ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ ဒီနွေရာသီမှာ ကြီးမားတဲ့ အပြောင်းအရွှေ့တွေ ပြုလုပ်ဖို့ ရှိနေသလို အသင်းရဲ့ အဓိက ကစားသမားတွေ ကိုလည်း ဆက်ထိန်းဖို့ ကြိုးပမ်းနေပါတယ်။ အာဆင်နယ်ဟာ အဓိက လိုအပ်နေတဲ့ တိုက်စစ်ပိုင်း အတွက် ဘင်ဂျာမင် ဆက်စ်ကိုနဲ့ သတင်းတွေ ထွက်နေပြီး ဗစ်တာ ယိုကီးရက်စ် ကိုလည်း စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။
တစ်ဖက် မှာလည်း အာဆင်နယ်က အသင်းမှာ ရှိတဲ့ ကစားသမား တချို့ကို လက်လွှတ်သွားမှာ ဖြစ်သလို အရေးပါတဲ့ ကစားသမားတွေ ကိုလည်း စာချုပ် သက်တမ်းတိုးပြီး ဆက်ထိန်းဖို့ ကြိုးစားသွားမှာပါ။ အခု နောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ ဆိုရင်တော့ အာဆင်နယ်က အသင်းရဲ့ ဗဟိုနောက်ခံလူ ဂါဘရီရယ် မက်ဂါဟေးစ်ကို စာချုပ်သစ် ချုပ်ဆိုဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ အသက် ၂၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဘရာဇီးလ် နောက်ခံလူကို အသင်းမှာ ဆက်ထိန်းထားဖို့ကာ အာဆင်နယ်ရဲ့ အမြဲတမ်း ရည်ရွယ်ချက် ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် အာဆင်နယ်ဟာ ဂါဘရီရယ် အတွက် ဥရောပနဲ့ အရှေ့အလယ်ပိုင်း ကလပ်တွေရဲ့ စိတ်ဝင်စားမှုတွေကို ပယ်ချပြီး စာချုပ်သက်တမ်းတိုးဖို့ တွန်းအားပေး လုပ်ဆောင်လျက် ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဧပြီလက တံကောက်ကြော ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူခဲ့ရတဲ့ ဂါဘရီရယ်ဟာ အာဆင်နယ်နဲ့ စာချုပ်သစ် အတွက် ဆွေးနွေးဖို့ အချိန်များစွာ ရခဲ့ပြီးတော့ ညှိနှိုင်းမှုတွေဟာ အခုဆိုရင်တော့ နောက်တစ်ဆင့် မြင့်တဲ့ အခြေအနေကို ရောက်သွားခဲ့ပြီ ဖြစ်ကြောင်း BBC Sport က ဖော်ပြပါတယ်။

အားကစား ဒါရိုက်တာသစ် အန်ဒရီယာ ဘာတာ ကလည်း အသင်းကို ရောက်ရောက်ချင်းမှာပဲ ဂါဘရီရယ်ကို စာချုပ်သစ် ချုပ်ဆိုဖို့ ဦးစားပေး လုပ်ဆောင်ခဲ့တယ်လို့ သိရပြီး နည်းပြ မီခဲလ် အာတေးတား ကလည်း ဘရာဇီးလ်သားကို အသင်းရဲ့ အရေးပါဆုံး ကစားသမား အဖြစ် သတ်မှတ်ထားပြီး ဆက်လက် ထိန်းသိမ်းထားဖို့ ဆုံးဖြတ်ထားကြောင်း Athletic က ဖော်ပြပါတယ်။
ဂါဘရီရယ်က ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က စပြီး အာဆင်နယ်ရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့သူ ဖြစ်ကာ ဒီရာသီ ပြိုင်ပွဲစုံမှာ ၄၂ ပွဲ ကစားပြီး ၅ ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဂါဘရီရယ်ဟာ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အတွက် အလွန်အရေးပါတဲ့ ကစားသမား ဆိုတာ သက်သေပြထားနိုင်သူလည်း ဖြစ်ပါတယ်။ ဘာတာနဲ့ တခြားသော အသင်းရဲ့ အကြီးအကဲတွေက ဂါဘရီရယ်ရဲ့ အနာဂတ်ကို အမြန်ဆုံး ဖြေရှင်းဖို့ စိတ်အားထက်သန်နေကြတယ်လို့ သိရပြီး အာဆင်နယ် အနေနဲ့ ဒီနှစ်နွေရာသီမှာ အဓိက ကစားသမား တော်တော်များများကို စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်ရမှာလည်း ဖြစ်ပါတယ်။
အာဆင်နယ်ရဲ့ နောက်ထပ် အဓိက နောက်ခံလူ တစ်ဦး ဖြစ်တဲ့ ဝီလီယမ် ဆလီဘာ ကိုတော့ ရီးရဲလ်မက်ဒရစ်က ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ကလပ် အနေနဲ့ ၂၀၂၇ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ဆလီဘာကို သက်တမ်းတိုးဖို့ ဆွေးနွေးနေပါတယ်။ ဒါ့အပြင် တောင်ပံ ကစားသမား နှစ်ဦး ဖြစ်တဲ့ ဘူကာယို ဆာကာနဲ့ ဂါဘရီရယ် မာတင်နယ်လီ တို့ကလည်း စာချုပ်သက်တမ်း နောက်ဆုံး နှစ်နှစ်ထဲကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ၂၀၂၆ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် လီအန်ဒရို ထရော့ဆက်ဒ်၊ အိုလက်ဆန်ဇာ ဇင်ချန်ကိုနဲ့ တာကာဟဲရိုး တိုမီယာဆု တို့ရဲ့ အနာဂတ်တွေကိုလည်း ဖြေရှင်းရဦးမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.