ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အာဆင်နယ် ကတော့ ရီးရဲလ်မက်ဒရစ် အနေနဲ့ ဝီလီယမ်စ် ဆလီဘာကို စိတ်ဝင်စားပါက ကွင်းလယ်လူ အော်ရီလီယန် ချူအာမန်နီနဲ့ အလိုက်ပေး ကမ်းလှမ်းမှ စဉ်းစားသွားမှာ ဖြစ်ကြောင်း သတိပေးထားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ်ဟာ အသင်း အတွက် အရေးပါဆုံး ကစားသမား တစ်ဦး ဖြစ်တဲ့ ဆလီဘာကို လက်လွှတ်သွားနိုင်ချေ တော်တော်လေး နည်းနေပါတယ်။
အာဆင်နယ် ကနေ ထွက်ခွာမယ်လို့ သတင်းတွေ ထွက်နေတဲ့ နောက်ထပ် ကစားသမား တစ်ဦး ကတော့ အီတလီ လက်ရွေးစင် ရီကာဒို ကာလာဖီအိုရီ ဖြစ်ပါတယ်။ ဒီဘယ်နောက်ခံလူ ကိုတော့ အေစီမီလန်က ခေါ်ယူဖို့ စိတ်အားထက်သန်နေပြီး ယူရို ၃၅ သန်း (ပေါင် ၂၉.၉ သန်း) ဝန်းကျင်နဲ့ ကမ်းလှမ်းလာဖို့ ရှိနေပါတယ်။ ခေါ်ယူနိုင်ခဲ့သည်။
ခရစ္စတယ်ပဲလေ့စ် ကတော့ ကွင်းလယ်လူ အဒမ် ဝှာတန်ကို ဒီနွေရာသီမှာ လက်လွှတ်ရမယ် ဆိုရင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ အလိုရှိနေကြောင်း သိရပါတယ်။ အသက် ၂၁ နှစ် အရွယ် အင်္ဂလန်သား ကိုတော့ ပရီးမီးယားလိဂ် ထိပ်သီးတွေ ဖြစ်တဲ့ လစ်ဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက် တို့က စိတ်ဝင်စားလျက် ရှိနေပါတယ်။

လစ်ဗာပူးလ် ကတော့ ဒုတိယ ဂိုးသမား ကာအိုမင် ခယ်လာဟာ၊ ကွင်းလယ်လူ တိုင်လာ မော်တန်နဲ့ တောင်ပံကစားသမား ဘန် ဒိုအက်ခ် တို့ကို ရောင်းချအားခြင်းဖြင့် ပေါင်သန်း 80 ကျော် ရရှိဖို့ မျှော်လင့်လျက် ရှိကြောင်း The Athletic က ဖော်ပြပါတယ်။ တစ်ဆက်တည်းမှာပဲ နယူးကာဆယ်က ခယ်လာဟာကို ခေါ်ယူဖို့ စိတ်အားထက်သန်နေပေမယ့်လည်း ပေါင် သန်း ၄၀ ဝန်းကျင်လောက် သုံးစွဲရနိုင်ချေ ရှိတာကြောင့် လက်တွန့်နေတယ်လို့ သိရပါတယ်။
မန်ချက်စတာစီးတီး နောက်ခံလူ ဂျွန် စတုန်းစ် ကတော အခုနွေရာသီမှာ အသင်း ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရထားသူ ဖြစ်ပါတယ်။ ဒီအင်္ဂလန်သား ကိုတော့ ဆော်ဒီပရိုလိဂ် ကလပ်တွေနဲ့ ဂျူဗင်တပ်စ်က စိတ်ဝင်စားနေပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်တွေထဲ မှာ ဆိုရင်တော့ ဘရိုက်တန်၊ အဲဗာတန်နဲ့ ဝက်စ်ဟမ်း တို့က ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိကြောင်း TBR Football က ဖော်ပြထားပါတယ်။
အက်သလက်တစ် ဘီလ်ဘာအို ကတော့ အာဆင်နယ်ရဲ့ အဓိက ပစ်မှတ် ဖြစ်တဲ့ တောင်ပံ ကစားသမား နီကို ဝီလီယမ်စ်ကို စာချုပ်သစ် ချုပ်ဆိုနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ဒါ့အပြင် စပိန် ကလပ်ဟာ နီကို ဝီလီယမ်စ်ကို စာချုပ်သစ် ချုပ်ဆို ပြီးနောက် စာချုပ်ဖျက်သိမ်းကြေး ကိုလည်း တိုးမြှင့်သွားချင်နေကြာင်း စပိန် သတင်းစာ El Nacional က ဖော်ပြပါတယ်။
လိုင်ယွန် ကွင်းလယ်လူ ရေယန် ချာကီ ကတော့ ဒီနွေရာသီမှာ လစ်ဗာပူးလ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပေမယ့်လည်း ဒီအပြောင်းအရွှေ့ထဲကို တော့တင်ဟမ်ဟော့စပါး ဝင်ရောက်လာကြောင်း သိရပါတယ်။ လစ်ဗာပူးလ်နဲ့ စပါး တို့ဟာ အသက် ၂၁ နှစ် အရွယ် ပြင်သစ် ကွင်းလယ်လူကို ပေါင် ၂၅ သန်းနဲ့ အပြိုင်အဆိုင် ခေါ်ယူဖို့ ကြိုးပမ်းကြရဦးမှာ ဖြစ်ပါတယ်။
ဆဲလ်တစ် တိုက်စစ်မှူး ဒိုင်ဇန် မာအီဒါ ကိုတော့ လိုချင်တဲ့ အသင်းတွေ အနေနဲ့ ပေါင် ၂၅ သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်မယ်လို့ သိရပါတယ်။ ဒီဂျပန် တိုက်စစ်မှူး ကိုတော့ အာဆင်နယ်၊ ချဲလ်ဆီး၊ လစ်ဗာပူးလ်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ အပြင် အက်စတွန်ဗီလာ၊ ဘရန့်ဖို့ဒ်၊ ခရစ္စတယ်ပဲလေ့စ်၊ ဖူလ်ဟမ်နဲ့ ဝက်စ်ဟမ်း တို့ကလည်း စိတ်ဝင်စားနေကြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.