၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ် ကတော့ အတိုင်းအတာ တစ်ခု အထိ စိတ်လှုပ်ရှားစရာကောင်းခဲ့ပြီးတော့ လစ်ဗာပူးလ်တို့ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ နည်းပြ အာနေး ဆလော့တ်နဲ့ အတူ လစ်ဗာပူးလ်တို့ ၂၀၂၀ ခုနှစ် နောက်ပိုင်း ချန်ပီယံ ပြန်ဖြစ်ခဲ့သလို ၄ နှစ်ဆက်တိုက် အမှတ်ပေးချန်ပီယံဆု ရရှိထားတဲ့ မန်စီးတီးတို့ ခြေချော်ခဲ့တာ၊ အာဆင်နယ်ရဲ့ ၃ နှစ် ဆက်တိုက် ဒုတိယလူ ဇာတ်လမ်းတွေက ဘောလုံး ပရိသတ်တွေ အတွက် စိတ်ဝင်စားဖို့ကောင်းခဲ့မှာ အမှန်ပါပဲ။ ဒါကြောင့် အခု တစ်ခါမှာတော့ ၂၀၂၄-၂၀၂၅ ဘောလုံး ရာသီ ပရီးမီးယားလိဂ်ရဲ့ အနှစ်ချုပ်ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အဆင့် ရပ်တည်မှု
ချန်ပီယံ: လစ်ဗာပူးလ် – ၂၅ ပွဲ နိုင်၊ ၉ ပွဲ သရေ၊ ၄ ပွဲ ရှုံး၊ ရမှတ် ၈၄ မှတ်
ဒုတိယ: အာဆင်နယ် – ၂၀ ပွဲ နိုင်၊ ၁၄ ပွဲ သရေ၊ ၄ ပွဲ ရှုံး၊ ရမှတ် ၇၄ မှတ်
တတိယ: မန်စီးတီး – ၂၁ ပွဲ နိုင်၊ ၈ ပွဲ သရေ၊ ၉ ပွဲ ရှုံး၊ ရမှတ် ၇၁ မှတ်
စတုတ္ထ: ချဲလ်ဆီး – ၂၀ ပွဲ နိုင်၊ ၉ ပွဲ သရေ၊ ၉ ပွဲ ရှုံး၊ ရမှတ် ၆၉ မှတ်
ပဉ္စမ: နယူးကာဆယ် ယူနိုက်တက် – ၂၀ ပွဲ နိုင်၊ ၆ ပွဲ သရေ၊ ၁၂ ပွဲ ရှုံး၊ ရမှတ် ၆၆ မှတ်
ထူးခြားမှုများ

လစ်ဗာပူးလ် တိုက်စစ်မှူး မိုဟာမက် ဆာလာ ကတော့ သွင်းဂိုး ၂၉ ဂိုးနဲ့ ရွှေဖိနပ်ဆု ရရှိခဲ့သလို ဂိုးဖန်တီးမှု ၁၈ ကြိမ်နဲ့ အများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဆာလာက Playmaker of the Seasonနဲ့ Player of the Season ဆုတွေကို ရရှိခဲ့ပါတယ်။
နယူးကာဆယ်ယူနိုက်တက် ကတော့ ခရာဘောင်ဖလား ချန်ပီယံ ဖြစ်ခဲ့ပြီး နှစ်ပေါင်း ၇၀ အတွင်း ပထမဦးဆုံး အကြိမ် အဖြစ် ဆုဖလား ကိုင်မြှောက်နိုင်ခဲ့ပါတယ်။
ခရစ္စတယ်ပဲလေ့စ် ကတော့ အသင်း သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ် အဖြစ် အက်ဖ်အေဖလား ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
တော့တင်ဟမ်ဟော့စပါး ကတော့ အမှတ်ပေးဇယား အဆင့် ၁၇ နေရာမှာ ရပ်တည်ခဲ့ပေမယ့်လည်း ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ စပါးဟာ ၂၀၀၈ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဖြစ် ဆုဖလား အောင်မြင်မှု ပြန်လည် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
