၂၀၂၅ ခုနှစ်ရဲ့ တန်ဖိုးအကြီးဆုံး ဆယ်ကျော်သက် ကစားသမား စာရင်းကို CIES က ထုတ်ပြန်ခဲ့ရာ မှာတော့ ဘာစီလိုနာရဲ့ တိုက်စစ် ကြယ်ပွင့် လာမင်း ယမားလ်က တန်ဖိုးအကြီးဆုံး အဖြစ် ရပ်တည်ခဲ့ပါတယ်။ ထိပ်ဆုံး ၁၀ ဦး စာရင်း မှာတော့ လာလီဂါ ကလပ် ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်က ၂ ဦးစီးနဲ့ အာဆင်နယ် ကလည်း ကစားသမား ၂ ဦး ပါဝင်ခဲ့ကြောင်း သိရပါတယ်။
CIES က အသက် ၁၈ နှစ် အရွယ် စပိန် လက်ရွေးစင် ကြယ်ပွင့် လာမင်း ယာမယ်ရဲ့ တန်ဖိုးကို ပေါင် ၃၀၈ သန်း သတ်မှတ်ခဲ့ပြီး ဒီကစားသမား ကတော့ ပြီးခဲ့တဲ့ နှစ်ရာသီဆက် Kopa Trophy ဆုကို ရရှိထားသူ ဖြစ်ပါတယ်။ ဒုတိယ တန်ဖိုး အကြီးဆုံး ဆယ်ကျော်သက် ကစားသမား ကတော့ ချဲလ်ဆီးက ဘရာဇီးလ် တိုက်စစ် ကစားသမားလေး အက်စ်တီဗာအို ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အက်စ်တီဗာအိုရဲ့ တန်ဖိုးက ပေါင် ၁၀၄ သန်းသာ ရှိတာကြောင့် ယာမယ်က ဒုတိယနေရာက ကစားသမားထက် တန်ဖိုး သုံးဆနီးပါး ပိုကြီးနေတာလည်း ဖြစ်ပါတယ်။

ယာမယ် ကတော့ ပြီးခဲ့တဲ့ ရာသီက လာလီဂါ ကလပ် ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံ ၅၅ ပွဲ ကစားကာ ၁၈ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၂၁ ကြိမ် ပြုလုပ်ကာ ပြည်တွင်း ဆုဖလား အားလုံး သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အက်စ်တီဗာအို ကတော့ ဘရာဇီးလ် ကလပ် ပါးလ်မီးရက်စ်မှာ ခြေစွမ်းပြကာ အောင်မြင်မှုတွေ ရရှိခဲ့ပြီးနောက် ချဲလ်ဆီးရဲ့ ခေါ်ယူခြင်းကို ခံယူခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ဘရာဇီးလ်သားက ချဲလ်ဆီး မှာလည်း ဆက်လက် ခြေစွမ်းပြနိုင်ခဲ့ပြီးတော့ နည်းပြ အန်ဇို မာရက်စ်ကာရဲ့ အားထားရတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်နေပါတယ်။
ဒီကစားသမား နှစ်ဦးရဲ့ နောက်မှာတော့ ပါအူ ကူဘာဆီ (ဘာစီလိုနာ) က ပေါင် (၉၉ သန်း)၊ ဖရန်ကို မက်စတန်တူအိုနို (ရီးရဲလ်မက်ဒရစ်) က (ပေါင် သန်း ၉၀)၊ ဇိုင်း အမ်မရီ (ပီအက်စ်ဂျီ) က (ပေါင် ၈၁ သန်း)၊ အီသန် နွမ်နရီ (အာဆင်နယ်) က (ပေါင် ၇၈ သန်း)၊ မိုင်းလ် လီဝစ် စကယ်လီ (အာဆင်နယ်) က (ပေါင် ၇၅ သန်း)၊ ဂျီယို ဗန်နီ ကွင်ဒါ (စပိုတင်းလစ္စဘွန်း) က (ပေါင် ၇၁ သန်း)၊ အန်းဒရစ်ခ် (ရီးရဲလ်မက်ဒရစ်) က (ပေါင် ၆၄ သန်း)၊ လူးကပ်စ် ဘက်ဂျ်ဗဲလ် (တော့တင်ဟမ်ဟော့စပါး) က (ပေါင် သန်း ၆၀)နဲ့ အစဉ်လိုက် ရပ်တည်နေပါတယ်။ စပိုတင်းလစ္စဘွန်းက ပေါ်တူဂီ ညာတောင်ပံကစားသမား ကွင်ဒါ ကတော့ ၂၀၂၆ ခုနှစ် နွေရာသီမှာ ချဲလ်ဆီးကို ပြောင်းရွှေ့ဖို သဘောတူညီမှု ရရှိထားသူ ဖြစ်ကြောင်းလည်း သိရပါတယ်။
ထိပ်ဆုံး ၁၀ ဦး စာရင်းမှာ ပရီးမီးယားလိဂ်နဲ့ လာလီဂါ က ကစားသမား ၄ ဦးနဲ့ အများဆုံး ပါဝင်ခဲ့ပြီး လီဂူးဝမ်းက ၁ ဦးနဲ့ လီဂါ ပေါ်တူဂီက ၁ ဦး ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


