နာမည်ကျော် ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇနက်ဒင် ဇီဒန်း ကတော့ ပြင်သစ် လက်ရွေးစင် အသင်းကို ကိုင်တွယ်ခွင့်ရဖို့က သူ့ရဲ့ အိပ်မက် ဖြစ်ကြောင်း ဖွင့်ဟ ပြေဆိုလာခဲ့ပါတယ်။ လာလီဂါ ကလပ်နဲ့ အတူ မြင့်မားတဲ့ ဆုဖလား အောင်မြင်မှုတွေ ရရှိပြီး ကတည်းက နည်းပြ အဖြစ် ကနေ အနားယူနေခဲ့တဲ့ ဇီဒန်းက ပြင်သစ် နည်းပြ ရာထူး အတွက် အမြဲတမ်း သတင်းတွေ ထွက်ခဲ့သူပါ။
ဒါကို ဇီဒန်းက အခုလို ပွင့်ပွင့်လင်းလင်း ဖွင့်ဟလာခဲ့တာ ဖြစ်ပြီး သူ့ အနေနဲ့ ပြင်သစ် အသင်းရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ဖို့ ထိုက်တန်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ဇီဒန်းက “ကျွန်တော်ဟာ ကစားသမား တစ်ယောက် အနေနဲ့ ပြင်သစ် လက်ရွေးစင် အသင်း အတွက် ၁၃ နှစ်၊ ၁၄ နှစ်လောက် ကစားပေးခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော့် အနေနဲ့ လက်ရွေးစင် အသင်းရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ဖို့ ထိုက်တန်တယ်လို့ ထင်ပါတယ်။ ပြင်သစ် နည်းပြ ဖြစ်လာဖို့က ကျွန်တော့်ရဲ့ အိပ်မက်ပါ။ အဲဒီအခွင့်အရေးကို ရဖို ဆန္ဒပြင်းပြစွာနဲ့ ကျွန်တော် စောင့်မျှော်နေပါတယ်။ အခုအချိန်မှာ ဒါကို ပြောဖို့ အချိန်ကောင်း မဟုတ်သေးပါဘူး။ ဒါပေမယ့် အခွင့်အရေး ရလာခဲ့ရင် ကျွန်တော် ပျော်ရွှင်စွာနဲ့ လက်ခံသွားမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ အသက် ၅၂ နှစ် အရွယ် ရှိနေတဲ့ ပြင်သစ် ဂန္ထဝင် ကစားသမားကြီးက ၂၀၂၁ ခုနှစ်မှာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲပြီးနောက် နည်းပြ ဘ၀ ကနေ အနားယူနေသူ ဖြစ်ပါတယ်။ သူ့ကို နည်းပြ အဖြစ် ခန့်အပ်ဖို့ ဥရောပ ထိပ်တန်း ကလပ် များစွာက အကြိမ်ကြိမ် ချဉ်းကပ်ခဲ့ကြပေမယ့်လည်း ဇီဒန်း ကတော့ ငြင်းဆန် ပယ်ချခဲ့ပြီး ပြင်သစ် လက်ရွေးစင် အသင်းကို ကိုင်တွယ်ဖို့သာ စောင့်မျှော်နေခဲ့တာ ဖြစ်ပါတယ်။ ဇီဒန်း အနေနဲ့ လက်ရှိမှာ ပြင်သစ် လက်ရွေးစင် အသင်းကို ကိုင်တွယ်ဖို့ ဆန္ဒပြင်းပြနေပြီး ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ အပြီးမှာ အသင်း နည်းပြ ရာထူး ကနေ အနားယူဖို့ အတည်ပြုထားတဲ့ ဒီဒီယာ ဒက်စ်ရွှမ့်စ်ရဲ့ နေရာကို ဆက်ခံမယ့်သူ အဖြစ်လည်း ရှုမြင်ခြင်း ခံနေရပါတယ်။
ဇီဒန်းဟာ ကစားသမား ဘဝမှာ ကိန်း၊ ဘော့ဒိုး၊ ဂျူဗင်တပ်စ်နဲ့ ရီးရဲလ်မက်ဒရစ် တို့မှာသာ ကစားခဲ့သူ ဖြစ်ပါတယ်။ ဇီဒန်းဟာ ဘော့ဒိုး၊ ဂျူဗင်တပ်စ်နဲ့ ရီးရဲလ်မက်ဒရစ်မှာ ဆုဖလား အောင်မြင်မှု များစွာ ရရှိခဲ့ပြီး လာလီဂါ ကလပ် မှာတော့ ကစားသမား ဘဝရော၊ နည်းပြ ဘဝ မှာပါ အောင်မြင်မှုတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဇီဒန်းက နည်းပြ ဘဝ မှာတော့ ရီးရဲလ်မက်ဒရစ် တစ်သင်းတည်းကို ကိုင်တွယ်ထားပြီး လာလီဂါ ဖလား ၂ ကြိမ်နဲ့ ချန်ပီယံလိဂ် ၃ ကြိမ် အပါအဝင် တခြားသော ဆုဖလား အောင်မြင်မှုတွေလည်း ရရှိထားပါတယ်။ ဒီလို အောင်မြင်မှုတွေ ရယူထားနိုင်တဲ့ ဇီဒန်း အနေနဲ့ ပြင်သစ် လက်ရွေးစင် အသင်း ကိုလည်း အောင်မြင်အောင် စွမ်းဆောင်ပေးနိုင်မယ်လို့ ယုံကြည်နေကြပြီး ပြင်သစ်သားကြီး အနေနဲ့ အားလုံး မျှော်လင့်ထားသလို ကမ္ဘာ့ဖလား အပြီးမှာ ပြင်သစ် နည်းပြသစ် ဖြစ်လာမလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.