ဒီနေ့ အတွက် နောက်ဆုံး ရရှိထားတဲ့ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားစရာ အပြောင်းအရွှေ့တွေနဲ့ သတင်းတွေကို စုစည်းဖော်ပြပေးသွားပါမယ်။
ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးက ဒေါ့မန် တောင်ပံကစားသမား ဂျေမီ ဂစ်တန်စ်ကို ခေါ်ယူဖို့ ဆက်လက် လုပ်ဆောင်နေတယ်လို့ TBR Football က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီကစားသမားကို အာဆင်နယ်က ပေါင် သန်း ၇၀ (ဒေါ်လာ ၉၄.၂ သန်း)နဲ့ ခေါ်ယူဖို့ စဉ်းစားနေကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဆက်စပ် သတင်းတွေအရ ဆိုရင် ချဲလ်ဆီးက အက်စတွန်ဗီလာ တိုက်စစ်မှူး မော်ဂန် ရော်ဂျာစ်ကို ခေါ်ယူဖို့ အခွင့်အရေး ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီး အနေနဲ့ ဒီကစားသမား အတွက် ကိုတော့ ပေါင် သန်း ၉၀ အထိ ပေးချေရဖို့ ရှိနေပါတယ်။
GIVEMESPORT ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်ဟာ ဝုဗ် တိုက်စစ်မှူး မားသီးယပ်စ် ကူညာကို ခေါ်ယူနိုင်တေ့မှာ ဖြစ်သလို ဘရန့်ဖို့ဒ်က ဘရိုင်ယန် အမ်ဘူမို ကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ယူနိုက်တက် အနေနဲ့ လီယမ် ဒီလက်ပ်သာ ချဲလ်ဆီးကို ရွေးချယ်ခဲ့မယ် ဆိုရင် အမ်ဘူမိုကို အရ ခေါ်ယူဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
မာတင် ဇူဘီမန်ဒီရဲ့ အာဆင်နယ်ကို ပေါင် ၅၁ သန်း (ဒေါ်လာ ၆၈ ဒသမ ၆ သန်း) ပြောင်းရွှေ့ဖို့ ကိစ္စက ဇူလိုင်လ ၁ ရက်နေ့ မတိုင်ခင် အပြီးသတ်နိုင်ဖွယ် မရှိကြောင်း El Diario Vasco က ဖော်ပြပါတယ်။ ဂန်းနားတွေနဲ့ ရီးရဲလ်ဆိုစီဒက် တို့ကတော့ ကစားသမားရဲ့ အပြောင်းအရွှေ့ အတွက် စာချုပ်စာတမ်းတွေ အဆင်သင့် ဖြစ်နေသလို စပိန်သားဟာ မကြာခင်မှာ အာဆင်နယ်နဲ့ ဆေးစစ်မှုတွေ ပြုလုပ်သွားတော့မှာ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ ကိုဘီ မိန်းနူးကို ဒီနွေရာသီမှာ ရောင်းချဖို့ ပြင်ဆင်နေပြီး ပြောင်းရွှေ့ကြေး အနေနဲ့ ပေါင် သန်း ၇၀ တောင်းဆိုသွားဖို့ ရှိနေကြောင်း Football Insider က ဖော်ပြခဲ့ပါတယ်။ အသက် ၂၀ အရွယ် ကစားသမား ကတော့ ယူနိုက်တက် အကယ်ဒမီထွက် ကစားသမား ဖြစ်တာကြောင့် ပရီးမီးယားလိဂ်ရဲ့ အမြတ်အစွန်းနှင့် ရေရှည်တည်တံ့မှု စည်းမျဉ်း (PSR)နဲ့ ကိုက်ညီနိုင်မှာလည်း ဖြစ်ပါတယ်။
အာဆင်နယ် ကတော့ ဘရိုက်တန် တောင်ပံကစားသမား ကာအိုရူ မီတိုမာကို ဆက်လက် စောင့်ကြည့်နေပေမယ့်လည်း ဂျပန် လက်ရွေးစင်ရဲ့ စွမ်းဆောင်ရည်နဲ့ ခြေစွမ်း အပေါ် စိုးရိမ်လျက် ရှိနေကြောင်း သိရပါတယ်။ ဂန်းနားတွေဟာ မန်စီးတီးက ခေါ်ယူဖို့ စီစဉ်နေတဲ့ နော့တင်ဟမ်ဖောရက်စ် ကွင်းလယ်လူ မော်ဂန် ဂစ်ဘ် ဝှိုက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
TodoFichajes ရဲ့ ဖော်ပြချက်အရ အက်စ်ပန်ညို ဂိုးသမား ယိုအန် ဂါစီယာကို ခေါ်ယူဖို့ စိတ်ဝင်စားဖို့ အသင်းတွေ ထဲမှာ ပါဝင်လာကြောင်း သိရပါတယ်။ အက်ဒီဟောင်းဝ်ရဲ့ အသင်းက ဂါစီယာကို အက်တလက်တီကိုမက်ဒရစ်၊ ဘာစီလိုနာ အပြင် ပရီးမီးယားလိဂ် ကလပ်တွေနဲ့ အပြိုင် ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။ ဂါစီယာ ကိုတော့ ဘာစီလိုနာက ခေါ်ယူပြီး ကလပ် တစ်ခုဆီ အရင်ဆုံး အငှားချပြီး တာစတီဂျန်နဲ့ လမ်းခွဲပြီမှသာ အသင်းထံ ခေါ်ယူသွားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.