နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပီအက်စ်ဂျီနဲ့ ပွဲမှာ ဘုန်းမောက်နဲ့ အရှုံးကြောင့် ရတဲ့ ဒေါသကို အသုံးချဖို့ အသင်းသားတွေကို တိုက်တွန်းလိုက်တဲ့ အာတေးတား | ပရီးမီးယားလိဂ်

ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ် ရှုံးပွဲကြောင့် ဖြစ်လာတဲ့ စိတ်ပျက် ဒေါသထွက်မှုကို ပီအက်စ်ဂျီနဲ့ ပွဲမှာ အသုံးချကြဖို့ အသင်းသားတွေကို နည်းပြ ဖြစ်သူ မီခဲလ် အာတေးတားက တိုက်တွန်းလိုက်ပါတယ်။ အာဆင်နယ် ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၅ မှာ ဘုန်းမောက်ကို လူစုံထုတ် ရင်ဆိုင်ပြီး ဦးဆောင်ဂိုးလည်း သွင်းနိုင်ခဲ့ပေမယ့် ၁-၂ ရလဒ်နဲ့ မထင်မှတ်ပဲ ပြန်လည် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် အာတေးတားက ဘုန်းမောက်ကို အရေးနိမ့်ခဲ့တာ ကနေ ရရှိလာတဲ့ စိတ်ပျက် ဒေါသထွက်မှုကို အကောင်းဆုံး အသုံးချကြဖို့ အသင်းသားတွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အာတေးတားဟာ BBC ရဲ့ Match of the Day နဲ့ အင်တာဗျူးမှာ “ကျွန်တော်တို့ ပွဲကို စတင်ခဲ့ပြီး လိုချင်တဲ့ အရာ တော်တော်များများလည်း ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ပွဲကို အပြတ်မဖြတ်နိုင်ခဲ့ပါဘူး။ နောက်ပြီး ကိုယ့်ရဲ့ ဂိုးဧရိယာထဲမှာ အလွတ်တည်ကန်ဘော ၂ ကြိမ် ကနေ အခုလိုမျိုး ကာကွယ်မိရင်တော့ ပြဿနာ အကြီးကြီး တက်သွားမှာပါပဲ။” လို့ ဆိုပါတယ်။

ဆက်လက်ပြီး “ကျွန်တော်တို့ ပွဲကို စောစောစီးစီး အပြတ်ဖြတ်သတ်ခဲ့သင့်တယ်။ ကာကွယ်ပုံက အရမ်းပဲ ညံ့ဖျင်းခဲ့ပြီး ကျွန်တော်တို့ ကျင့်သားရနေတဲ့ စံချိန်စံနှုန်းတွေနဲ့ အဝေးကြီးကို ရောက်နေခဲ့ပါတယ်။ ဒီပွဲမှာ အရှိန်အဟုန်ကောင်းကောင်းနဲ့ အကောင်းမြင်စိတ်တွေ ဖန်တီးချင်ခဲ့ပေမယ့် မလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ ဖန်တီးလိုက်မိတာက စိတ်ပျက် ဒေါသထွက်မှုနဲ့ အမျက်ဒေါသတွေပါပဲ။ ဒီအရာတွေကို ဗုဒ္ဓဟူးနေ့ ပွဲမှာ အသုံးချနိုင်အောင် သေချာ လုပ်ဆောင်ရပါလိမ့်မယ်။” လို့ အာတေးတားက ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ အာဆင်နယ်က ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရရှိခဲ့ပြီးတော့ ရာသီသိမ်းဖို့ ၃ ပွဲသာ လိုတော့ချိန်မှာ အဆင့် ၃ နေရာက မန်စီးတီးကို ၃ မှတ်သာ အသာရတော့တာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ဒုတိယအကျော့မှာ ရလဒ် ပြောင်းပြန်လှန်နိုင်ဖို့ လိုအပ်နေတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပီအက်စ်ဂျီကို အိမ်ကွင်း အမ်းမရိတ်စ်မှာ ၁-၀ ရလဒ်နဲ့ ရှုံးနိမ့်အပြီး ၄ ရက် အကြာ အမ်းမရိတ်စ် မှာပဲ ဘုန်းမောက်ကို ထပ်ရှုံးခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပထမပိုင်း ပွဲကစားချိန် အတွင်း ပုံစံကောင်း ရခဲ့သလို ဒီကလန် ရိုက်စ်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်း မှာတော့ ဟိုင်ဆန်နဲ့ အီဗန်နီလ်ဆန် တို့ရဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုပေးခဲ့ရပြီး ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ အာဆင်နယ်က ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရရှိခဲ့ပြီးတော့ ရာသီသိမ်းဖို့ ၃ ပွဲသာ လိုတော့ချိန်မှာ အဆင့် ၃ နေရာက မန်စီးတီးကို ၃ မှတ်သာ အသာရတော့တာ ဖြစ်ပါတယ်။

ဘုန်းမောက်ကို ဒီရာသီမှာ နှစ်ကျော့စလုံး အရှုံးပေးခဲ့ရတဲ့ အာဆင်နယ်ဟာ အဆင့် ၆ နေရာက ဖောရက်စ်နဲ့လည်း ၇ မှတ်သာ ကွာဟနေပါတယ်။ ဒါ့အပြင် ဖောရက်စ်ဟာ ပဲလေ့စ်ကိုသာ အနိုင်ရခဲ့ရင် အာဆင်နယ်နဲ့ ၄ မှတ်သာ ကွာဟတော့မှာလည်း ဖြစ်ပါတယ်။ အာဆင်နယ်ဟာ လက်ကျန် ပွဲစဉ်တွေ အဖြစ် လစ်ဗာပူးလ်၊ နယူးကာဆယ်၊ ဆောက်သမ်တန် တို့နဲ့ ကစားရဦးမှာ ဖြစ်တာကြောင့် လက်ကျန် ပွဲတွေမှာသာ အမှတ်ထပ်လျော့ဦးမယ် ဆိုရင် အဆင့် ၂ နေရာက သေချာပေါက် ဖယ်ပေးရနိုင်တဲ့ အခြေအနလည်း ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ် အဖြစ် ဗုဒ္ဓဟူးနေ့မှာ ပြင်သစ်မြေကို သွားရောက် ကစားရမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာ ပီအက်စ်ဂျီ ကလည်း အာဆင်နယ်နဲ့ ပွဲစဉ် မတိုင်ခင် ကစားခဲ့တဲ့ လီဂူးဝမ်း ပွဲစဉ် မှာလည်း စထရက်ဘော့ဂ်ကို ရှုံးနိမ့်ထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်