အခုတစ်ခါမှာတော့ စက်တင်ဘာ ၄ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ ဒီနွေရာသီမှာ ကွင်းလယ် ကစားသမား တစ်ဦး ခေါ်ယူ အားဖြည့်ချင်ခဲ့ပေမယ့် လုပ်ဆောင်နိုင်ခြင်းတော့ မရှိပါဘူး။ ဒါကြောင့် ရူဘင် အမော်ရင်က လာမယ့် နွေရာသီမှာ ကွင်းလယ် ကစားသမားသစ် တစ်ဦး ခေါ်ယူဖို့ အတွက် ပေါင် သန်း ၁၀၀ ကို အသင်းထံ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ကလပ် ဘရိုက်တန်က ကားလို့စ် ဘယ်လီဘာ့နဲ့ ခရစ္စတယ်ပဲလေ့စ်က အဒမ် ဝှာတန် တို့ကို ပစ်မှတ် စာရင်းထဲမှာ ထည့်သွင်းထားကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကလည်း ပဲလေ့စ် ကွင်းလယ်လူ အဒမ် ဝှာတန်ကို ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း Fichajes က ဖော်ပြပါတယ်။ ဒါပေမယ့်လည်း နွေရာသီ အပြောင်းအရွှေ့ ကာလ ပိတ်သိမ်းသွားခဲ့ပြီ ဖြစ်တာကြောင့် လာမယ့် ဆောင်းရာသီနဲ့ လာမယ့်နှစ် နွေရာသီမှာသာ ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။

တော့တင်ဟမ်ဟော့စပါး နည်းပြဟောင်း အန်ဂျီ ပိုစတီကိုဂလူး ကိုတော့ ဖီနာဘာချီနဲ့ လေဗာကူဆင် တို့က နည်းပြ ရာထူး အတွက် ဆွေးနွေးလျက် ရှိကြောင်း သိရပါတယ်။ တူရကီ ကလပ် ဖီနာဘာချီဟာ ပြီးခဲ့တဲ့ရက်ပိုင်း အတွင်း နည်းပြ ဟိုဆေး မော်ရင်ညိုနဲ့ လမ်းခွဲထားသလို၊ ဂျာမန် ကလပ် လေဗာကူဆင် ကလည်း နည်းပြ အဲရစ်ခ် တန်ဟက်ဂ်နဲ့ လမ်းခွဲထားပြီး အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေကြတာ ဖြစ်ပါတယ်။ ပိုစတီကိုဂလူးဟာ ပြီးခဲ့တဲ့ရာသီက စပါးကို ယူရိုပါလိဂ် ဖလား ရယူပေးနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ ရလဒ်တွေ ဆိုးရွားခဲ့တာကြောင့် ရာထူးက ထုတ်ပယ်ခံရပြီး လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေသူပါ။ ဒီနှစ်သင်းစလုံး ကတော့ ဥရောပပြိုင်ပွဲတွေ ယှဥ်ပြိုင်ဖို့ ရှိနေတာကြောင့် ပိုစတီကိုဂလူး အနေနဲ့ အသင်း တစ်သင်းသင်းကို ရွေးချယ်ဖွယ် ရှိနေကြောင်း သိရပါတယ်။
အာဆင်နယ်နဲ့ ဘာစီလိုနာ တို့ကတော့ နော့တင်ဟမ်ဖောရက်စ် ဗဟိုနောက်ခံလူ မူရီလိုကို ခေါ်ယူဖို့ အပြိုင်အဆိုင် ဦးဆောင်လျက် ရှိကြောင်း သိရပါတယ်။
ဘေယန်မြူးနစ် ကတော့ လစ်ဗာပူးလ်က ကာလရှည်ကြာ ပစ်မှတ်ထားနေတဲ့ မာ့ခ် ဂူဟီကို စိတ်ဝင်စားနေပြီး ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ် တို့ကလည်း မျက်စိကျနေပါတယ်။
တော့တင်ဟမ်ဟော့စပါး ကတော့ ဒီနွေရာသီမှာ ဆာဗင်ဟိုကို ခေါ်ယူနိုင်ခြင်း မရှိခဲ့ပေမယ့် လာမယ့် ဇန်နဝါရီမှာ မန်စီးတီးနဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ ပြင်ဆင်လျက် ရှိကြောင်း သိရပါတယ်။
ဘေယန်မြူးနစ် ကတော့ ယခင်က လစ်ဗာပူးလ်နဲ့ ချိတ်ဆက်ခဲ့ဖူးတဲ့ ဒေါ့မန် ကွင်းလယ်လူ ဂျူလီယန် ဘရန့်တ်ကို ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရပါတယ်။
တူရကီ ကလပ် ထရပ်ဇွန်စပေါ ကတော့ မန်ချက်စတာစီးတီး ဂိုးသမား စတီဖန် အော်တီဂါကို ခေါ်ယူဖို့ ချဉ်းကပ်နေနေကြောင်း သိရပါတယ်။
ဘာစီလိုနာ ကတော့ အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်နဲ့ အင်တာမီလန် နောက်ခံလူ အလက်ဆန်ဒရို ဘက်စတိုနီ တို့ကို ယူရိုသန်း ၁၈၀ (ပေါင် ၁၅၆.၄ သန်း) နဲ့ ခေါ်ယူဖို့ စီစဉ်လျက် ရှိကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.