နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အီသန် နွမ်နရီနဲ့ မိုင်းလ်စ် လီဝစ် စကယ်လီ တို့ကို သက်တမ်းတိုးဖို့ ကြိုးပမ်းနေတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး ကလပ် အာဆင်နယ် ကတော့ အသင်းရဲ့ ဆယ်ကျော်သက် ကစားသမား နှစ်ဦး ဖြစ်တဲ့ အီသန် နွမ်နရီနဲ့ မိုင်းလ်စ် လီဝစ် စကယ်လီ တို့ကို သက်တမ်းတိုးဖို့ ကြိုးပမ်းနေပြီလို့ သိရပါတယ်။

အသက် ၁၈ နှစ် အရွယ်သာ ရှိနေသေးတဲ့ ဒီကစားသမား နှစ်ဦးဟာ အာဆင်နယ်ရဲ့ နာမည်ကျော် ဟေးအန့် အကယ်ဒမီထွက် ကစားသမားတွေ ဖြစ်ပြီး ဂန်းနားတွေ အတွက် ငယ်ငယ်ရွယ်ရွယ်နဲ့ ခြေစွမ်းပြနေသူတွေလည်း ဖြစ်ပါတယ်။ ဒါ့အပြင် နွမ်နရီရော၊ စကယ်လီရောဟာ ဒီနှစ်ထဲမှာ အာဆင်နယ်ရဲ့ အဓိက ကစားသမားတွေပါ ဖြစ်လာခဲ့ပြီး အနာဂတ်မှာ အခုထက် ပိုမို တောင်ပလာဦးမယ့် ကစားသမားတွေ အဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒါကြောင့် အာဆင်နယ်က ဘယ်နောက်ခံလူ လီဝစ် စကယ်လီနဲ့ တိုက်စစ် ကစားသမား နွမ်နရီ တို့ကို သက်တမ်းတိုး စာချုပ်ချုပ်တွေ အသီးသီး ချုပ်ဆိုဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

နောက်ခံလူ စကယ်လီ ကတော့ ပရီးမီးယားလိဂ် ကလပ်နဲ့ ၂၀၂၆ ခုနှစ် အထိ စာာချုပ် သက်တမ်း ကျန်ရှိနေတာကြောင့် ရာသီမကုန်မီတော့ သက်တမ်းတိုးနိုင်ဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။
အာဆင်နယ်နဲ့ ၂၀၂၆ ခုနှစ် အထိ စာချုပ် သက်တမ်း ကျန်ရှိနေတဲ့ စကယ်လီ

အီသန် နွမ်နရီဟာ ညာတောင်ပံ အပြင် ကွင်းလယ် တိုက်စစ်နဲ့ ကွင်းလယ်မှာ ကစားနိုင်သူ ဖြစ်ပြီး အာဆင်နယ်ရဲ့ အနာဂတ် ကြယ်ပွင့် တစ်ဦး အဖြစ် ထင်ကြေးပေးခံထားရသူပါ။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ နောက်ခံလူ လီဝစ် စကယ်လီက ပထမ ဦးစားပေး ကစားသမား အဖြစ် ပိုမို ပွဲထွက်ခွင့်ရရှိနေပါတယ်။ အဓိက ကတော့ နွမ်နရီဟာ အာဆင်နယ်ရဲ့ မရှိမဖြစ် အဓိက တောင်ပံ ကစားသမား ဘူကာယို ဆာကာနဲ့ ကစားတဲ့ နေရာတူနေတာကြောင့် ဒုတိယဦးစားပေး ကစားသမား အဖြစ်သာ သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။ နွမ်နရီဟာ ဆာကာ ဒဏ်ရာရရှိချိန်မှာ အာဆင်နယ် အတွက် အကောင်းဆုံး အသုံးတော်ခံပေးခဲ့ပေမယ့် ဆာကာ ဒဏ်ရာက ပြန်လည် သက်သာလာချိန်မှာတော့ လူစားဝင် ကစားသမား အဖြစ်သာ ပြန်လည် ကစားခွင့် ရရှိဖို့ များနေခဲ့ပါတယ်။

စကယ်လီ ကတော့ အာဆင်နယ် စီနီယာ အသင်းကြီး အတွက် ပွဲဦးထွက် ရာသီမှာတင်ပဲ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၂၉ ပွဲ ကစားကာ ၁ ဂိုးသွင်း၊ ၁ ဂိုး ဖန်တီးထားပါတယ်။ ဒီကစားသမားလေးက ဘယ်နောက်ခံလူ အဖြစ် အဓိက ကစားနေပေမယ့်လည်း လိုအပ်ရင်လည်း ကွင်းလယ်ကို တက်ကစားနိုင်သူ ဖြစ်တာကြောင့် ဇင်ချန်ကို၊ တီယာနေးတို့ မရှိတော့ချိန်၊ ကာလာဖီအိုရီ ဒဏ်ရာရရှိနေချိန်မှာ အခုထက် ပိုပြီး တောက်ပလာဖို့ အခွင့်အရေးတွေ ရှိနေသူ ဖြစ်ပါတယ်။

အာဆင်နယ် အားကစား ဒါရိုက်တာသစ် အန်ဒရီယာ ဘာတာ ရောက်ရှိလာချိန်မှာ အသင်းဟာ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ ရှိသလို အင်အားတောင့်တင်းစေဖို့ အတွက် အဓိက ကစားသမားတွေကို ဆက်ထိန်းထားဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ် အသင်း တာဝန်ရှိသူတွေ အနေနဲ့ အဆိုပါ ကစားသမား နှစ်ဦးစလုံးကို သက်တမ်းတိုး စာချုပ်တွေ ချုပ်ဆိုပြီး အသင်းမှာ ရေရှည် ထိန်းသိမ်းထားနိုင်ဖို့ ကြိုးပမ်းလျက်ရှိပြီး လက်ရှိအချိန် မှာတော့ သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။  တောင်ပံ တိုက်စစ် ကစားသမား အီသန် နွမ်နရီ ကတော့ လာမယ့် နွေရာသီမှာ အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး အာဆင်နယ် ဘက်က သူ့ကို သက်တမ်းတိုးနိုင်ဖို့ ဦးစားပေး ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ နောက်ခံလူ စကယ်လီ ကတော့ ပရီးမီးယားလိဂ် ကလပ်နဲ့ ၂၀၂၆ ခုနှစ် အထိ စာာချုပ် သက်တမ်း ကျန်ရှိနေတာကြောင့် ရာသီမကုန်မီတော့ သက်တမ်းတိုးနိုင်ဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်