နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယီလ်ဒစ်ဇ်ကို ယူရို သန်း ၆၀ + ထရော့ဆက်ဒ် အလိုက်ပေးပြီး ကမ်းလှမ်းမယ့် အာဆင်နယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ် ကတော့ ဂျူဗင်တပ်စ်မှာ အစွမ်းကုန် တောက်ပလာတဲ့ တူရကီ တိုက်စစ် ကြယ်ပွင့်လေး ကီနန် ယီလ်ဒစ်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း သိရပါတယ်။ အာဆင်နယ်က ယီလ်ဒစ်ဇ်ကို ယူရို သန်း ၆၀ နဲ့ ကစားသမား တစ်ဦး အလိုက်ပေး ကမ်းလှမ်းမယ့် အစီအစဉ် တစ်ခု ရှိနေကြောင်း သတင်းတွေက ဖော်ပြလာတာ ဖြစ်ပါတယ်။

အသက် ၂၀ အရွယ် တူရကီ လက်ရွေးစင် တောင်ပံ တိုက်စစ် ကစားသမားလေး ကတော့ ဒီရာသီမှာ ဂျူဗင်တပ်စ် အတွက် ၉ ပွဲ ကစားပြီး ၅ ဂိုးသွင်း၊ ၅ ဂိုး ဖန်တီးပေးထားပါတယ်။ ဒါကြောင့် သူ့ကို ဥရောပထိပ်တန်း ကလပ်တွေက စိတ်ဝင်စားနေကြပြီး ဂျူဗင်တပ်စ် ဘက်ကတော့ လုံးဝ ရောင်းချလိုခြင်း မရှိဘူးလို့ သိရပါတယ်။ အီတလီက လာတဲ့ သတင်းတွေမှာ ဆိုရင် အာဆင်နယ် နည်းပြ မီခဲလ် အာတေးတားနဲ့ သူ့ရဲ့ ကင်းထောက်အဖွဲဟာ တူရကီ လက်ရွေးစင် ကစားသမားလေးကို ခေါ်ယူဖို့ အသည်းအသန် စိတ်ဝင်စားနေကြကြောင်း ဖော်ပြပါထားပါတယ်။ ဒါ့အပြင် တချို့သော သတင်းတွေ မှာလည်း ယီလ်ဒစ်ဇ် အတွက် အာဆင်နယ်နဲ့ ကစားသမားရဲ့ အေးဂျင့်တို့ ကနဦး ဆွေးနွေးမှုတွေတောင် စတင်နေပြီ ဖြစ်ကြောင်း ဖော်ပြကြပါတယ်။

ပရီးမီးယားလိဂ် ကလပ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ အီဘာရီချီ အီးဇီး၊ ဗစ်တာ ယိုကီးရက်စ်၊ နိုနီ မာဒူခေး တို့ကို ခေါ်ယူ အားဖြည့်ထားပါတယ်။ ဒါပေမယ့်လည်း ထိပ်တန်း တိုက်စစ် ကစားသမားတွေ ခေါ်ယူ အားဖြည့်ထားနိုင်သည့် တိုင်အောင် မီခဲလ် အာတေးတားက လူငယ် ကစားသမားတွေနဲ့ အသင်းရဲ့ တိုက်စစ်ပိုင်းကို ထပ်မံမြှင့်တင်ချင်နေဆဲ ဖြစ်ပါတယ်။ မီခဲလ် အာတေးတားရဲ့ ယီလ်ဒစ်ဇ် အပေါ် အဓိက သဘောကျတဲ့ အချက်က ပြိုင်ဘက်တွေကို ကျော်ဖြတ် ပြေးလွှားနိုင်တဲ့ အရည်အသွေးနဲ့ ခက်ခဲတဲ့ အခြေအနေတွေမှာ ပွဲရဲ့ ရလဒ်ကို ပြောင်းလဲနိုင်စွမ်း ဖြစ်ပါတယ်။ 

လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်က ယီလ်ဒစ်ဇ်ကို ယူရို သန်း ၆၀ နဲ့ အတူ လီယန်ဒရို ထရော့ဆက်ဒ်ကို အလိုက်ပေး ကမ်းလှမ်းဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။
ယီလ်ဒစ်ဇ်ကို ရောင်းချလိုခြင်း မရှိတဲ့ ဂျူဗင်တပ်စ်

လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်က ယီလ်ဒစ်ဇ်ကို ယူရို သန်း ၆၀ နဲ့ အတူ လီယန်ဒရို ထရော့ဆက်ဒ်ကို အလိုက်ပေး ကမ်းလှမ်းဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဂျူဗင်တပ်စ် ဘက်ကတော့ ယီလ်ဒဇ်ရဲ့ တန်ဖိုးကို ယူရို သန်း ၈၀ ကနေ သန်း ၁၀၀ အကြား သတ်မှတ်ထားတာကြောင့် အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုက နီးစပ်နေတယ်လို့ ပြောလို့ ရပါတယ်။ 

ဂျူဗင်တပ်စ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက လာတဲ့ သတင်းရင်းမြစ်တွေအရ စီးရီးအေ ထိပ်သီး တို့ဟာ ယီလ်ဒစ်ဇ်ကို လုံးဝ လက်လွှတ်ခံသွားမှာ မဟုတ်ပဲ လက်ရှိမှာလည်း ၂၀၃၀ ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုနိုင်ဖို့ စတင် ကြိုးပမ်းနေပြီ ဖြစ်ကြောင်း သိရပါတယ်။ ဒါဟာ ဂျူဗင်တပ်စ်ရဲ့ အနာဂတ် အစီအစဉ်မှာ ယီလ်ဒစ်ဇ် အနေနဲ့ ဘယ်လောက် အထိ အရေးပါသလဲ ဆိုတာ ပြသနေတာ ဖြစ်ပါတယ်။

ဘေယန်မြူးနစ်နဲ့ ဂျူဗင်တပ်စ်ရဲ့ အကယ်ဒမီထွက် ကစားသမားလေးက ၂၀၂၃-၂၀၂၄ ဘောလုံး ရာသီမှာ ဂျူဗီရဲ့ စီနီယာ အသင်းကြီး အတွက် စတင် ပွဲထွက် ကစားခွင့်ရခဲ့ပါတယ်။ ဒါပေမယ့်လည်း ယီလ်ဒစ်ဇ်က ၃၂ ပွဲ ကစားပြီး ၄ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့ ရာသီမှာတော့ တူရကီသားက ၄၈ ပွဲ ကစားပြီး ၉ ဂိုးသွင်းကာ ၆ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီရာသီမှာတော့ ယီလ်ဒစ်ဇ်က ရာသီ အစမှာတင် သွင်းဂိုးနဲ့ ဖန်တီးမှုတွေ တောက်လျောက် ပြုလုပ်ထားနိုင်ပြီး ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်