ဘာစီလိုနာ ဂန္ထဝင်ကစားသမားကြီး (လက်ရှိ အင်တာမိုင်ယာမီ ကွင်းလယ်လူ) ဆာဂျီယို ဘူးစကွက်စ် ကတော့ မကြာခင်မှာ ကစားသမားဘဝ ကနေ အနားယူတော့မှာ ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ ဘူးစကွက်စ်က လက်ရှိ မေဂျာလိဂ် ရာသီအကုန်မှာ ကစားသမား ဘဝ ကနေ အပြီးတိုင် အနားယူတော့မည်မှာ ဖြစ်ကြောင်း သူ့ရဲ့ အကောင့် ကနေ တစ်ဆင့် အသိပေးလာခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ အနားယူမှုနဲ့ ပတ်သက်ပြီး ဘူးစကွက်စ်က “ဒါက အံ့မခန်း ခရီးလမ်း တစ်ခုပါပဲ။ ကစားသမား ဘဝကို နှုတ်ဆက်ဖို အချိန်တန်ပြီလို ကျွန်တော် ခံစားမိပါတယ်။ ကျွန်တော် အမြဲတမ်း အိပ်မက်မက်ခဲ့ရတဲ့ ဒီအံ့ဩစရာကောင်းတဲ့ ဇာတ်လမ်းကို နှစ်ပေါင်း ၂၀ နီးပါး ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ရပါတယ်။ ဒါတွေက ကစားကွင်းပေါ်က ကျွန်တော့်ရဲ့ နောက်ဆုံးလတွေပါပဲ။ ကျွန်တော် ပျော်ရွှင်စွာ ပြည့်စုံ ကျေနပ်စွာနဲ့ အားလုံးထက်ပိုပြီး ကျေးဇူးတင်စွာနဲ့ အနားယူလိုက်ပါပြီ။ အားလုံးကို ကျေးဇူး အများကြီးတင်ပါတယ်။” လို့ ရေးသားခဲ့ပါတယ်။
ဆက်လက်ပြီး “ဒီလတွေက ကွင်းထဲမှာ ကျွန်တော် ရှိနေမယ့် နောက်ဆုံးလတွေ ဖြစ်ပါလိမ့်မယ်။ ကျွန်တော် အလွန်ပျော်ရွှင်စွာ၊ ဂုဏ်ယူစွာ၊ ကျေနပ်စွာနဲ့ အနားယူတာပါ။ ဒီအခိုက်အတန့်က ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝကို နှုတ်ဆက်ရမယ့် အချိန် ရောက်ရှိလာပြီလို့ ကျွန်တော် ခံစားရပါတယ်။ မယုံနိုင်စရာကောင်းတဲ့ ဇာတ်လမ်းကို ကျွန်တော် ပျော်ရွှင်စွာ ပုံဖော်ခဲ့တာ နှစ် ၂၀ နီးပါး ရှိသွားပါပြီ။ ဒါဟာ ကျွန်တော် အမြဲတမ်း အိပ်မက်ခဲ့တဲ့ အရာလည်း ဖြစ်ပါတယ်။” လို့ ဘူးစကွက်စ်က သူ့ရဲ့ Instagram အကောင့် ကနေ တစ်ဆင့် ပြောကြားခဲ့ပါတယ်။

အသက် ၃၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ စပိန် လက်ရွေးစင် ကွင်းလယ်လူဟောင်းက သူ့ရဲ့ ကစားသမားဘဝကို အင်တာမိုင်ယာမီ အတွက် ပထမဆုံး မေဂျာလိဂ် ဆုဖလားနဲ့ အတူ အဆုံးသတ်ချင်နေတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ အင်တာမိုင်ယာမီက မေဂျာလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပြီးတော့ ဇယားထိပ်က ဖီလာဒယ်ဖီးယားနဲ့ ၅ မှတ် ကွာနေပါတယ်။ ဒါပေမယ့်လည်း အင်တာမိုင်ယာမီက ပြိုင်ဘက်တွေထက် ၂ ပွဲလျော့ ကစားထားတာကြောင့် ရလဒ်ကောင်းတွေ ဆက်လက် ရှာဖွေသွားနိုင်မယ် ဆိုရင်တော့ ဘူးစကွက်စ် မျှော်လင့်ထားသလို အောင်ပွဲခံနိုင်မှာလည်း ဖြစ်ပါတယ်။ ပုံမှန်ရာသီ ပြီးဆုံးဖို့ ၅ ပွဲသာ ကျန်ရှိတော့ချိန်မှာ အင်တာမိုင်ယာမီက ပလေးအော့ဖ် အဆင့်ကို တက်ရောက်ခွင့်ရဖို့ သေချာသလောက် ရှိနေပါတယ်။
ဇာဗီနဲ့ အင်နီယေစတာ ခေတ်အလွန်မှာ ဘူးစကွက်စ်ဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ တစ်ဦး အဖြစ် သတ်မှတ်ခံခဲ့ရပြီး အောင်မြင်မှု များစွာလည်း ရရှိခဲ့ပါတယ်။ဘူးစကွက်စ်ဟာ ဘာစီလိုနာ အတွက် ပွဲပေါင်း ၇၂၂ ပွဲ ကစားပြီး လာလီဂါ ဖလား ၉ ကြိမ်နဲ့ ချန်ပီယံလိဂ် ဖလား ၃ ကြိမ် အပါအဝင် တခြားသော အဓိက ဆုဖလား များစွာ ရယူပေးနိုင်ခဲ့ပါတယ်။ ဘူးစကွက်စ်က စပိန် လက်ရွေးစင် အသင်း အတွက်လည်း ပွဲပေါင်း ၁၄၃ ပွဲ ကစားပြီး ၂၀၁၀ ကမ္ဘာ့ဖလားနဲ့ ၂၀၁၂ ယူရိုဖလား အောင်မြင်မှုတွေ ရရှိခဲ့ပါသေးတယ်။ ဒါ့အပြင် လက်ရှိ မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီနဲ့ လိဂ်ဖလား၊ Supporters’ Shield တို့ကို ဆွတ်ခူးထားပါတယ်။
အင်တာမိုင်ယာမီ ကတော့ မနက်ဖြန် မနက် အစောပိုင်းမှာ အမှတ်ပေးဇယား အောက်ပိုင်းနားက တိုရွန်တို အက်ဖ်စီနဲ့ မေဂျာလိဂ် ပွဲစဉ် ဆက်လက် ကစားရမှာ ဖြစ်ပြီး ဘူးစကွက်စ်ရဲ့ ကစားသမားဘဝ နောက်ဆုံး အချိန်တွေကို ရှုစားရဖို့လည်း ရှိနေပါတယ်။ သတင်းတွေအရ ဆိုရင်တော့ ဘူးစကွက်စ်က ကစားသမားဘဝ ကနေ အနားယူပြီးချိန်မှာ အသင်းဟောင်း ဘာစီလိုနာမှာ ရာထူး တစ်ခုခုနဲ့ ပြန်လည် လုပ်ကိုင်သွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.