တန်းဆင်းသွားတဲ့ အသင်းများ
လက်စတာစီးတီး
အစ်စ်ဝစ်ချ်
ဆောက်သမ်တန် (ပွဲပေါင်း ၃၀ အထိ ရှုံးနိမ့်ပြီး ပရီးမီးယားလိဂ် မှတ်တမ်းဆိုးကို ရိုက်ချိုးခဲ့တာ ဖြစ်ပါတယ်။)
နာမည်ကြီးများရဲ့ စွန့်ခွာမှု
ကီဗင် ဒီဘရွန်းနား – မန်ချက်စတာစီးတီးမှာ ၁၀ နှစ်ကြာ ကစားပြီးနောက် အက်တီဟတ် ကနေ ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။
ဂယ်ရီ လိုင်နီကာ – BBC ရဲ့ Match of the Day အစီအစဉ်မှာ ၂၅ နှစ်တာ အလုပ်လုပ်ခဲ့ပြီးနောက် ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။
ဂျေမီ ဗာဒီ – လက်စတာစီးတီးမှာ ၁၃ နှစ် အတွင်း ပွဲပေါင်း ၅၀၀ ကစား၊ ဂိုးပေါင်း ၂၀၀ သွင်းယူပြီးနောက် ကင်းပါဝါ ကနေ နှုတ်ဆက် ထွက်ခွာခဲ့ပြီ ဖြစ်ပါတယ်။
အကျဉ်းချုပ်
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ကတော့ လစ်ဗာပူးလ်ရဲ့ စောစောစီးစီး ချန်ပီယံ ဖြစ်မှုနဲ့ အတူ ချန်ပီယံလုပွဲက သိပ်ပြီးတော့ စိတ်ဝင်စားဖို့ မကောင်းခဲ့ပါဘူး။ ဒါ့အပြင် လက်စတာစီးတီး၊ အစ်ပ်ဆွစ်ချ်နဲ့ ဆောက်သမ်တန်တို့ ချန်ပီယံရှစ်ဆီ ခပ်စောစော ဆင်းသွားရမှု ကလည်း ရာသီကုန်ခါနီး အထိ ရင်ခုန်ရလေ့ရှိတဲ့ တန်းဆင်းဇုန် တိုက်ပွဲတွေကို အေးစက်သွားစေခဲ့ပါတယ်။ စိတ်ဝင်စားဖို့ ကောင်းခဲ့တာက ဥရောပဝင်ခွင့် အတွက် ပြိုင်ဆိုင်မှုတွေ ဖြစ်ပြီး မန်စီးတီး၊ ချဲလ်ဆီး၊ နယူးကာဆယ်၊ အက်စတွန်ဗီလာနဲ့ နော့တင်ဟမ်ဖောရက်စ်တို့ ပြိုင်ဆိုင်ခဲ့ကြရပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အဓိက ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ပွဲမှာ ချဲလ်ဆီးက ဖောရက်စ်ကို အနိုင်ယူခဲ့သလို တခြား အသင်းတွေ ဖြစ်တဲ့ အက်စတွန်ဗီလာ ကလည်း ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တာကြောင့် နယူးကာဆယ်က နောက်ဆုံးပွဲ ရှုံးခဲ့သည့် တိုင်အောင် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးမှာ ပြောစရာ ရှိတာက နည်းပြသစ် ရူဘင် အမော်ရင်နဲ့ ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည် ဖြစ်ပြီး ဖလား လက်မဲ့ ရာသီ ဖြစ်ခဲ့သလို အမှတ်ပေးဇယား အဆင့် ၁၅ နေရာနဲ့ ရာသီသိမ်းကာ အမှောင်ဖုံးတဲ့ ဘောလုံးရာသီ ဖြစ်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.