နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘေယန်မြူးနစ်နဲ့ သတင်းတွေ ထွက်နေပြန်တဲ့ ဘရူနို ဖာနန်ဒက်စ်၊ ဆီမီညိုကို ခေါ်ယူဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

အခုတစ်ခါမှာတော့ အောက်တိုဘာလ ၁၅ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဘေယန်မြူးနစ် ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူလိုနေကြောင်း သတင်းတွေ ထွက်ပေါ်လျက် ရှိနေပါတယ်။ ပေါ်တူဂီသားဟာ ဆော်ဒီပရိုလိဂ်ရဲ့ တိုးမြှင့် ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်ကို ပေါင် သန်း ၄၀ နဲ့ ပြောင်းရွှေ့ဖွယ်လည်း ရှိနေကြောင်း သိရပါတယ်။

လိုင်ယွန် ကစားသမား မာလစ်ခ် ဖိုဖာနာ ကိုတော့ ဥရောပ ထိပ်တန်း ကလပ် ၅ သင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အသက် ၂၀ အရွယ် ဘယ်လ်ဂျီယံ တောင်ပံ ကစားသမား ကိုတော့ စီးရီးအေ ကလပ် အင်တာမီလန်နဲ့ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး၊ လစ်ဗာပူးလ်၊ ယူနိုက်တက်၊ တော့တင်ဟမ်ဟော့စပါး တို့က အပြိုင်အဆိုင် ခေါ်ယူချင်နေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ခရစ္စတယ်ပဲလေ့စ် တိုက်စစ်မှူး ဂျင်းန် ဖိလစ် မက်တေးတားကို ၂၀၂၆ ခုနှစ်မှာ ခေါ်ယးဖို့ ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အသက် ၂၈ နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ကစားသမား ကတော့ ယူရို သန်း ၅၀ ဝန်းကျင် (ပေါင် ၄၃.၄ သန်း) တန်ကြေး ရှိနေကြောင်း Fichajes က ဖော်ပြပါတယ်။

အကယ်၍ ဂျော်ရွှာ ဇစ်ခ်ဇီး ကတော့ လာမယ့် ဇန်နဝါရီမှာ ရိုးမားကို ပြောင်းရွှေ့ဖို့ ရှိနေကြောင်း ကောလာဟလ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါကြောင့် ယူနိုက်တက်က တိုက်စစ် အတွက် ကစားသမားသစ် တစ်ဦး ခေါ်ယူသွားဖွယ် ရှိနေကြောင်း The Sun က ဖော်ပြပါတယ်။

ဂျူဗင်တပ်စ် ကတော့ လာမယ့် နှစ်မှာ အေစီမီလန် ဂိုးသမား မိုက်ခ် မိုက်ဂ်နန်ကို ခေါ်ယူဖို့ အတွက် ချဲလ်ဆီးနဲ့ အပြိုင်အဆိုင် ကြိုးပမ်းသွားဖို့ ရှိနေကြောင်း Sky Sport Switzerland က ဖော်ပြပါတယ်။

ချဲလ်ဆီး ကတော့ အိုင်ဗန် တိုးနေးကို ခေါ်ယူဖို့ မျှော်လင့်ချက်ကို မစွန့်လွှတ်သေးပေမယ့်လည်း တော့တင်ဟမ်ဟော့စပါး ကလည်း အိုင်ဗန် တိုနေးကို ခေါ်ယူချင်နေကြောင်း TEAMtalk က ဖော်ပြပါတယ်။

အာဆင်နယ် ကတော့ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်၊ အင်တာမိုင်ယာမီ တို့နဲ့ အပြိုင် မက္ကဆီကိုရဲ့ ဆယ်ကျော်သက် ကြယ်ပွင့် ကစားသမား ဂီလ်ဘာတို မိုရာကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းဖို့ ရှိနေကြောင်း Fichajes က ဖော်ပြပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အဲလ်နာဆာ အပါအဝင် ဆော်ဒီအာရေဗျက စိတ်ဝင်စားနေတဲ့ ကြားက မန်ချက်စတာယူနိုက်တက်ဟာ ဟယ်ရီ မက်ဂွိုင်းယားကို စာချုပ်သစ် ချုပ်ဆိုဖို့ စိတ်အားထက်သန်နေကြောင်း သိရပါတယ်။

နောက်ထပ် ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ကလည်း ဆီမီညိုကို စိတ်ဝင်စားနေကြောင်း Fichajes က ဖော်ပြပါတယ်။
ဥရောပ ထိပ်တန်း များစွာရဲ့ စိတ်ဝင်စားခြင်း ခံနေရတဲ့ ဆီမီညို

လစ်ဗာပူးလ်သည် အားကစား ဒါရိုက်တာနဲ့ ရစ်ချက်ဒ် ဟူ့ဂျ်နဲ့ ဆက်ဆံရေးကြောင့် ဘုန်းမောက် တိုက်စစ်မှူး အန်တိုနီ ဆီမီညိုကို ခေါ်ယူချင်တဲ့ အသင်းတွေထဲမှာ ရေပန်းအစားဆုံး ဖြစ်နေကြောင်း သိရပါတယ်။ နောက်ထပ် ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ကလည်း ဆီမီညိုကို စိတ်ဝင်စားနေကြောင်း Fichajes က ဖော်ပြပါတယ်။

ဆီမီညို ကတော့ ဒီနွေရာသီမှာ ကာလရှည် စာချုပ်သစ် တစ်ရပ် ချုပ်ဆိုထားပြီး တန်ကြေး အတိအကျ ထုတ်ဖော် ပြောကြာထားခြင်း မရှိသေးပေမယ့် ပေါင် ၇၅ သန်း ကျော်လွန်မယ်လို့ ယူဆရကြောင်း talkSPORT က ဖော်ပြပါတယ်။

မန်စီးတီး၊ အာဆင်နယ်၊ ရီးရဲလ်မက်ဒရစ်တို့ ကတော့ အသက် ၂၂ နှစ် အရွယ် ဖရန့်ဖတ် ကစားသမား နေသန်နီရယ် ဘရောင်းကို စောင့်ကြည့်နေကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ဖရန့်ဖတ် ကတော့ ဒီကစားသမားကို လာမယ့် ဇန်နဝါရီမှာ ကမ်းလှမ်းမှုတွေ ရှိလာခဲ့ရင် နားထောင်မှာ မဟုတ်ကြောင်း Bild က ဖော်ပြပါတယ်။

ချဲလ်ဆီး ကတော့ လာဇီယို ဗဟိုခံစစ် ကစားသမား မာရီယို ဂီလာကို ဘရိုက်တန်နဲ့ အပြိုင် ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ် ရှိကြောင်း Football Insider က ဖော်ပြပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်ကို ပြောင်းရွှေ့ပြီး ရုန်းကန်နေရတဲ့ ဂျုပ်ဘ် ဘယ်လင်ဟမ်ကို ခရစ္စတယ်ပဲလေ့စ်နဲ့ အပြိုင် ခေါ်ယူချင်နေကြောင်း CaughtOffside က ဖော်ပြပါတယ်။ မန်ချက်စတာယူနိုက်တက် ကတော့ ကွင်းလယ်ပိုင်း အတွက် ကားလို့စ် ဘယ်လီဘာ့ကို ခေါ်ယူဖို့ ဆက်လက် စိတ်ဝင်စားနေဆဲ ဖြစ်ပေမယ့်လည်း ဘရိုက်တန် ကတော့ ရောင်းချဖို့ ရည်ရွယ်ချက် မရှိကြောင်း talkSPORT က ဖော်ပြပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်