နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပုံမှန် နိုင်ပွဲတွေ ရယူနေပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုဆီ ခြေတစ်လှမ်း တိုးနိုင်ခဲ့တဲ့ အာဆင်နယ်

အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ မှာတော့ အာဆင်နယ်က လန်ဒန် မြို့ခံ ပြိုင်ဘက် ဘရန့်ဖို့ဒ်ကို အမ်းမရိတ်စ်မှာ ၂-၀ နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဂန်းနားတွေဟာ ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယား ထိပ်ကနေ ၅ မှတ် ဖြတ် ဆက်လက် ဦးဆောင်ခဲ့ပြီး သူတို့ကို ဖိအားပေးနေတဲ့ ချဲလ်ဆီး ကတော့ ၂ ပွဲ ဆက်တိုက် နိုင်ပွဲပျောက်ခဲ့တာကြောင့် ဖိအား အနည်းငယ် လျော့သွားခဲ့ပါတယ်။ 

ဒီပွဲမှာ အာဆင်နယ် အတွက် အဖွင့်ဂိုးကို ပွဲအစ ၁၁ မိနစ်မှာပဲ ဘန်ဝှိုက်ရဲ့ ဖြတ်တင်ဘော ကနေ မီခဲလ် မာရင်နိုက ခေါင်းတိုက် သွင်းယူခဲ့ပါတယ်။ ဒီဂိုးဟာ စပိန်သား အတွက် ဒီနှစ် အတွင်း ပရီးမီးယားလိဂ်မှာ ၉ ဂိုးမြောက် ဖြစ်ပြီး အာဆင်နယ် ကစားသမားတွေထဲမှာတော့ အများဆုံး ဖြစ်နေပါတယ်။ ဒါ့အပြင် အဲဒီ သွင်းဂိုး ၉ ဂိုးထဲမှာ ၆ ဂိုးက ခေါင်းတိုက်ဂိုးတွေ ဖြစ်နေပြီး ဒီရာသီ ပရီးမီးယားလိဂ် ကစားသမားတွေ ထဲမှာ ခေါင်းတိုက် သွင်းဂိုး အများဆုံးလည်း ဖြစ်ပါတယ်။ 

အာဆင်နယ်ရဲ့ အနိုင်သေချာစေမယ့် ဂိုးကိုတော့ ပွဲပြီးခါနီးမှာ မီခဲလ် မာရင်နို ဖန်တီးပေးတာ ကနေ ဆာကာက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဆာကာ ကတော့ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀၃ ကြိမ် အထိ ရှိလာပြီ ဖြစ်တာကြောင့် ဂန်းနား ဂန္ထဝင် ရောဘတ် ပီရက်စ်နဲ့ အကြိမ်အရေ အတွက် တူညီသွားခဲ့ပါတယ်။ ဘရန့်ဖို့ဒ်ကို အနိုင်ရခဲ့ပေမယ့် အာဆင်နယ်ရဲ့ အဓိက ကွင်းလယ်လူ ဒီကလန် ရိုက်စ်နဲ့ နောက်ခံလူ မော့စ်ကွယ်ယားတို့ ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။ ဒါကလည်း ပွဲကြပ် ကာလမှာ အာတီတာ အတွက် ခေါင်းကိုက်စရာ ကိစ္စ တစ်ခု ဖြစ်လာဖို့တော့ ရှိနေပါတယ်။ 

အာဆင်နယ်က ပြိုင်ပွဲစုံ မှာတော့ ၁၈ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိ စံချိန်ကောင်း တစ်ခုနဲ့ ရှေ့ဆက်နေပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့လည်း ခြေတစ်လှမ်း ပိုနီးလာခဲ့ပြီ ဖြစ်ပါတယ်။
အမှတ်ပေးဇယား ဒုတိယ နေရာက မန်စီးတီးကို ၅ မှတ်ဖြတ် ဆက်လက် ဦးဆောင်နေတဲ့ အာဆင်နယ်

