နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရီးရဲလ်ဆိုစီဒက်နဲ့ ပွဲမှာ ဘာစီလိုနာ အတွက် ပြန်ကစားပေးနိုင်တော့မယ့် ယာမယ် | လာလီဂါ

ဘာစီလိုနာရဲ့ အဓိက တောင်ပံ ကစားသမား လာမင်း ယာမယ် ကတော့ ပေါင်ခြံ ဒဏ်ရာကြောင့် ရက်သတ္တပတ်တချို့ အနားယူခဲ့ရပြီးနောက် လက်ရှိမှာတော့ ဘောလုံး ပြန်လည် ကစားနိုင်ဖို့ ရှိနေကြောင်း သိရပါတယ်။ ဘာစီလိုနာ ကြယ်ပွင့်လေး ယာမယ် အနေနဲ့ အခုတစ်ပတ် ယှဉ်ပြိုင် ကစားမယ့် ရီးရဲလ်ဆိုစီဒက်နဲ့ လာလီဂါ ပွဲစဉ်မှာ ပြန်လည် ကစားပေးနိုင်မှာလည်း ဖြစ်ပါတယ်။ 

ယာမယ်ဟာ ပေါင်ခြံ ဒဏ်ရာ ရရှိနေချိန် နိုင်ငံတကာ ရက်သတ္တပတ်မှာ လူးဝစ္စ ဒီလာ ဖျူအန်တေးရဲ့ စပိန် လက်ရွေးစင် အသင်း အတွက် ကစားပေးခဲ့ပါတယ်။ ဒါကြောင့် ယာမယ်ရဲ့ ဒဏ်ရာက သိသိသာသာ ဆိုးရွားသွားခဲ့ပြီး ဘာစီလိုနာ အတွက် နောက်ဆုံး ၄ ပွဲ ဆက်တိုက် ပါဝင်ကစားပေးနိုင်ခြင်း မရှိခဲ့ပါဘူး။

ဒီလိုမျိုး ဒဏ်ရာရှိနေသည့် တိုင်အောင် နိုင်ငံ့ လက်ရွေးစင် အသင်း အတွက် ပွဲထွက် ကစားစေခဲ့တဲ့ လူးဝစ္စ ဒီလာ ဖျူအန်တေးကို ဘာစီလိုနာ နည်းပြ ဟန်ဆီ ဖလစ်ခ်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ ဖလစ်ခ်က “လာမင်းက (ယာမယ်) နိုင်ငံ အသင်းဆီကို နာကျင်မှုနဲ့ အတူ သွားခဲ့ရတာပါ။ သူက အကိုက်အခဲပျောက်ဆေးတွေ သောက်ပြီး နာကျင်နေတဲ့ ကြားကပဲ ကစားပေးခဲ့ရတယ်။ သူ့မှာ ဒဏ်ရာ ပြဿနာ ရှိနေရက်နဲ့ ၇၉ မိနစ်နဲ့ ၇၃ မိနစ် အထိ ကစားခဲ့ရတယ်။ ဒါက ကစားသမားတွေကို ဂရုစိုက်တာ မဟုတ်ဘူး။ စပိန် နိုင်ငံ အသင်းမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ ရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော် တို့က ပရော်ဖက်ရှင်နယ်တွေကို ဂရုစိုက်သင့်တယ်လေ။ အထူးသဖြင့် လူငယ်တွေကိုပေါ့။” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ယာမယ်ဟာ စက်တင်ဘာလ နိုင်ငံတကာ ရက်သတ္တပတ် မတိုင်ခင် ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ် ၃ ပွဲမှာ ၂ ဂိုးသွင်းကာ ၂ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။
ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမားဆုကို ၂ နှစ်ဆက် ရှိထားတဲ့ ယာမယ်

ဒါပေမယ့်လည်း စပိန် လက်ရွေးစင် နည်းပြ ကတော့ ဟန်ဆီ ဖလစ်ခ်ရဲ့ အမြင်ကို စိတ်မဝင်စားကြောင်း တုံပြန်ခဲ့ပါတယ်။ အဲဒီနောက် လာလီဂါ ကလပ်က ယာမယ်ရဲ့ ဒဏ်ရာ ပြဿနာနဲ့ ပတ်သက်ပြီး စပိန် ဘောလုံးအဖွဲချုပ်နဲ့ ဆွေးနွေးမှုတွေတောင် ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ 

ယာမယ်က ဘူလ်ဂေးရီးယားနဲ့ ပွဲမှာ ၇၉ မိနစ်၊ တူရကီနဲ့ ပွဲမှာ ၇၃ မိနစ် ဝင်ရောက် ကစားခဲ့ပြီး ခြေစွမ်းလည်းပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မိနစ် အများအပြား ပါဝင်ကစားခဲ့ပြီးနောက် မှာတော့ ယာမယ်က စက်တင်ဘာ လကုန်ပိုင်းလောက် အထိ အနားယူရဖို့ ရှိသွားခဲ့တာ ဖြစ်ပါတယ်။ ယာမယ်ဟာ စက်တင်ဘာလ နိုင်ငံတကာ ရက်သတ္တပတ် မတိုင်ခင် ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ် ၃ ပွဲမှာ ၂ ဂိုးသွင်းကာ ၂ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ ယာမယ်က သူ့ရဲ့ အင်စတာဂရမ် ကနေ တဆင့် “ဟေး ငါပြန်လာပြီ။” လို့ ရေးသားကာ သူ့ရဲ့ ပရိသတ်တွေကို အသိပေးခဲ့တာ ဖြစ်ပါတယ်။ ယာမယ်ဟာ ပြီးခဲ့တဲ့ ရက်က ကျင်းပခဲ့တဲ့ ဘယ်လွန်ဒေါ ဆုပေးပွဲကို တက်ရောက်ခဲ့ပြီး အကောင်းဆုံး လူငယ် ကစားသမားဆု (Kopa Trophy) ကို တက်ရောက် ရယူခဲ့ပါတယ်။ ယာမယ်က ဒီဆုကို နှစ်နှစ်ဆက်တိုက် ရရှိခဲ့တာ ဖြစ်ပြီးတော့ ဘယ်လွန်ဒေါ Ranking မှာလည်း ဒမ်ဘီလီရဲ့ နောက် အဆင့် ၂ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုလို Ranking ဒုတိယနဲ့ Kopa Trophy ပဲ ရရှိခဲ့တဲ့ အပေါ်မှာတော့ ယာမယ်ရဲ့ ဖခင် ဖြစ်သူက ကျေနပ်ခြင်းတော့ မရှိခဲ့ပါဘူး။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်