ဒီကနေ့ မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ နောက်ထပ် ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲ မှာတော့ လိဒ်စ်ယူနိုက်တက်က ချဲလ်ဆီးကို အယ်လန်ရုတ်ဒ်မှာ ၃-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲ ရလဒ်ကြောင့် ချဲလ်ဆီးတို့ ဇယား ထိပ်ဆုံးက အာဆင်နယ်နဲ့ ၉ မှတ် အထိ ကွာဟသွားခဲ့ပြီ ဖြစ်ပါတယ်။ တနည်းအားဖြင့် ချဲလ်ဆီးက ပရီးမီးယားလိဂ် ချန်ပီယံလုပွဲထဲ ကိုယ်တိုင် ဝင်ရောက်လာပြီး ကိုယ်တိုင်ပဲ ပြန်ထွက်သွားတယ်လို့ ဆိုရမလိုပါပဲ။
ချဲလ်ဆီးဟာ ဒီနေ့ပွဲမှာ ကိုးလ် ပါးလ်မားကို လူစားဝင် အနေနဲ့သာ အသုံးပြုခဲ့ပေမယ့် ဒီလက်ပ်၊ ယာအို ပက်ဒရို၊ ဂစ်တန်စ်၊ အက်စ်တီဗာအို တို့နဲ့ အတူ အန်ဇို ဖာနန်ဒက်ဇ်၊ ဆန်းတို့စ်၊ ကူကူရယ်လာ၊ ချာလိုဘာ၊ ဘာဒီယာရှီးလ် စတဲ့ အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပြီး အနိုင်ရလဒ် အတွက် ပြင်ဆင်လာခဲ့တာပါ။ လိဒ်စ်ယူနိုက်တက် ကတော့ သူတို့ရဲ့ အကောင်းဆုံး လူစာရင်း ဖြစ်တဲ့ ဘီဂျိုးလ်၊ စထျောက်ခ်၊ ဂတ်ဒ်မန်ဆန်၊ အမ်ပါဒူ၊ တာနာကာ၊ ဘိုဂဲလ်၊ မက်ချာ၊ ကဲလ်ဗတ်-လီဝင်း တို့နဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့ပါတယ်။
ပထမပိုင်း အတွင်း မှာတင် လိဒ်စ် ဘက်က ဘီဂျိုးလ်နဲ့ တာနာကာ တို့က လိဒ်စ် အတွက် အဖွင့်ဂိုး ၂ ဂိုး ဆက်တိုက် သွင်းယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ ချဲလ်ဆီး အတွက် ပက်ဒရို နတ်တို ချေပဂိုး ပြန်သွင်းခဲ့ပေမယ့် ၇၂ မိနစ် အရောက်မှာ ဒေါမနစ် ကဲလ်ဗတ်-လီဝင်း လိဒ်စ် အတွက် အနိုင်သေချာစေမယ့် ဂိုးကို သွင်းယူခဲ့တာကြောင့် ၃-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ချဲလ်ဆီးဟာ ဒီပွဲမှာ ပြိုင်ဘက်ကို တစ်ဖက်သက် ဖိအားပေး ကစားနိုင်ခဲ့သလို လိဒ်စ်ယူနိုက်တက် ဂိုးပေါက် ကိုလည်း အကြိမ်ကြိမ် ကန်သွင်းမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် လိဒ်စ်ယူနိုက်တက် ကတော့ တန်ပြန် တိုက်စစ်တွေ ကောင်းကောင်း အသုံးချခဲ့ကာ ချဲလ်ဆီး ဂိုးပေါက်ကို ပိုမို ကန်သွင်းယူနိုင်ခဲ့ပါတယ်။ ဒန်နီရယ် ဖာကီရဲ့ အသင်းက ဒီပွဲမှာ တန်ပြန် တိုက်စစ်တွေကို အထိရောက်ဆုံး ကစားနိုင်ခဲ့ပြီး သူတို့ ရရှိခဲ့တဲ့ ဘောလုံးပိုင်ဆိုင်မှု ၂၉ ရာခိုင်နှုန်းထဲနဲ့တင် ချဲလ်ဆ်ီး ဂိုးပေါက်ကို ၁၇ ကြိမ် အထိ ကန်သွင်းယူနိုင်ခဲ့ကာ ဂိုးပြတ် နိုင်ပွဲပါ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရှုံးပွဲတွေ ဆက်နေတဲ့ လိဒ်စ်ယူနိုက်တက် အတွက် ဒီနိုင်ပွဲက တော်တော်လေး ချိုမြိန်ခဲ့ပြီး တန်းဆင်းဇုန် ကနေလည်း ရုန်းထွက်လာနိုင်ခဲ့ပါတယ်။
အခုရှုံးပွဲကြောင့် ချဲလ်ဆီးရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ မျှော်လင့်ချက်တွေ မရေမရာ ဖြစ်သွားခဲ့သလို အမှတ်ပေးဇယား အဆင့် ၄ ကို ကျဆင်းသွားခဲ့ရပါတယ်။ ဒါ့အပြင် နည်းပြ အန်ဇို မာရက်စ်ကာ အနေနဲ့ ကလည်း လိဒ်စ်ယူနိုက်တက်နဲ့ တွေ့ဆုံခဲ့တဲ့ ၃ ပွဲမှာ ၃ ပွဲ စလုံး အရှုံးပေးခဲ့ရပါတယ်။ အာဆင်နယ်ကို အမှီလိုက်ဖို့ ဟန်ပြင်နေတဲ့ ချဲလ်ဆီး အတွက် နှစ်ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့မှုနဲ့ အတူ လက်ရှိမှာ အက်စတွန်ဗီလာရဲ့ ကျော်တက်ခြင်းကိုပါ ခံလိုက်ရပြီ ဖြစ်ပါတယ်။
လိဒ်စ်ယူနိုက်တက် ကတော့ လာမယ့် ပွဲစဉ် အဖြစ် ဒီဇင်ဘာ ၇ ရက်နေ့မှာ လစ်ဗာပူးလ်ကို အိမ်ကွင်းမှာ ရင်ဆိုင်ရမှာ ဖြစ်ပြီး ဒီနိုင်ပွဲက သူတို့ အတွက် အားတစ်ရပ် ဖြစ်သွားဖို့တော့ ရှိနေပါတယ်။ တစ်ဖက်မှာ ချဲလ်ဆီး ကတော့ ဒီဇင်ဘာ ၆ ရက်နေ့မှာ ဘုန်းမောက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


