နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပီအက်စ်ဂျီက ဥရောပစူပါဖလား ရဖို့ မထိုက်တန်ခဲ့ဘူးလို့ ဆိုလိုက်တဲ့ လူးဝစ္စ အန်နရီကေး

ဒီကနေ့ ပီအက်စ်ဂျီ ကတော့ ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဥရောပစူပါဖလား ဗိုလ်လုပွဲ မှာတော့ တော့တင်ဟမ်ဟော့စပါးကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ခက်ခက်ခဲခဲ အနိုင်ယူပြီး ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ ၂၀၂၅ ခုနှစ် အတွင်း ၅ လုံးမြောက် ဆုဖလားကို ရယူနိုင်ခဲ့ပေမယ့် နည်းပြ ဖြစ်သူ လူးဝစ္စ အန်နရီကေး ကတော့ သူ့အသင်း အနေနဲ့ ဥရောပစူပါဖလား ရဖို့ မထိုက်တန်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ ၈၄ မိနစ် အထိ ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်နေခဲ့ပေမယ့် နည်းပြ လူးဝစ္စ အန်နရီကေးရဲ့ မှန်ကန်တဲ့ လူစားလဲမှုတွေကြောင့် ပွဲပြီးခါနီးမှာ ရရှိခဲ့တဲ့ ချေပဂိုးတွေနဲ့ ပင်နယ်တီ အဆုံးအဖြတ် အထိ ရောက်ခဲ့ပြီး နိုင်ပွဲ အဖြစ် ဖော်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လူးဝစ္စ အန်နရီကေးက အသင်း နှစ်သင်းရဲ့ ကြံ့ခိုင်မှု အဆင့်ဟာ သိသာ ထင်ရှားနေကြောင်း ဝန်ခံခဲ့ပြီး သူ့ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ လက ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ဗိုလ်လုပွဲ တက်ရောက်ပြီး နောက်ပိုင်း လေ့ကျင့်ချိန် အနည်းငယ်သာ ရရှိခဲ့ကြောင်းလည်း ဖွင့်ဟခဲ့ပါတယ်။

အန်နရီကေးက “မိနစ် ၈၀ အထိ ကျွန်တော်တို့ အဲဒါနဲ့ မထိုက်တန်ခဲ့ပါဘူး။ တော့တင်ဟမ်ဟော့စပါးက ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဒီပွဲကို အနိုင်ရဖို့ ထိုက်တန်တယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့ဟာ ဒီပွဲ အတွက် ၆ ပတ်ကြာ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပြီး ကောင်းမွန်တဲ့ ပွဲ တစ်ပွဲ အဖြစ် ကစားခဲ့ပါတယ်။” လို့ TNT Sports ကို ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး “ကျွန်တော်တို့ ၆ ရက်လောက်သာ လေ့ကျင့်ခဲ့ရပေမယ့် တစ်ခါတလေမှာ ဘောလုံးက တရားမျှတမှု မရှိပါဘူး။ နောက်ဆုံး ၁၀ မိနစ်မှာ ကျွန်တော်တို့ နှစ်ဂိုး သွင်းယူနိုင်ခဲ့လို့ အရမ်း ကံကောင်းတယ်လို့ ပြောလို့ ရပါတယ်။” လို့လည်း အန်နရီကေးက ပြောကြားခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း ပြင်သစ်သားက ပင်နယ်တီ အဆုံးအဖြတ် မှာတော့ ဗန်ဒီဗန်ရဲ့ ကန်ချက်ကို ကာကွယ်နိုင်ခဲ့ပြီး ပီအက်စ်ဂျီရဲ့ ဥရောပစူပါဖလား အောင်ပွဲ အတွက် အရေးပါခဲ့ပါတယ်။
ပီအက်စ်ဂျီကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့ပေမယ့် ပိုကောင်းတဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့တဲ့ တော့တင်ဟမ်ဟော့စပါး

