခုလက်ရှိ မှာတော့ ရိုဒရီဂို ကိုပါ ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

ဒီအချက်ကြောင့်ပဲ ပရီးမီးယားလိဂ် ကလပ် ဘက်က ရိုဒရီဂိုကို အလိုရှိရင်တော့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေးပြီး ခက်ခက်ခဲခဲ ကြိုးပမ်းရဖို့ ရှိနေပါတယ်။
ရိုဒရီဂို အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးပေးရမယ့် ချဲလ်ဆီး

ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စ်ကာက ရိုဒရီဂိုကို ညာတောင်ပံ မှာသာမက အသင်းရဲ့ အဓိက အထောင် တိုက်စစ်မှူး အဖြစ်ပါ အသုံးပြုနိုင်ဖို့ အတွက် ခေါ်ယူလိုနေခြင်း ဖြစ်ပါတယ်။ ရိုဒရီဂို အဓိက ကစားတဲ့ နေရာ ကတော့ ညာတောင်ပံ ဖြစ်ပေမယ့် ဘရာဇီးလ်သားက လိုအပ်ရင် လိုအပ်သလို အထောင်တိုက်စစ်၊ ဘယ်တောင်ပံ၊ ကွင်းလယ် ဘယ်ညာ အစွန် နှစ်ဖက် မှာပါ ကစားနိုင်တဲ့ Verstille Player တစ်ယောက် ဖြစ်ပါတယ်။

အသက် ၂၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ရိုဒရီဂိုဟာ ဒီရာသီမှာ ရီးရဲလ်မက်ဒရစ် အတွက် အဓိက ကစားသမား တစ်ဦး အဖြစ် ခြေစွမ်းပြလျက် ရှိနေပြီး ပြိုင်ပွဲစုံ မှာတော့ စုစုပေါင်း ၄၄ ပွဲ ကစားပြီး ၁၃ ဂိုး သွင်းကာ၊ ၉ ဂိုး ဖန်တီးပေးထားပါတယ်။ တစ်ခု ရှိတာက ရိုဒရီဂိုဟာ လက်ရှိအချိန်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ၂၀၂၈ ခုနှစ် အထိ စာချုပ် သက်တမ်း ကျန်ရှိနေသူ ဖြစ်ပါတယ်။ ဒီအချက်ကြောင့်ပဲ ပရီးမီးယားလိဂ် ကလပ် ဘက်က ရိုဒရီဂိုကို အလိုရှိရင်တော့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေးပြီး ခက်ခက်ခဲခဲ ကြိုးပမ်းရဖို့ ရှိနေပါတယ်။ ဒါကလည်း ရိုဒရီဂိုရဲ့ ဆန္ဒပေါ် မူတည်နေသေးပြီး သူပြောင်းရွှေ့ချင်မှလည်း ချဲလ်ဆီး အတွက် အခွင့်အရေး ရှိနိုင်မှာ ဖြစ်ပါတယ်။ ရိုဒရီဂိုဟာ ဘရာဇီးလ် ကလပ် ဆန်းတို့စ်မှာ ကစားသမားဘဝ စတင်ပြီးတော့ ပွဲပေါင်း ၈၀ ကစားခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ် ဒုတိယအသင်းကို ရောက်ရှိခဲ့ပါတယ်။ အဲဒီ ကနေမှာ အချိန်တိုတွင်း ရီးရဲလ်မက်ဒရစ် အသင်းကြီးကို ရောက်ရှိခဲ့ပြီး လက်ရှိ အချိန်မှာတော့ ဘရာဇီးလ်သားက ပွဲပေါင်း ၂၆၂ ပွဲ အထိ ကစားကာ ၆၈ ဂိုး သွင်းယူထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်