ဒီနေ့ပွဲ အာဆင်နယ်ရဲ့ ခြေစွမ်းကို သူတို့ရဲ့ စံနှုန်းနဲ့ပဲ တိုင်းတာရင်တော့ အနည်းငယ် နိမ့်ကျခဲ့တဲ့ ပွဲစဉ် တစ်ပွဲလို့ ဆိုနိုင်ပါတယ်။ ပြိုင်ဘက်ရဲ့ ကစားပုံကို ကန့်သတ်နိုင်မှု အပိုင်းမှာ သိသိသာသာ အားနည်းခဲ့ပြီး အခွင့်အရေး‌တွေ အသုံးချနိုင်မှု အပိုင်း မှာလည်း အားနည်းခဲ့ပါတယ်။ ပွဲကို စောစာစီးစီး အနိုင်ပိုင်းထားရမှာ ဖြစ်ပေမယ့် အခွင့်အရေးကောင်းများစွာကို ဖြုန်းတီးပစ်ခဲ့တာကြောင့် ပွဲပြီးခါနီး အထိ အားစိုက်ခဲ့ရပါတယ်။ ဒါကလည်း ပွဲကြပ်တွေ တောက်လျောက် ကစားခဲ့ရတဲ့ အာဆင်နယ် ကစားသမားတွေ ပွဲပန်းနေတာကြောင့် ဖြစ်နိုင်ပါတယ်။ တစ်ခု ရှိတာက ဒဏ်ရာ ထိုးနှက်ချက်တွေ ဆက်တိုက် ကြုံတွေ့နေရတဲ့ အာဆင်နယ် အတွက် ရိုက်စ်နဲ့ မော့စ်ကွဲယား တို့ရဲ့ ဒဏ်ရာတွေက နောက်ထပ် စိတ်ပျက်စရာ သတင်းတစ်ပုဒ် ဖြစ်ပါလိမ့်မယ်။ 

တဖက်က ကြည့်မယ် ဆိုရင်တော့ ပွဲကြပ်ကာလမှာ လူစာရင်းကို အကောင်းဆုံး လှည့်သုံးနိုင်ခဲ့တာက အာဆင်နယ် အတွက် အားသာချက် ဖြစ်ပြီး ဒီအခြေအနေ အပေါ် နည်းပြ မီခဲလ် အာတေးတားက “အနားရဖို့ပေါ့။ အပြုသဘောဆောင်တဲ့ စကားလုံးပေါ့။ အပြောင်းအလဲတွေ လုပ်ဖို့ လိုအပ်ခဲ့တယ်။ စိန်ခေါ်မှုတွေ ပြည့်နေတဲ့ ရက်သတ္တပတ်ကို ဖြတ်သန်းခဲ့ရတာလေ။ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာ အပါအဝင် ပွဲစဥ်တိုင်းရဲ့ လိုအပ်ချက်က မြင့်မားနေခဲ့တာကိုး။ နည်းစနစ်ပိုင်း၊ နည်းဗျူဟာပိုင်းအရ ဆိုရင် ၃ ရက် ၁ ပွဲ ကန်ခဲ့ရတယ်။ ဘရန့်ဖို့ဒ်ထက် တစ်ရက် လျော့ပြီး နားခဲ့ရတယ်။ ဒါပေမယ့် အလွန်ကောင်းမွန်တဲ့ နည်းစနစ် အောက်မှာ သေချာ ပြင်ဆင်လာတဲ့ အသင်း တစ်သင်း အဖြစ် ကောင်းမွန်စွာ ကစားပြနိုင်ခဲ့ပါတယ်။”

အခု နိုင်ပွဲကြောင့် အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အဓိက ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ မန်စီးတီးကို ၅ မှတ်၊ ချဲလ်ဆီးကို ၉ မှတ်၊ လစ်ဗာပူးလ်ကို ၁၁ မှတ် ဖြတ်ထားနိုင်ခဲ့ပါပြီ။ အာဆင်နယ်က ပြိုင်ပွဲစုံ မှာတော့ ၁၈ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိ စံချိန်ကောင်း တစ်ခုနဲ့ ရှေ့ဆက်နေပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့လည်း ခြေတစ်လှမ်း ပိုနီးလာခဲ့ပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်