နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ အခုကတည်းက ကြိုတင် ပြင်ဆင်ထားတယ် ဆိုတဲ့ အာနေး ဆလော့တ်

၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့တဲ့ လစ်ဗာပူးလ် ကတော့ လာမယ့် ရာသီမှာလည်း ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ ရည်မှန်းနေပြီ ဖြစ်ပါတယ်။ နည်းပြ ဖြစ်သူ အာနေး ဆလော့တ်က သူတို့ အသင်းက လာမယ့် ရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်ဖို့ အတွက် အခုထဲက ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီ ဖြစ်ကြောင်း ဖွင့်ဟ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Sky Sports သတင်းဌာနနဲ့ အင်တာဗျူးမှာ အာနေး ဆလော့တ်က အခုလိုပဲ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ဆလော့တ်က “ဖြစ်နိုင်တာ ကတော့ လွန်ခဲ့တဲ့ ၄ ပတ် လောက်ကတည်းက စတင် ပြင်ဆင်နေခဲ့တာပါ။ ဒါက ဘယ်တော့မှ ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ ဒီရာသီအတွင်းမှာတောင်မှ ခင်ဗျား အနေနဲ့ နောက်ရာသီ အတွက် ကြိုတင် ပြင်ဆင်ထားရမှာပါ။ အားကစား ဒါရိုက်တာ ဖြစ်သူက ရေရှည် အတွက် ကျွန်တော့်ထက် ပိုပြီး ပါဝင် ပတ်သက်နေပေမယ့် သူက ကျွန်တော့်ကို အမြဲတမ်း ပြင်ဆင်ဖို့ ကိစ္စတွေကို အသိပေးထားပါတယ်။ ခင်ဗျားတို့ မျှော်လင့်ထားသလိုပါပဲ။” လို့ ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ်။

လစ်ဗာပူးလ်ဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အသင်း ဖြစ်တဲ့ ယူနိုက်တက်ရဲ့ စံချိန်ကို လိုက်မှီခဲ့သလို အဓိက ဆုဖလား ရရှိမှုမှာလည်း လိုက်မှီခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်ရဲ့ ဆုဖလား ရရှိမှုကို လိုက်မှီခဲ့တဲ့ လစ်ဗာပူးလ်

အခုနှစ် ဘောလုံးရာသီမှာ လစ်ဗာပူးလ်က အဆင့် ၂ နေရာက အာဆင်နယ်ကို ၁ဝ မှတ် ဖြတ်ကာ ရာသီကုန်ဖို့ ပွဲစဉ် ၄ ပွဲ အလိုကတည်းက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တာပါ။ လစ်ဗာပူးလ်ဟာ ၂၀၂၀ ခုနှစ် နောက်ပိုင်း နည်းပြသစ် အာနေး ဆလော့တ်နဲ့ အတူ အမှတ်ပေးချန်ပီယံ ပြန်ဖြစ်ခဲ့တာ ဖြစ်သလို အသင်း အတွက်လည်း အကြိမ် ၂၀ မြောက် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။ လစ်ဗာပူးလ်ဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အသင်း ဖြစ်တဲ့ ယူနိုက်တက်ရဲ့ စံချိန်ကို လိုက်မှီခဲ့သလို အဓိက ဆုဖလား ရရှိမှုမှာလည်း လိုက်မှီခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အင်္ဂလန်ရဲ့ ဒိတ်ဒိတ်ကြဲ အသင်းကြီး ဖြစ်တဲ့ ယူနိုက်တက်တို့ နိမ့်ပါးနေချိန်မှာ လစ်ဗာပူးလ်ဟာ ယူနိုက်တက်ရဲ့ အောင်မြင်မှုကို ကျော်ဖြတ်ဖို့ ရည်မှန်းထားတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် လစ်ဗာပူးလ်က လာမယ့် ရာသီမှ ဆက်လက် အောင်ပွဲခံနိုင်ဖို့ အသင်းကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ ရှိပြီး ကစားသမား အများအပြားနဲ့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ လစ်ဗာပူးလ်က ဒီနွေရာသီ အပြောင်းအရွှေ့မှာ ငွေကြေး အများအပြား သုံးစွဲဖို့ ရှိနေပြီး အပြောင်းအရွှေ့ ပစ်မှတ်တွေနဲ့ ပတ်သက်လို့ ဆလော့တ်က အခုလိုပဲ ပြောကြားသွားခဲ့ပါသေးတယ်။ ဆလော့တ်က “ကျွန်တော်တို့ အခု ပစ်မှတ်ထားနေတဲ့ ကစားသမားတွေက ပြီးခဲ့တဲ့ တစ်ပတ်ကမှ ပေါ်လာတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ သူတို့ကို အချိန်တွေ အကြာကြီး စောင့်ကြည့်နေခဲ့တာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။

အာနေး ဆလော့တ် ကတော့ Humble ဖြစ်တဲ့ နည်းပြ တစ်ဦးလို့ ဆိုနိုင်ပြီး ပြီးခဲ့တဲ့ ရာသီက ဆိုရင် သူ့ရဲ့ အသင်းက ရာသီအစလောက်ကတည်းက အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပေမယ့် ဖေဖော်ဝါရီလကုန်ပိုင်း မန်စီးတီးကို အနိုင်ရပြီးနောက် ၁၁ မှတ် ဖြတ်နိုင်ခဲ့တဲ့ အချိန်မှသာ ချန်ပီယံဆုကို မျှော်လင့်နိုင်ပြီ ဖြစ်ကြောင်း လက်ခံခဲ့သူ ဖြစ်ပါတယ်။ ဆိုပါတယ်။ ဒါနဲ့ ပတ်သတ်လို့လည်း ဆလော့တ်က “ဒီရာသီမှာ ကျွန်တော်တို့ ချန်ပီယံဆု အတွက် စိန်ခေါ်နိုင်လိမ့်မယ်လို့ တွေးမိခဲ့တာက ရာသီအစ ယူနိုက်တက်နဲ့ ပွဲအပြီးမှာပါပဲ။ အဲ့ဒီမတိုင်ခင်မှာ ကျွန်တော်တို့ အသင်းကောင်းတွေနဲ့ ကစားခဲ့ရပါတယ်။ သူတို့ကို အဝေးကွင်းမှာ ၃-၀ နဲ့ အနိုင်ရခဲ့ချိန်မှာတော့ ထိပ်ဆုံး ၆ သင်းထဲ ဝင်လိမ့်မယ်လို မျှော်လင့်မိပါတယ်။ အဲဒီအချိန်မှာ အိုခေ ငါတို ဒီရာသီ ချန်ပီယံဆု အတွက် ယှဉ်ပြိုင်နိုင်ပြီ ဆိုတဲ့ အတွေးမျိုး ဝင်လာခဲ့ပါတယ်။ ပြီးတော့ မန်စီးတီး ကွင်း ကနေ အပြန် မှာတော့ တခြား အသင်းတွေ ကျွန်တော်တို့ အထက်မှာ ရာသီသိမ်းနိုင်ဖို့ မလွယ်လောက်တော့ဘူး ဆိုပြီး တွေးမိခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်