ဒီပွဲမှာ နည်းပြ အန်နရီကေးရဲ့ ဆုံးဖြတ်ချက်တွေ မှန်ကန်ခဲ့တယ်လို့ ဆိုနိုင်ပြီး ပွဲပြီးခါနီးမှာ လူစားဝင် ကစားသမား နှစ်ဦး ဖြစ်တဲ့ လီကန်အင်နဲ့ ဂွန်ဆာလို ရာမို့စ် တို့ရဲ့ ချေပဂိုးတွေက ပီအက်စ်ဂျီကို ကယ်တင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာ မှာတော့ ပီအက်စ်ဂျီ ဘက်က ဗစ်တင်ညာ လွဲချော်ခဲ့ပေမယ့် စပါး ဘက်က ဗန်ဒီဗန်နဲ့ တဲလ်တို့ လွဲချော်ခဲ့တာကြောင့် ၄-၃ ရလဒ်နဲ့ ပီအက်စ်ဂျီတို့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရတဲ့ ဂျီယန်လူဝီဂျီ ဒွန်နာရမ်းမား ပါဝင်လာခဲ့ခြင်း မရှိပဲ အသစ် ခေါ်ယူခဲ့တဲ့ လူးကပ် ချီဗာလီယာက ပီအက်စ်ဂျီ ဂိုးပေါက်ကို တာဝန်ယူခဲ့ရတာ ဖြစ်ပါတယ်။ ချီဗာလီယာဟာ ပွဲချိန် ပွဲချိန် ၃၉ မိနစ်မှာ တော့တင်ဟမ်ဟော့စပါးရဲ့ ဦးဆောင်ဂိုးကို အလွယ်တကူ ခွင့်ပြုပေးခဲ့ရသလို ခရစ္စတီယန် ရိုမီယိုရဲ့ ခေါင်းတိုက်ဂိုး ကလည်း သူ့ရဲ့ ကာကွယ်ပုံ ပေါ့ဆမှုကြောင့် ပေးခဲ့ရတာပါ။ ဒါပေမယ့်လည်း ပြင်သစ်သားက ပင်နယ်တီ အဆုံးအဖြတ် မှာတော့ ဗန်ဒီဗန်ရဲ့ ကန်ချက်ကို ကာကွယ်နိုင်ခဲ့ပြီး ပီအက်စ်ဂျီရဲ့ ဥရောပစူပါဖလား အောင်ပွဲ အတွက် အရေးပါခဲ့ပါတယ်။

ဂိုးသမားသစ်နဲ့ ပတ်သတ်ပြီးတော့လည်း လူးဝစ္စ အန်နရီကေးက ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဖိအားတွေ အများကြီး ရှိနေတာကြောင့် ပီအက်စ်ဂျီလို ကလပ်မှာ ဆက်နေချင်တယ် ဆိုရင် ကြီးမားတဲ့ ကိုယ်ရည်ကိုယ်သွေး ရှိဖို့က အရမ်းပဲ အရေးကြီးပါတယ်။ ဒါပေမယ့် သူ့အတွက် အရမ်းပဲ ပျော်ပါတယ်။” လို့ ဆိုပါတယ်။

အဲဒီနောက် ပီအက်စ်ဂျီ ကွင်းလယ်လူ ဗစ်တင်ညာ ကလည်း “တစ်စုံတစ်ယောက် ကျရှုံးမလို ဖြစ်နေတဲ့အခါ လုပ်ဖော်ကိုင်ဖက်တွေကို ပြန်ထနိုင်အောင် ကူညီပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ အနိုင်ရနေသေးတာပါ။ အဲဒါက တကယ့်ကို မယုံနိုင်စရာပါပဲ။ ဒီတော့ နောက်ရက်တွေမှာ တစ်ယောက်ယောက် လဲကျနေရင် တစ်ယောက်ယောက်က တွဲထူပေးရပါမယ်။” လို့ ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်